ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) သဘောထားထုတ်ပြန်ချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
သဘောထားထုတ်ပြန်ချက်

 


၁၃၈၃ ခု၊ တပို့တွဲလပြည့်ကျော်(၁၁)ရက်
၂၀၂၂ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ(၂၆)ရက်

 

၁။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ကိုယ်စားပြု၍ အပြည်ပြည် ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုထားပါသည်။

၂။    အဆိုပါတရားစွဲဆိုမှုအား    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏   ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးတို့ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့က သွားရောက်ဖြေရှင်းခြင်းနှင့် ရှင်းလင်းတင်ပြချက်များကို ကြိုဆိုပါသည်။

၃။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လူနည်းစုတိုင်းရင်းသားများဖြစ်ကြသည့် မြို၊ သက်၊ ခမီ စသည့်တိုင်းရင်းသားလူမျိုးစုများအား       လူမျိုးတုံးသတ်ဖြတ်မှု၊    ဟိန္ဒူဘာသာကိုးကွယ်သူများအား အစုလိုက်အပြုံလိုက်  သတ်ဖြတ်ခဲ့သည့်    အကြမ်းဖက်ဘာသာရေးအစွန်းရောက်တို့ကို   လျစ်လျူရှု၍ ဘာသာရေးအကြမ်းဖက်အစွန်းရောက်တို့ဘက်မှ ရပ်တည်ကာ ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို မတရားစွပ်စွဲသော ဂမ်ဘီယာနိုင်ငံအား ပြင်းထန်စွာရှုတ်ချပါသည်။

၄။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် ကာကွယ်ကြိုးပမ်းလျက် ရှိသည့်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ကိုယ်စားလှယ်အဖွဲ့အား ဖြစ်ရပ်မှန်   အချက်အလက် အထောက်အထားများကို ပြုစုပေးကြသည့် ပညာရှင်၊ စေတနာရှင်များကိုလည်း မိမိတို့အဖွဲ့မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

၅။    ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ အားပေးထောက်ခံလျက် တစ်သားတည်းရပ်တည်လျက်ရှိပါကြောင်း ထုတ်ပြန်အပ်ပါသည်။

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
        ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)