
ONE Championship က BAD BLOOD အမည်ရ MMA ပြိုင်ပွဲ တွင် မြန်မာကစားသမား ထီရယ်လ် ထန်၏ပွဲစဉ် ပါဝင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၃ ပွဲပါဝင်မည်ဖြစ်ပြီး မြန်မာကစား သမား ထီရယ်လ်ထန်သည် အင်ဒို နီးရှားကစားသမား ဆူနိုတိုနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ထီရယ်လ်ထန်သည် ယခုနှစ် အတွင်း ပထမဆုံးပွဲစဉ်အဖြစ် အင်ဒိုနီးရှားဖိုက်တာနှင့် ထိုးသတ် ရခြင်းဖြစ်သည်။ ထီရယ်လ်ထန် သည် ONE Championship နှင့် လက်တွဲအပြီး လေးပွဲထိုးသတ် ထားရာ သုံးပွဲနိုင် တစ်ပွဲရှုံးနိမ့်ထား သည်။
ထီရယ်လ်ထန်သည် ယင်းပွဲများကို ၂၀၁၉ ခုနှစ်တွင် နှစ်ပွဲ၊ ၂၀၂၁ ခုနှစ်တွင် နှစ်ပွဲ ထိုးသတ်ထားခြင်း ဖြစ်ပြီး သုံးပွဲဆက်တိုက် အနိုင်ရသော်လည်း နောက် ဆုံးပွဲတွင် အရေးနိမ့်ထားခြင်းဖြစ်သည်။ ထီရယ်လ်ထန် သည် ၂၀၂၁ ခုနှစ် သြဂုတ် ၂၇ ရက်က တောင်ကိုရီး ယားနိုင်ငံသား ဆောင်မင်ဂျောင်နှင့် ထိုးသတ်ခဲ့ရာ အရေးနိမ့်ခဲ့သည်။ ထီရယ်လ်ထန်နှင့် ထိုးသတ်မည့် ဆူနိုတိုမှာမူ MMA ကစားသမားဘဝ ပွဲပေါင်း ၁၉ ပွဲ ထိုးသတ်ထားရာ ၁၂ ပွဲနိုင်၊ ခုနစ်ပွဲ ရှုံးနိမ့်ထားသည်။ နောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲမှာ ၂၀၂၀ ပြည့်နှစ်က ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲတွင် အနိုင်ရထားသည်။
ထီရယ်လ်ထန်သည် နောက်ဆုံးထိုးသတ်သည့် ပွဲတွင် အရေးနိမ့်ထားသဖြင့် ယခုပွဲတွင် အနိုင်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။
ရဲရင့်လွင်