
နေမင်း
အမေရိကန်တို့ရဲ့ ဒရုန်းတိုက်ခိုက်မှုမှာ ၉/၁၁ တိုက်ခိုက်မှုရဲ့ အဓိကကြိုးကိုင်သူတစ်ဦးဖြစ်တဲ့ အီမင်န်အယ်လ်ဇာဝါဟီရီကို သုတ်သင်နိုင်ခဲ့ပါတယ်။ အယ်လ်ဇာဝါဟီရီဟာ အိုစမာဘင်လာဒင်သေဆုံးပြီးနောက်ပိုင်းမှာ အယ်လ်ကေးဒါးခေါင်းဆောင်နေရာကို ရယူခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လက်မတွန့်ဘဲ လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အခုတော့ သူဟာ အာဖဂန်နစ္စတန်ရဲ့ ကျေးလက်အိမ်လေးမှာ သေဆုံးခဲ့ပြီလို့ အမေရိကန်သမ္မတ ဘိုင်ဒင်က တနင်္လာနေ့ညမှာ ကြေညာခဲ့ပါတယ်။
အမေရိကန်ဦးတည်တိုက်ခိုက်
လွန်ခဲ့တဲ့သီတင်းပတ်အတော်ကြာက ကဘူးလ် မြို့လယ်ရဲ့ နံနက်ခင်းတိုက်ခိုက်မှုတစ်ခုမှာ ၂၁ နှစ် ကြာ လိုက်လံဖမ်းဆီးနေတဲ့ အီဂျစ်အစွန်းရောက် တစ်ဦးကို သုတ်သင်ခဲ့ပါတယ်။ သူဟာ ဘင်လာဒင် ဘေးမှာ သူများတွေထက် အချိန်အတော်ကြာ ရှိနေ ခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်မှုတွေ မှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ထို့အတူ အမေရိကန်တွေကို ဦးတည်တိုက်ခိုက်ဖို့ ဘယ်တော့မှ လက်လျှော့မယ့်သူ တစ်ဦးလည်း မဟုတ်ပါဘူး။
လွန်ခဲ့တဲ့နှစ်အမေရိကန်တပ်ဖွဲ့ဝင်တွေ ထွက်ခွာ သွားပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံရဲ့ ကဘူးလ် တိုက်ခိုက်မှုဟာ အမေရိကန်တို့ရဲ့ ပထမဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။ အယ်လ်ဇာဝါဟီရီ သေဆုံး ပြီးနောက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရားမျှတမှုကို ပေးအပ်ခဲ့ပါပြီ။ ဒီအကြမ်းဖက် ခေါင်းဆောင် နောက်ထပ်ရှိတော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
သူဟာ ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက်သမားတွေ ထဲက တစ်ဦးဖြစ်ပါတယ်။ သူသေဆုံးမှုဟာ ဆယ်စုနှစ် လေးစုကြာသမိုင်းရှိခဲ့တဲ့ အယ်လ်ကေးဒါးအုပ်စုရဲ့ ခေါင်းဆောင်ပိုင်းဆိုင်ရာအပြောင်းအလဲကို ကျိမ်းသေ ဖြစ်စေဦးမှာပါ။
အမေရိကန်သံရုံးဟောင်းနဲ့ နှစ်မိုင်နီးပါးဝေးတဲ့ လုံခြုံတဲ့ကျေးလက်အိမ်မှာ အယ်လ်ဇာဝါဟီရီ မိသားစုနဲ့ အတူရှိနေချိန် စီအိုင်အေတပ်ဆင်ခဲ့တဲ့ အဝေးထိန်းဒရုန်းယာဉ်က ဒုံးကျည်နှစ်စင်း ပစ်ထည့် လိုက်ချိန်မှာတော့ သူသေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
ခေါင်းဆောင်နေရာ ဆက်ခံမယ့်သူကို မရှာရသေး
လတ်တလောမှာတော့ အယ်လ်ကေးဒါးအဖွဲ့မှာ နောက်ထပ်ခေါင်းဆောင်နေရာ ဆက်ခံမယ့်သူကို မရှာရသေးပါဘူး။ ဒီအပြောင်းအလဲဟာ အယ်လ် ကေးဒါးအဖွဲ့အတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ အယ်လ် ကေးဒါးဟာ တိုက်ခိုက်ရေးသမားသစ်တွေကို ထပ်မံ စုဆောင်းဖို့ လိုအပ်လျက်ရှိပါတယ်။ ဒီလိုမှသာ အပြင်ပိုင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အယ်လ်ကေးဒါးတိုက်ခိုက်ရေးသမားဟောင်းတွေဟာလည်း မကြာသေးမီနှစ်တွေက အကြမ်းဖက်တန်ပြန်တိုက်ခိုက်ရေး စစ်ဆင်ရေးမှာ သေဆုံးခဲ့ကြပြီ ဖြစ်ပါတယ်။
အသက် ၇၁ နှစ်ရှိ အီဂျစ်ဆရာဝန်ဟာ ၂၀၁၁ ခုနှစ်မှာ ဘင်လာဒင်သတ်ဖြတ်ခံရပြီးနောက် အယ်လ်ကေးဒါး ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ လပေါင်းအတော်ကြာ အစီအစဉ်ဆွဲခဲ့ပြီးနောက် တော့ တိကျတဲ့ပစ်မှတ်ကို ပစ်ခွင်းလိုက်ပြီဖြစ်တယ် လို့ ဘိုင်ဒင်က ပြောခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ တခြားမိသားစုဝင်တွေရှိသော်လည်း အယ်လ်ဇာဝါ ဟီရီ တစ်ယောက်တည်း သေဆုံးခဲ့တာ ဖြစ်ပါ တယ်။
