
နေပြည်တော် ဒီဇင်ဘာ ၂၂
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ယွန်းဒလင်းကုန်းကျေးရွာ၌ ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် PDF အမည်ခံအကြမ်းဖက် သမားများက လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့ သဖြင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ယွန်းဒလင်း ကုန်းကျေးရွာ ဘောလုံးကွင်း၌ ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်တွင် PDF အမည်ခံအကြမ်းဖက် သမား နှစ်ဦးသည် ကော့ကဒွတ်ရွာဘက်မှ ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး ဘောလုံးကွင်းတောင်ဘက် မီတာ ၅၀ ခန့်အကွာမှ လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့ သဖြင့် အပြစ်မဲ့ပြည်သူ တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား တောင်စွန်း လူမှုကူညီကယ်ဆယ်ရေး အသင်းယာဉ်ဖြင့် ဘီးလင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက် ရှိကြောင်းနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာ ရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်