
ဘီးလင်း ဇူလိုင် ၁၃
ဘီးလင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ခြင်းဆိုင်ရာ အရေးပေါ် တုံ့ပြန်မှု များ အသိပညာပေး ဟောပြော ခြင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်း များကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် များသို့ သွားရောက်ဆောင်ရွက် ကြကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုများ ဆိုင်ရာ Simulation exercise အဖြစ် ဘီးလင်းမြို့နယ်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနသည် အရေးပေါ်တုံ့ပြန်ရေး အဖွဲ့များ ဖွဲ့စည်း၍ တိရစ္ဆာန် မွေးမြူထား သော ခြံပိုင်ရှင်များကို တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ခြင်းဆိုင်ရာများ အသိပညာပေး ဟောပြောခြင်းနှင့် ကျွဲ၊ နွား လည်ချောင်းကွဲရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းနှင့် ဝန်ထမ်း များက လိုက်လံဆောင်ရွက်ပေး ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)