ဘားအံမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

 

ဘားအံ  အောက်တိုဘာ  ၃


ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦးနှင့်  ပြည်နယ်ဝန်ကြီးတို့ သည်     အောက်တိုဘာ   ၂  ရက် နံနက်က ဘားအံမြို့နယ် နောင် ကမြိုင်   ရွာကြီးကျောင်းတိုက်၌      လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန  ဘားအံ မြို့နယ်ဦးစီးမှူးရုံးမှ    ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်းဆောင် ရွက်သော အိမ်ထောင်စုလူဦးရေ စာရင်းနှင့်         နိုင်ငံသားစိစစ် ရေးကတ်ပြားများကို    ပြည်သူ့ လက်ဝယ်အရောက်      ပေးအပ်ခဲ့ ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဝန်ကြီးများသည် ဘားအံ မြို့နယ်   နောင်ကမြိုင်ကျေးရွာ အုပ်စု ရွာကြီးကျောင်းတိုက် ဆရာတော်   ဘဒ္ဒန္တသုမနအား  ဖူးမြော် ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်  သာသနာတော် ဆိုင်ရာ ကိစ္စရပ်များအား လျှောက် ထားတင်ပြကာ ဆွမ်းဆန်တော်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်း များနှင့်    နဝကမ္မ   အလှူတော်ငွေ များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဝန်ကြီးများသည် နောင် ကမြိုင်ကျေးရွာအုပ်စု     ရွာကြီး ကျောင်းတိုက်ဓမ္မာရုံ၌   လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဘားအံမြို့နယ် ဦးစီး မှူးရုံးမှ      ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် ပေးနေမှုကို  ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်၊သယံ ဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး      ဦးစိုးလွင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်း ကိုနှင့် တာဝန်ရှိသူများကနိုင်ငံသား စိစစ်ရေးကတ်ပြား  ၁၀၈ ကတ်   ကို      ပြည်သူ့လက်ဝယ်အရောက်   ပေးအပ်ခဲ့ကြသည်။


ပြည်နယ်(ပြန်/ဆက်)