ဘားအံတက္ကသိုလ်နှင့်ဘားအံပညာရေးဒီဂရီကောလိပ်ရှိ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး

 

ဘားအံ ဖေဖော်ဝါရီ  ၂၆


ကရင်ပြည်နယ် ဘားအံမြို့ရှိ ဘားအံတက္ကသိုလ်နှင့် ဘားအံပညာရေးဒီဂရီကောလိပ်မှ တည်ဆောက်ရေး လုပ်ငန်းများကို ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၄ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 


ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ  ပြည်နယ်ဥပဒေ ချုပ်ဦးရဲလွင်၊    ပြည်နယ်ဝန်ကြီးများနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက  ဘားအံတက္ကသိုလ်  ဘားအံပညာ့ ရိပ်သာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့  သွားရောက် ကြည့်ရှုစစ်ဆေးရာ    ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးနှင့်   တာဝန်ရှိသူများက   တည်ဆောက်ရေး လုပ်ငန်း    ရှင်းလင်းဆောင်၌    ဘားအံပညာ့ရိပ်သာ တည်ဆောက်ရေးလုပ်ငန်း၊ Community Center ၊ Gym ခန်းမ၊ အိမ်ခန်းပေါင်း ၃၀ ကျော် ပါဝင်မည့် လေးထပ်အဆောက်အအုံ အိမ်ရာငါးလုံး စသည့် တည်ဆောက်ရေးလုပ်ငန်းများကို         ၂၀၂၃ အောက်တိုဘာလတွင်  လုပ်ငန်းအားလုံးပြီးစီးရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း  ရှင်းလင်းတင်ပြ ပြီး  ပြည်နယ်ဝန်ကြီးချုပ်က  တည်ဆောက်ရေး လုပ်ငန်းများကို  လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့သည် ဘားအံတက္ကသိုလ်  ပတ္တမြားနယ်မြေရှိ  ဝန်ထမ်း အိမ်ရာ ခြောက်ခန်းတွဲ သုံးထပ်နှင့် ဆရာ ဆရာမများ အိမ်ရာ၊ တက္ကသိုလ်ပရဝဏ်အတွင်း သုံးထပ်စာသင် ဆောင် ၂၁၆ပေ x ၃၉ ပေ တည်ဆောက်ခြင်းလုပ်ငန်း တို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း ပြီးစီးရေး မှာကြားသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ဘားအံပညာရေး ဒီဂရီကောလိပ်၌ သင်တန်းသူ ၂၀၀  ဆံ့  ၁၇၉ပေ x ၃၆ပေ  အာစီစီ   လေးထပ်အိပ်ဆောင် တည်ဆောက်ရေးလုပ်ငန်း၊ ၁၇၉ပေ x ၃၆ပေ အာစီစီ သုံးထပ်    သင်တန်းသားအိပ်ဆောင်၊    ဘားအံ ပညာရေးဒီဂရီကောလိပ်    လေးခန်းတွဲ   လေးထပ် ဆရာ ဆရာမဆောင်  ဆောက်လုပ်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ        ဘားအံပညာရေးဒီဂရီ ကောလိပ်    ဒုတိယကျောင်းအုပ်ကြီး   ဒေါ်ခင်မြင့်လှိုင် နှင့် တာဝန်ရှိသူများက  တည်ဆောက်ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍  လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က    လိုအပ်သည်များမှာကြား ခဲ့သည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)