
ဘားအံ ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ် ဘားအံ တက္ကသိုလ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေး ရည်ရွယ်၍ တိုင်းရင်းသား ရိုးရာအစားအစာဈေးရောင်းပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ် ငုရွှေဝါနယ်မြေ မြက်ခင်းပြင် ၌ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ဒုတိယ ပါမောက္ခချုပ်၊ ဆရာ ဆရာမ များ၊ ဘာသာရပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် ဘားအံ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက တိုင်းရင်း သားရိုးရာ အစားအစာ ဈေး ရောင်းပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အထူးပြုဘာသာ ရပ် ၁၄ ဌာနနှင့် စီမံ၊ သင်တန်း ဌာနမှူးများ ၊ ဌာနများမှ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားတို့၏ ရိုးရာအစားအစာများကို ပျော်ရွှင် စွာ ရောင်းချခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)