ဘွဲ့ထူး၊ ဂုဏ်ထူးများချီးမြှင့်အပ်နှင်းတာဟာ ကာယကံရှင်နဲ့ မိသားစုတွေအတွက် ဂုဏ်ယူစရာဖြစ်တာကြောင့် နိုင်ငံ့ဝန်ထမ်းများအနေနဲ့ အတုယူပြီး နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းကနေ ကြိုးစားပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်

 

တွေ့ဆုံမေးမြန်း - ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး  
 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ  ၁၇  ရက်တွင်  အမိန့်ကြော်ငြာစာအမှတ်   ၂၁၁/၂၀၂၂  ဖြင့် နယ်ပယ်အသီးသီးတွင်   စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော  ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်ခဲ့သည်။
အဆိုပါဘွဲ့၊ တံဆိပ်များ ချီးမြှင့်ခံရသည့်  ပုဂ္ဂိုလ်အချို့၏  ဝမ်းမြောက်စကားသံများကို မြန်မာ့သတင်းစဉ်က စုစည်းဖော်ပြလိုက်ပါသည်။
ဦးမြသိန်းဟန် (သိပ္ပကျော်စွာဘွဲ့)
ပါမောက္ခဒေါက်တာမြသိန်းဟန် 
ဗိုလ်မှူးချုပ်(ငြိမ်း) 
တပ်မတော်ကိုဝင်တဲ့ ရည်ရွယ်ချက် က နိုင်ငံတော်နဲ့  တပ်မတော်အတွက် တစ်သက်တာမှာ  တပ်မတော်က  အလို ရှိသမျှကာလပတ်လုံး  စွမ်းဆောင်မယ် ဆိုတဲ့ ခံယူချက်နဲ့ ဝင်ရောက်ခဲ့တာ ဖြစ်ပါ တယ်။ တပ်ထဲဝင်ပြီး မကြာခင်ဘဲ FRCS ဝင်ခွင့်စာမေးပွဲ   ဖြေဆိုခွင့်ရခဲ့ပြီးတော့ စင်ကာပူမှာစစ်တဲ့   စာမေးပွဲကိုလည်း တစ်ခါတည်း     အောင်မြင်ခဲ့တယ်။ ပြီးတော့    အင်္ဂလန်မှာစစ်တဲ့   FRCS စာမေးပွဲကိုလည်း အောင်ခဲ့တယ်။ နှစ်နှစ် အကြာမှာ ပထမတန်း ခွဲစိတ်ပါရဂူအနေ နဲ့ တာဝန်ထမ်းဆောင်ရတယ်။ လားရှိုး မှာ  ဖွင့်လှစ်တဲ့   အမှတ်(၁)  စစ်မြေပြင် စစ်ဆေးရုံမှာ      တာဝန်ထမ်းဆောင် ရတယ်။   တိုင်းပြည်နဲ့  လူမျိုးအတွက် တာဝန်ထမ်းဆောင်နေတဲ့   တပ်မတော် သားတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြုစုကုသမယ်ဆိုတဲ့ စေတနာအရင်းခံနဲ့ ထမ်းဆောင်တဲ့အခါ လူကြီးများကလည်း အသိအမှတ်ပြုပါတယ်။ ဆေးပညာတွေ ဆက်လက်  လေ့လာသင်ယူနိုင်အောင် စင်ကာပူနဲ့  ဂျပန်နိုင်ငံကို  သွားရောက် ခဲ့ရတယ်။ အဲဒီအချိန်က တပ်မတော်မှာ ဆရာဝန်နည်းတဲ့အတွက် ဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ 
