
ဘီးလင်း အောက်တိုဘာ ၁၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ပန်းခင်းစီမံချက်အရ ကိုင်ဆောင် လက်မှတ်မရှိသေးသော ပြည်သူ များအား ဥပဒေအရ ကိုင်ဆောင် သင့်သော လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက ဘီးလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကော့ကဒွတ်ကျေးရွာ အခြေခံ ပညာ အထက်တန်းကျောင်း၌ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။
ကော့ကဒွတ်ကျေးရွာ၌ နိုင်ငံ သားစိစစ်ရေးကတ်ပြား လာရောက် ဆောင်ရွက်သူ အမျိုးသား ၈၄ ဦး၊ အမျိုးသမီး ၁၄၅ ဦး စုစုပေါင်း ၂၂၉ ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင် ရွက်ပေးခဲ့ပြီး လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဘီးလင်းမြို့နယ်အတွင်း မေ ၃ ရက်မှ ယနေ့အထိ လူဦးရေ ပေါင်း ၃၅၆၈ ဦးအား ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ပန်းခင်းစီမံ ချက်နှင့် ပတ်သက်၍ ပြည်သူများ အား ကျယ်ကျယ်ပြန့် သိရှိနိုင်စေ ရန် အသိပညာပေး ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ မြေစိုက်ပိုစတာများစိုက်ထူခြင်း စသည့် ပညာပေးအစီစဉ်များကို စဉ်ဆက်မပျက် ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အေးအေးမျိုးစံ
(ပြန်/ဆက်)