ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ စေတနာရှင်၊ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်

 

ရန်ကုန်   ဩဂုတ်    ၃၀


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) သဘာဝဘေး အန္တရာယ်ကူညီထောက်ပံ့ရေးလုပ်ငန်းကော်မတီမှ  မိုခါမုန်တိုင်းသင့်ပြည်သူများအား  စေတနာသဒ္ဓါတရား    ထက်သန်စွာဖြင့်   လှူဒါန်းခဲ့သော    စေတနာရှင်အလှူရှင်များကို     ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ  Lotte Hotel  ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း တက်ရောက်အမှာစကားပြောကြားသည်၊၊


ရှင်းလင်းတင်ပြ


အခမ်းအနားတွင်      ဘာသာ ပေါင်းစုံ   ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို) သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့ရေး   လုပ်ငန်း ကော်မတီ၏      သဘာဝဘေး အန္တရာယ်ကာလအတွင်း   ကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေး လုပ်ငန်းဆောင်ရွက်မှုများကို ဗီဒီယိုကလစ်ဖြင့် ရှင်းလင်းတင်ပြ သည်၊၊


ထို့နောက်    ဒုတိယဝန်ကြီး ဦးအေးထွန်းက  ၂၀၂၃ ခုနှစ် မေ ၁၄   ရက်တွင်   ရခိုင်ပြည်နယ်၌ တိုက်ခတ်ခဲ့သည့်    မိုခါမုန်တိုင်း အလွန်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော်အဆင့် ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ မိုခါမုန်တိုင်းအလွန်    ပြန်လည် ထူထောင်ရေးကာလတွင် ဘာသာ ပေါင်းစုံ   ချစ်ကြည်ညီညွတ်ရေး အဖွဲ့နှင့် ယခုတက်ရောက်လာကြ သည့် အလှူရှင်များ၊ အဖွဲ့အစည်း များက ဘာသာမတူ ကွဲပြားသည့် မိမိတို့နိုင်ငံသား အချင်းချင်းအပေါ် တာဝန်သိစိတ်၊ စာနာစိတ်အပြည့် ဖြင့် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြခြင်း ဖြင့် သက်ဆိုင်ရာဘာသာအသီးသီး ဆိုဆုံးမမှုနှင့်    ကိုက်ညီသည့် အတွက်  မင်္ဂလာတစ်ပါးပင်ဖြစ် ကြောင်း၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့အနေဖြင့် မတူ ကွဲပြားသော    ဘာသာဝင်များ အကြား ညီညွတ်ရေး၊ ချစ်ခင်ရေး၊ အပြန်အလှန်လေးစားမှု ရှိရေးတို့ အတွက် ဆောင်ရွက်လျက်ရှိသည့် အပြင်  ယခုကဲ့သို့  လိုအပ်လျက် ရှိသော   ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌   တာဝန်သိစိတ် အပြည့်ဖြင့် မိမိတို့ တတ်နိုင်သည့် တစ်ထောင့်တစ်နေရာမှ လှူဒါန်းမှု ပြုသည့်အတွက် ကျေးဇူးတင်ပါ ကြောင်း ပြောကြားသည်၊၊


ယင်းနောက်   ရန်ကုန်တိုင်း ဒေသကြီး    လူမှုရေးရာဝန်ကြီး    ဦးအောင်ဝင်းသိန်းက အမှာစကား ပြောကြားသည်၊၊
ဆက်လက်၍ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏက ကယ်ဆယ်ရေး ဆိုင်ရာ   လုပ်ငန်းအတွေ့အကြုံ များကို    ရှင်းလင်းပြောကြားပြီး သဘာဝဘေးအန္တရာယ်   ကူညီ ထောက်ပံ့ရေးလုပ်ငန်းကော်မတီ မှ ဦးစီးနာယက ရွှေကမ္ဘာ ဦးမောင် မောင်က    ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်၊၊


ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်


ထို့နောက် ဒုတိယဝန်ကြီးက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ    ဦးဝဏ္ဏ၊ ရွှေကမ္ဘာ  ဦးမောင်မောင်နှင့်အလှူ ရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်သည်၊၊


ယင်းနောက် တက်ရောက်လာ ကြသည့် စေတနာရှင်၊ အလှူရှင် များကို   ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်း သိန်း၊  ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့   (ဗဟို)  ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို)    သဘာဝ ဘေးအန္တရာယ် ကူညီထောက်ပံ့ ရေးလုပ်ငန်း     ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းနှင့်  တာဝန်ရှိသူ များက  ဂုဏ်ပြုမှတ်တမ်းလွှာများ   ပေးအပ်ကြသည်၊၊


ဘာသာပေါင်းစုံ  ချစ်ကြည် ညီညွတ်ရေးအသင်းကို ၂၀၀၈ ခုနှစ် တွင် စတင်၍ အမြုတေအဖွဲ့အဖြစ် လည်းကောင်း၊ ၂၀၁၂  ခုနှစ်တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)အဖြစ်လည်းကောင်း  ပြင်ဆင်ဖွဲ့စည်း       ဆောင်ရွက်ခဲ့ ကြောင်း သိရသည်၊၊     

သတင်းစဉ်