နောက်ပိုင်း တပ်မတော်စစ်ဆေးရုံ ကြီးရဲ့  တပ်မှူးဖြစ်လာတယ်။  ဗိုလ်မှူး ချုပ်   တာဝန်နဲ့  တပ်မတော်သူနာပြု လုပ်ငန်းတွေကို ဆက်လက်ထမ်းဆောင် ခဲ့တယ်။  မိမိဆေးတပ်ရဲ့  တိုးတက်ရာ တိုးတက်ကြောင်းကို နိုင်ငံတော်ရဲ့ ပံ့ပိုး မှုပါသလို ကိုယ်တိုင်လည်း ကြိုးစားပြီး စေတနာရှင်တွေကို ဆွဲဆောင်ပြီး အူနဲ့ အဆုတ်ထဲကို  ကြည့်ရှုလို့ရတဲ့  အင်ဒို စကုတ်တွေရခဲ့တဲ့အတွက် လူနာတွေရဲ့ အသက်ကို   ကယ်ဆယ်နိုင်ခဲ့တယ်။ တပ်မတော်မှာ ကျောက်ကပ်အစားထိုး ကုသတာကို   မြန်မာပြည်မှာ ပထမဆုံး ဖြစ်လာအောင်        စီစဉ်နိုင်ခဲ့တယ်။ တပ်မတော်နှလုံးခွဲစိတ်မှုဆိုင်ရာ ဖြစ်လာ အောင်  အတတ်နိုင်ဆုံး စီမံနိုင်ခဲ့တယ်။ ကျောက်ကပ်     အစားထိုးကုသမှုကို အရပ်ဘက်နဲ့   ပူးပေါင်းဆောင်ရွက်တဲ့ အခါမှာ  ပထမဆုံးအောင်မြင်မှုကို ရခဲ့ တယ်။     ကျောက်ကပ်အစားထိုးမှုမှာ ငါးဦးကို   အောင်မြင်ခဲ့ပြီး    တစ်ဦးက ခန္ဓာကိုယ်က Reject  ဖြစ်တဲ့အတွက် ပြန်ထုတ်ခဲ့ရတယ်။ ပါရဂူဘဝမှာ ဌာန အတွက်ပဲ   အဓိကထား  လုပ်ဆောင် ရပေမယ့်   တပ်မှူးဖြစ်လာတဲ့အခါမှာ တပ်တစ်တပ်လုံးရဲ့  ဌာနတွေ  ကောင်း အောင်    လုပ်ခဲ့ရတယ်။  ဒါရိုက်တာ ဖြစ်လာတော့      ဆေးတပ်ဖွဲ့အားလုံး အတွက်    ကြိုးစားပြီး  လုပ်ခဲ့တယ်။ ဆေးသိပ္ပံ(၂)မှာလည်း  ဂုဏ်ထူးဆောင် ကထိက၊  ပါမောက္ခ၊  ဌာနမှူးအနေနဲ့ လည်း ထမ်းဆောင်ခဲ့တယ်။ တပ်မတော် ဆေးတက္ကသိုလ်ရဲ့ ပထမဆုံး ပါမောက္ခ ချုပ်   ကျောင်းအုပ်ကြီးအနေနဲ့လည်း စာသင်ရင်း တာဝန်ထမ်းဆောင်ခဲ့တယ်။ ညောင်လေးပင်မြို့နယ်   ပိန်းဇလုပ်ရွာ အလွန် ကန်လေးရွာဇာတိပါ၊ ရထားမရှိ၊ ကားလမ်းမရှိတဲ့ အဲဒီလို ကျေးရွာလေးက လူတစ်ယောက်ကို   နိုင်ငံတော်ရဲ့ပံ့ပိုးမှု ကြောင့်  စကောလားရှစ်နဲ့  တပ်မတော် ဆရာဝန်ဖြစ်လာတဲ့အတွက် ဒီကျေးဇူး ကို       အမြဲတမ်းဆပ်ချင်ခဲ့တယ်။ ဘာမျှော်လင့်ချက်မှမရှိဘဲ ကျေးဇူးဆပ် ချင်တဲ့စိတ်နဲ့ပဲ       တပ်မတော်အပေါ် စေတနာထားခဲ့တယ်။ အခုလို ဘွဲ့ထူး၊ ဂုဏ်ထူးချီးမြှင့်မယ်လို့လည်း မမျှော်မှန်း ခဲ့ဘူး။ အခုလိုရရှိတဲ့အတွက် ဝမ်းလည်း သာတယ်၊           ဂုဏ်လည်းယူတယ်။ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာတွေကို အသိအမှတ်ပြုပြီး   အတတ်ပညာပိုင်း ဆိုင်ရာမှာ  ထူးထူးကဲကဲ  ဆောင်ရွက် ခဲ့မှုအပေါ် ပေးအပ်တဲ့အတွက် လူကြီး များအားလုံးကို   အထူးပဲကျေးဇူးတင် ပါတယ်။   ကျွန်တော်လှုပ်ရှားနိုင်သမျှ ကာလပတ်လုံး တပ်မတော်နဲ့  နိုင်ငံတော် အတွက်      အစွမ်းကုန်ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။
ဒေါက်တာစန်းဝင်း(ဝဏ္ဏကျော်ထင်ဘွဲ့)  
ရှေးဟောင်းသုတေသန အမျိုးသား
ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)
