ဘားအံမြို့နှင့် ကျိုက်ထိုမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

 

နေပြည်တော်   ဧပြီ  ၁၁  
ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၉ ရက်   နံနက် ၁၁ နာရီတွင်  ဘားအံမြို့  အမှတ်(၃)ရပ်ကွက်    စွယ်တော်လမ်းနေ ကိုထွဋ်(ခ)ဝင်းသန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀ ကို လည်းကောင်း၊  ယင်းနေ့ ည ၇နာရီ မိနစ် ၄၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ  ပါဝင်သောပူးပေါင်းအဖွဲ့သည်   ကျိုက်ထိုမြို့နယ် မရမ်းချောင် ကျေးရွာအုပ်စု   မရမ်းချောင်ကျေးရွာရှိ   ပူးပေါင်းစစ်ဆေးရေးစခန်းတွင် SKS BUS 4x4(L)အမျိုးအစား ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် အောင်ဇော်ဦးထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၆၈၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများဆိုင်ရာ      ဥပဒေအရ  အရေးယူထားကြောင်း  သိရသည်။                  ရဲပြန်ကြား