ဘားအံပညာရေးဒီဂရီကောလိပ်၌ ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း ကျောင်းသား ကျောင်းသူများအား ကြိုဆို

 

ဘားအံ   မေ  ၁၉
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ဘားအံပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်  ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့်  ပထမနှစ် (ပထမနှစ်ဝက်)သင်တန်း ကျောင်းသား ကျောင်းသူ များအား ကြိုဆိုသည့်  အခမ်းအနားကို   မေ  ၁၉ ရက်  နံနက်ပိုင်းက   အဆိုပါ    ဒီဂရီကောလိပ်   သီရိခန်းမ၌ ကျင်းပသည်။ 
ကျောင်းသား ကျောင်းသူများအား   ကြိုဆိုပွဲ တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်    ဦးစောမြင့်ဦးက ယခုဖွင့်လှစ်သော   လေးနှစ်သင်   ပညာရေးဒီဂရီ ကောလိပ်သင်တန်းများကို တက်ရောက်လာကြသော မောင်မယ်သစ်လွင် ကျောင်းသား ကျောင်းသူများကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ လုံခြုံရေး၊ နေထိုင်စားသောက်ရေး၊ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးစသည် ဖြင့် အစစအရာရာအတွက် စနစ်တကျစီမံဆောင် ရွက်ပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ်၏  ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊   လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင် နိုင်ရန် သင်တန်းတွင် ကြိုးစားသင်ယူကြရန်လိုပြီး လက်တွေ့ဘဝနှင့်ပေါင်းစပ်သင်ယူနိုင်သော စဉ်းစား တွေးခေါ်သင်ကြားပို့ချပေးနိုင်သော ဆရာ   ဆရာမ ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်  ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်ခြင်းနှင့် သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်း ပြောကြားပြီး ကျောင်းသား   ကျောင်းသူများက တေးသီချင်းများ၊ အကအလှများဖြင့်    သီဆိုကပြ ဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက် လာသူများက  ကြည့်ရှုအားပေးခဲ့ကြပြီး   ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ   ပေးအပ်ချီးမြှင့့် သည်။
ဘားအံပညာရေးဒီဂရီကောလိပ်၌  ၂၀၂၀ ပြည့် နှစ်တွင်   တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသော  ပထမနှစ် (ပထမနှစ်ဝက်) ကျောင်းသား ကျောင်းသူ ၈၀၊ ပထမနှစ်(ဒုတိယနှစ်ဝက်) ၅၉ ဦး စုစုပေါင်း ၁၃၉ ဦး တက်ရောက်လျက်ရှိပြီး မကြာမီ ကာလ တွင်လည်း ကျောင်းသား ကျောင်းသူအသစ်များကို ထပ်မံဖြည့်တင်းလက်ခံ သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။  စောမျိုးမင်းသိန်း(ပြန်/ဆက်)