
နေပြည်တော် ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်သည် သဘာဝ အခြေခံ လည်ပတ်စရာ နေရာများ ပေါများပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို ဆွဲဆောင်ရာ ခရီး သွားမြို့တော် ဖြစ်သည့်အတွက် ဘားအံမြို့အား ခမ်းနားထည်ဝါ သည့် မြို့တော်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန်ရည်ရွယ်၍ ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ ဘားအံမြို့အဝင် (မော်လမြိုင်) ဘက်ခြမ်း လမ်းဆုံအဝိုင်းကို တည်ဆောက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း သိရသည်။
“ အခု တည်ဆောက်နေတဲ့ လမ်းဆုံအဝိုင်းက ဘားအံမြို့တွင်း လမ်း၊ ဘားအံမြို့ရှောင်လမ်း၊ သံလွင်တံတားနဲ့ မော်လမြိုင်မြို့ ကို သွားတဲ့လမ်းဆုံမှာ ဖြစ်ပါ တယ်။ လမ်းဆုံအဝိုင်းက အဝိုင်း အကျယ်ပေ ၁၂၀ နဲ့ ရင်ပြင် အကျယ် ပေ ၈၀ ရှိပါတယ်။ အဝိုင်း အတွင်းမှာ ဆင်ဖြူတော် လေးကောင်နဲ့ ဖားစည်ပါရှိပါ တယ်။ ပေ ၈၀ ရှိတဲ့ ဖားစည်ကို အမြင့်ပေ ၁၂ ပေရှိတဲ့ ဆင်ဖြူတော် လေးကောင်နဲ့ ဝန်းရံထားပါတယ်။ ဒါ့အပြင်အဝိုင်းရင်ပြင်ပေါ်တက်ဖို့ ပေ ၂၀ အကျယ်ရှိတဲ့ လှေကား လေးခုလည်း ပါဝင်ပါတယ်။ ရင်ပြင်ကို ကြွေပြားအရောင်ခွဲပြီး အလှဆင် ခင်းထားပါတယ်။ Double Arm နှစ်ဖက်လင်းမီးတိုင် ၁၂ တိုင်၊ ဆလိုက်မီးလုံးကြီး ရှစ်လုံး၊ ရောင်စုံမီး ရှစ်လုံးနဲ့ အလှဆင်ထားပါတယ်။ အဝိုင်း ပတ်လည်မှာ မြေယာရှုခင်း ပန်း အလှပင်များကို အဆင့် နှစ်ဆင့် စိုက်ပျိုးထားပြီး လှေကားအဝင်မှာ ပန်းအိုး ၂၄ အိုး ထားရှိပါတယ်။ အဝိုင်းပတ်လည်မှာ ငါးပေအကျယ် လူသွားစင်္ကြံလျှောက်လမ်း ပါဝင် ပါတယ်” ဟု ပြည်နယ်စည်ပင် သာယာအဖွဲ့ ညွှန်ကြားရေးမှူး သူရဦးမြင့်သူက ပြောသည်။
အဆိုပါ လမ်းဆုံအဝိုင်းကို ပြည်နယ် အထွေထွေရန်ပုံငွေ ကျပ်သန်း ၂၅၀ အကုန်အကျခံ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ကရင်ပြည်နယ် စည်ပင်သာယာ ရေးအဖွဲ့က စတင်တာဝန်ယူ တည်ဆောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင် စုနေ့) တွင် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်