ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စတုတ္ထအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

 

နေပြည်တော်    ဒီဇင်ဘာ   ၂၈
နိုင်ငံ၏အဓိကစားနပ်ရိက္ခာဖြစ်သည့်  ဆန်စပါးဖူလုံ ရေး၊     ဒေသတွင်း    သီးနှံထုတ်လုပ်မှု  မြင့်မားရေး နှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်  စီးပွားဖွံ့ဖြိုးမှု တိုးတက်လာရေးအတွက်      လယ်ယာမြေများကို တည်ဆဲဥပဒေ၊  နည်းဥပဒေများနှင့်အညီ  စီမံဆောင် ရွက်လျက်ရှိသည့်    ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ၏     လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို     ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံး  အစည်းအဝေး ခန်းမတွင်  ကျန်းမာရေးဆိုင်ရာ  ညွှန်ကြားချက်များ နှင့်အညီ ကျင်းပသည်။ 
အခမ်းအနားသို့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊        ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊    နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် အဖွဲ့ဝင်များ  တက်ရောက် ဆွေးနွေးခဲ့ကြသည်။ 
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  လက်ထက် တွင်    စတုတ္ထအကြိမ်မြောက်    ကျင်းပသည့်   ဗဟို လယ်ယာမြေ   စီမံခန့်ခွဲမှုအဖွဲ့၏    လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်၊ လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့်    ဥပဒေအရ    လယ်ယာမြေ နည်းဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးနိုင်ရန် ကိစ္စ၊ နိုင်ငံတော်၏  စီမံကိန်းလုပ်ငန်းများ  ဆောင်ရွက် ရန်     သိမ်းယူခဲ့သည့်    လယ်ယာမြေများအတွက် သက်ဆိုင်ရာ  ဘဏ္ဍာနှစ်အလိုက်  လျော်ကြေး၊ နစ်နာ ကြေးပေးချေရမည့်ကိစ္စ၊  သာသနာရေး၊ ဒေသဖွံ့ဖြိုး ရေးနှင့်    လယ်ယာကဏ္ဍ     ဖွံ့ဖြိုးရေးတို့အတွက် လယ်ယာမြေ  အခြားနည်းအသုံးပြုခွင့်  တင်ပြလာ သည့် ကိစ္စရပ်၊ လယ်မြေကို သီးနှံပြောင်းလဲစိုက်ပျိုးခွင့် ပြုပါရန် တင်ပြလာသောကိစ္စ၊   မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်ရမြေကို     လယ်ယာမြေအဖြစ် ပြောင်းလဲခွင့် လျှောက်ထားလာသော  ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ များမှ စိစစ်တင်ပြလာသော ကိစ္စရပ်များကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။    သတင်းစဉ်