မိသားစုတွေ ပြန်ပြီးနီးကပ်စေခဲ့
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ အယ်လ် ကေးဒါးအကြမ်းဖက်သမားတွေဟာ ခရီးသည်တင် လေယာဉ်လေးစင်းကို အပိုင်စီးကာ ဒုံးကျည်များ အသွင် အမေရိကန်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက် ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ လူ ၃၀၀၀ လောက် သေဆုံးခဲ့သလို ဒီဖြစ်ရပ်ဟာ ကမ္ဘာကြီးကို ထာဝရ ပြောင်းလဲစေခဲ့ပါတယ်။ ဘိုင်ဒင်ကတော့ အယ်လ်ဇာဝါဟီရီရဲ့ သေဆုံးခြင်းဟာ ၂၀၀၁ ခုနှစ်က သေဆုံးခဲ့သူ ၃၀၀၀ ရဲ့ မိသားစုတွေကို ပြန်ပြီး နီးကပ်စေခဲ့တယ်လို့ ပြောပါတယ်။
စည်းခြားသတ်မှတ်လိုက်တဲ့ မျဉ်းတစ်ခုဖြစ်လာ
ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ အဓိကအုပ်စုကြီး နှစ်ခုဖြစ်တဲ့ အကြမ်းဖက်မှုနဲ့ အကြမ်းမဖက်သူများ ကြား စည်းခြားသတ်မှတ်လိုက်တဲ့ မျဉ်းတစ်ခု ဖြစ်လာပြီး နိုင်ငံတိုင်းဟာ မိမိတို့နဲ့အတူရှိမလား ဒါမှမဟုတ် အကြမ်းဖက်သမားတွေနဲ့ အတူရှိမလား ဆိုတာ အခုတော့ ဆုံးဖြတ်ချက်ချရတော့မယ်လို့ အမေရိကန်သမ္မတ ဂျော့ဂျ်ဒဗလျူဘုရှ်က အဲဒီအချိန် က ပြောခဲ့ပါတယ်။
အမေရိကန်တွေအတွက် အိုစမာဘင်လာဒင် ကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖြတ်နိုင်ဖို့ဆိုတာ ၁၀ နှစ်နီးပါး ကြာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အိုစမာဘင်လာဒင်ကို သုတ်သင်ခဲ့တော့လည်း အာဖဂန်နစ္စတန်မှာ မဟုတ်ဘဲ ပါကစ္စတန်ရဲ့ မြို့စောင့်တပ်တွေရှိတဲ့ အဘော့တာဘတ်မှာ ဖြစ်ပါ တယ်။ အမေရိကန်တပ်ဖွဲ့တွေဟာ အဲဒီမှာ အိုစမာ ဘင်လာဒင်ကို ညဘက်ဝင်ရောက်စီးနင်းပြီး သုတ်သင် နိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုတစ်ခါ စီအိုင်အေကစီစဉ်ခဲ့တဲ့ ဒီဒရုန်း တိုက်ခိုက်မှုဟာ အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ ပစ်မှတ် ကို တိုက်ခိုက်တဲ့နေရာမှာ တိကျအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူသေဆုံးမှုနဲ့ ပတ်သက် ပြီးတော့ နောက်ပိုင်းမှာ ခေါင်းဆောင်သစ်တစ်ဦးထပ်မံပေါ်ပေါက်လာဦးမလား ဆိုတာကတော့ လတ်တလောမှာ ပြောရခက်ပါတယ်။
ကမ္ဘာနဲ့အဝန်း တုန်လှုပ်စေခဲ့
သို့သော်လည်း ဒရုန်းတိုက်ခိုက်မှုကြောင့် သူ သေဆုံးခဲ့တဲ့သတင်းကတော့ ကမ္ဘာနဲ့အဝန်းကို တုန်လှုပ်စေခဲ့ပါတယ်။ အဲဒါကတော့ တခြား မဟုတ် ပါဘူး။ အကြမ်းဖက်သမားတွေဟာ ကမ္ဘာမြေပေါ်မှာ ဘယ်လိုမှ အသက်ရှင်သန်လို့မရဘဲ နောက်ဆုံးမှာ တော့ တစ်နည်းနည်းနဲ့ သေဆုံးကြရမှာပဲ ဖြစ်ပါ တယ်။
ကမ္ဘာကြီးတည်ငြိမ်ဖို့ဆိုရင်
အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းဖို့လို
အကြမ်းဖက်သမားတွေဟာ လူ့ဘောင် လူ့လောကကို အကျည်းတန်အရုပ်ဆိုးစေသူများဖြစ် သလို ပြည်သူတွေရဲ့ နှလုံးကိုလည်း ပူဆွေးမှုတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အကြမ်းဖက်သမားဆိုရင် ဘယ်သူမှ ကမ္ဘာပေါ်မှာ မရှိတာအကောင်းဆုံး ဖြစ်ပါ တယ်။ ကမ္ဘာကြီးအေးချမ်းတည်ငြိမ်ဖို့ဆိုရင်တော့ ကမ္ဘာတစ်ဝန်းမှာ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းဖို့ လိုပါတယ်။
ကိုးကား - နယူးယောက်တိုင်းမ်၊
စီအက်စ်အိုင်အက်စ်