
မိုဂါဒစ်ရှူး ဇွန် ၂၅
ဆိုမာလီယာလွှတ်တော်သည် ဟမ်ဇာအက်ဒီ ဘာရီကို နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်မှုကို တညီတညွတ်တည်း အတည်ပြုလိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
ဇွန် ၁၅ ရက်တွင် သမ္မတ ဟာဆန် ရှိတ်ချ်မိုဟာမက် ခန့်အပ်လိုက်သည့် ဘာရီကို လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာ သော ကိုယ်စားလှယ်အဖွဲ့ဝင် ၂၂၀ က တညီ တညွတ်တည်း ထောက်ခံလိုက်ခြင်းဖြစ် ကြောင်း ဆိုမာလီယာလွှတ်တော် ဥက္ကဋ္ဌ ရှိတ်ခ်အဒင်မိုဟာမက်နူက ပြောသည်။ ဝန်ကြီး ချုပ်အသစ်သည် လုံခြုံရေး၊ ပြင်းထန်သော မိုးခေါင်မှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ စိန်ခေါ်မှု များကြား တိုင်းပြည်အသွင်ကူးပြောင်းရေးတွင် တာဝန်ပေးအပ်မည့် ၎င်း၏အစိုးရ အဖွဲ့သစ်ကို ရက် ၃၀ အတွင်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝန်ကြီးချုပ်သစ်သည် လုံခြုံရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးတည်ငြိမ် ရေးကို ဦးစားပေး လုပ်ဆောင်မည်ဟု မဲမပေးမီတွင် ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။
မိုးခေါင်ရေရှားမှုကို ပြင်းထန်စွာ ရင်ဆိုင် နေရသည့် ဆိုမာလီယာနိုင်ငံသည် လက်ရှိတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်သူ ၇ ဒသမ ၇ သန်း ရှိနေကြောင်း သိရသည်။
ဆင်ဟွာ