ဘိုရင်း ၇၃၇-၉ မက်စ် ပြန်လည်ပြေးဆွဲနိုင်ရေး စုံစမ်းစစ်ဆေးမှုများကို အမေရိကန်စည်းကမ်းထိန်းသိမ်းရေးအရာရှိများ အတည်ပြု

 

နယူးယောက် ဇန်နဝါရီ  ၂၅


ဘိုရင်း ၇၃၇-၉ မက်စ်လေယာဉ်  ပြန်လည်ဝန်ဆောင် မှုပေးနိုင်ရန်အတွက်  ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း စဉ်များနှင့်စစ်ဆေးရေးလုပ်ငန်းစဉ်များကို အမေရိကန် လေကြောင်းအာဏာပိုင်အဖွဲ့က အတည်ပြုခဲ့သည်။ 


ဇန်နဝါရီ ၅ ရက် က အော်ရီဂွန်သို့ ပျံသန်းသည့် အလက်စကာလေကြောင်းလိုင်းပိုင်       လေယာဉ် ပြတင်းပေါက်ကျိုးပျက်မှုဖြစ်ပွားပြီးနောက် ဘိုရင်း ၇၃၇ - ၉ မက်စ်  ပြေးဆွဲပျံသန်းမှုကို ရပ်နားခဲ့သည်။ ကမ္ဘာတစ်ဝန်း    လေယာဉ်စုစုပေါင်း ၁၇၁ စင်းမှာ ပြေးဆွဲမှုရပ်နားခဲ့သည်။ 


အမေရိကန်   ဗဟိုလေကြောင်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့သည် စစ်ဆေးမှုနှင့်ပြုပြင်ထိန်းသိမ်း မှုလုပ်ငန်းစဉ်များကို ဇန်နဝါရီ ၂၄ ရက်က ကြေညာခဲ့ သည်။ အောင်မြင်စွာပြီးစီးပါက လေယာဉ်ပြေးဆွဲ ပျံသန်းမှု ပြန်လည်ပြုလုပ်နိုင်မည်ဟု အဆိုပါအဖွဲ့က ပြောသည်။ 


သီတင်းပတ်ပေါင်းများစွာ    သတင်းအချက် အလက်များ  စုဆောင်းပြီးသည့်နောက်  အမေရိကန်  ဗဟိုလေကြောင်းအာဏာပိုင်အဖွဲ့အနေဖြင့် စစ်ဆေး မှုများနှင့် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်ရန် ယုံကြည်မှုရှိစေသည်ဟု အမေရိကန် ဗဟိုလေကြောင်းအာဏာပိုင်အဖွဲ့မှ အုပ်ချုပ်ရေးမှူး မိုက်ခ်ဝှီတိတ်ကာ က ပြောသည်။ 


ဘိုရင်းအနေဖြင့်  ယခုအခြေအနေတွင် ၇၃၇-၉  မက်စ်လေယာဉ်များ   တိုးချဲ့ထုတ်လုပ်ခွင့်ရမည် မဟုတ်ဟုလည်း      အမေရိကန်ဗဟိုလေကြောင်း အာဏာပိုင်အဖွဲ့က ပြောသည်။    

အင်န်အိတ်ချ်ကေ