အခုလို နိုင်ငံတော်က (၁၀၂) နှစ် မြောက်      အမျိုးသားအောင်ပွဲနေ့မှာ အမိန့်ကြော်ညာစာအမှတ်   (၂၁၁)  နဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခံရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။    အခုလို မမျှော်မှန်းထားဘဲ ဘွဲ့တံဆိပ်ရရှိမှုအပေါ် အတိုင်းမသိ           ဝမ်းမြောက်ဂုဏ်ယူ ဖြစ်ရပါတယ်။      မန္တလေးယဉ်ကျေးမှု တက္ကသိုလ်ပါမောက္ခချုပ်၊ နေပြည်တော် မှာလည်း       ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နဲ့   စာကြည့်တိုက် ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး  ၂၀၁၀  ပြည့်နှစ်မှာ အငြိမ်းစားယူပါတယ်။ အဲဒီနောက်ပိုင်း မြန်မာနိုင်ငံမှာ ပထမဆုံး ကမ္ဘာ့ယဉ်ကျေး မှု အမွေအနှစ်အဖြစ် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ်      စာရင်း တင်သွင်းနိုင်ရေးကို    ကြိုးစားတဲ့အခါ ဦးဆောင်ကော်မတီဝင်နဲ့ ပညာရှင်များ အဖွဲ့မှာ    ပါဝင်ခဲ့ပါတယ်။   ဒါ့အပြင် ယူနက်စကိုကို ပျူသုံးမြို့ ကမ္ဘာ့အမွေ အနှစ်ဖြစ်ဖို့အတွက် အဆိုပြုတင်သွင်းတဲ့ အသင်းရဲ့  ဥက္ကဋ္ဌအဖြစ်လည်း  ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပျူမြို့ဟောင်းသုံးမြို့ကို    ကမ္ဘာ့အမွေ အနှစ်အဖြစ် ပထမဆုံး သတ်မှတ်ခံခဲ့ရ ပါတယ်။  ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်း တင်သွင်းဖို့အတွက် ၂၀၁၅ ခုနှစ် ကနေ   ၂၀၁၉   ခုနှစ်အထိ  ဆက်လက် ဆောင်ရွက်ခဲ့တယ်။   ၂၀၁၇ ခုနှစ်မှာ လည်း          ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ထွန်းဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင် ရွက်တဲ့ မြန်မာ့စွယ်စုံကျမ်း(၁၅)တွဲကို အချက်အလက်တွေ ထပ်မံဖြည့်ဆည်းပြီး အသစ်ပြန်လည် ပုံနှိပ်ထုတ်ဝေနိုင်အောင် ဆောင်ရွက်ခဲ့တယ်။ အထွေထွေအတွင်း ရေးမှူးအဖြစ် လေးနှစ်ဆောင်ရွက်ခဲ့တာပါ။ NGO အသင်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်းမှာလည်း ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် မိမိသိထားတဲ့ အသိပညာတွေကို   မျှဝေအကျိုးပြုနေ ပါတယ်။ 
