
ဘဂ္ဂဒက် ဒီဇင်ဘာ ၈
အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မြို့လယ် အစိမ်းရောင် ဇုန်ရှိ အမေရိကန်သံရုံးအနီးတွင် ဒီဇင်ဘာ ၈ ရက် က ဒုံးကျည် ၁၂ စင်း ကျရောက်ခဲ့သည်ဟု အီရတ် ပြည်ထဲရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်အရ သိရသည်။
အရုဏ်မတက်မီ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး အီရတ်အစိုးရရုံးနေအိမ်များနှင့် သံတမန်ရုံးများ ရှိရာ အစိမ်းရောင်ဇုန်တွင် ဒုံးကျည်များကျရောက်ခဲ့ ခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်တစ်ခုက ဆင်ဟွာသို့ ပြောသည်။ သံရုံးဧရိယာအတွင်း အချက်ပေးသံများ မြည်လာပြီး အသေအပျောက် သတင်း မသိရသေးကြောင်း အဆိုပါသတင်းရင်းမြစ် က ပြောသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမားစ်တို့ကြား ပဋိပက္ခဖြစ်ပွားနေစဉ် လက်တုံ့ ပြန်သည့်အနေဖြင့် ရှီးယိုက်လက်နက်ကိုင်များသည် ဆီးရီးယားနှင့်အီရတ်ရှိ အမေရိကန်စစ်အခြေစိုက် စခန်းများကို တိုက်ခိုက်မှုများပြုလုပ်နေကြသည်။
အကာအကွယ်များ အခိုင်အမာ ပြုလုပ်ထား သော အစိမ်းရောင်ဇုန်တွင် ဒုံးကျည်ဖြင့်တိုက်ခိုက် မှုများ၊ မော်တာသေနတ်ဖြင့် တိုက်ခိုက်မှုများမကြာ ခဏ ကြုံတွေ့ရလေ့ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁၀ စတုရန်းကီလိုမီတာကျယ်ဝန်းသော အဆိုပါဇုန် သည် အီရတ်မြို့တော်ကို ပိုင်းခြားထားသည့် တိုက်ဂရစ်မြစ် အနောက်ဘက်ကမ်း၌ တည်ရှိ သည်။
ဆင်ဟွာ