၁၉၄၈   ခုနှစ်  လွတ်လပ်ရေးရတဲ့ ကာလကနေ ၁၉၆၂ ခုနှစ် မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ပါတီခေတ်၊ ၁၉၈၈ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ကာလ၊ ၁၉၉၇ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့      ဖွံ့ဖြိုးရေး ကောင်စီ         ကာလအဆက်ဆက်မှာ ဆောင်ရွက်ခဲ့ကြတဲ့      လူကြီးတွေကို စွမ်းဆောင်ရည်ဘွဲ့တွေဖြစ်တဲ့ သင်္ဂဟ ဘွဲ့နဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ပြီး တော့ အချို့ဆိုရင် မရှိကြတော့ပေမယ့် ဘွဲ့များကိုချီးမြှင့်တာဟာ အထူးလေးစား ဂုဏ်ယူစရာပါ။     နိုင်ငံတော်အနေနဲ့ အစဉ်အဆက် နိုင်ငံတော်ကြီးကို စုစည်း ပျိုးထောင်ခဲ့တဲ့၊ ယနေ့အထိ မြန်မာရယ် လို့  အာရှမှာ၊  ကမ္ဘာမှာ  ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ဝိုင်းဝန်းကြိုးစားခဲ့တဲ့ လူကြီးတွေရဲ့  ကျေးဇူးနဲ့  ဂုဏ်ရည်ကို မမေ့ဘူး။ မမေ့တဲ့အတွက် အသိအမှတ် ပြုတယ်လို့  သဘောသက်ဝင်ပါတယ်။ ဒါကြောင့်  ဘွဲ့ထူး၊ ဂုဏ်ထူးများချီးမြှင့်အပ်နှင်းတာဟာ      ကာယကံရှင်တွေ အတွက် ဂုဏ်ယူစရာ၊ မိသားစုတွေလည်း ဂုဏ်ယူစရာဖြစ်တာကြောင့်     နိုင်ငံ့ ဝန်ထမ်းများအနေနဲ့     အတုယူပြီး နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်း ကနေ      ကြိုးစားပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။      အခုလိုရရှိခဲ့တဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးဟာ ပထမဆုံးဖြစ်တဲ့ အတွက် ကျွန်တော့်အနေနဲ့ လှိုက်လှိုက် လှဲလှဲကို ဂုဏ်ယူပါတယ်။
ဦးအောင်ခိုင်(သရုပ်ဆောင်)
အနုပညာထူးချွန် ဒုတိယဆင့်
ကိုယ်တတ်ကျွမ်းတဲ့   အနုပညာနဲ့ ကျေးဇူးရှင်ဆရာသမားတွေရဲ့ ကူညီပံ့ပိုး မှုကြောင့် ဒီနေ့ထိအောင် ဒီလောကမှာ ရပ်တည်နေနိုင်ခဲ့တယ်။   ဒါကို  အသိ အမှတ်ပြုပေးခဲ့တဲ့   နိုင်ငံတော်တာဝန် ရှိတဲ့   လူကြီးတွေကိုလည်း  တကယ်ပဲ ကျေးဇူးတင်ပါတယ်။  ဦးအောင်ခိုင်တို့ ဘယ်လိုမှ   မမျှော်လင့်တဲ့  မျှော်လင့် မထားတဲ့ဆု ဒုတိယဆင့်နဲ့ တတိယဆင့် ကို    ဦးအောင်ခိုင်တို့   ဇနီးမောင်နှံ နှစ်ယောက်လုံးကို       တစ်နှစ်တည်းမှာ တစ်ပြိုင်တည်း   ချီးမြှင့်ခံရတဲ့အတွက် တကယ့်ကို  ပီတိဖြစ်ပါတယ်။  ဘယ်လို ပြောရမလဲဆိုတော့ ကြားကြားချင်းတော့ မယုံပါဘူး။ ဘာလို့ဆိုတော့ ဦးအောင်ခိုင် တို့သည်   ဇာတ်ပို့၊  ဇာတ်ရန်အလွှာမှာ supporting character နဲ့ အလုပ်လုပ်နေ ရတဲ့သူတွေဖြစ်တယ်။ အန်တီဝါလည်း အတူတူပဲ။ အသံကြားတဲ့အချိန်မှာတော့ မယုံသေးပါဘူး။ ဒါပေမယ့် နောက်ပိုင်း ကျတော့   သတင်းတွေထဲမှာပါလာတဲ့ အခါ ဘယ်လိုပြောရမှန်းတောင် မသိပါ ဘူး။   ဒါကတော့   ခံစားဖူးတဲ့သူတိုင်း သိကြပါလိမ့်မယ်။   အဲဒီပီတိကိုတော့ ဘယ်လိုထုတ်ပြောရမှန်းကို မသိအောင် တကယ်ကို ကြည်နူးဝမ်းသာရပါတယ်။