အယ်လ်ဂျီးရီးယား၌ တောမီးလောင်ကျွမ်းမှုကြောင့် တပ်ဖွဲ့ဝင် ၂၅ ဦးနှင့် အရပ်သားခုနစ်ဦးသေဆုံး

အယ်လ်ဂျီးယား  ဩဂုတ်  ၁၁


အယ်လ်ဂျီးရီးယားနိုင်ငံ၏  အရှေ့မြောက် ပိုင်းပြည်နယ်များဖြစ်သည့်  တီဇီအိုဇူး ပြည်နယ်နှင့် ဘီဂျာယာပြည်နယ်တို့တွင် လောင်ကျွမ်းလျက်ရှိသည့်  တောမီးအား ငြှိမ်းသတ်ရန်ကြိုးပမ်းစဉ်     အယ်လ်ဂျီး ရီးယားတပ်ဖွဲ့ဝင်  ၂၅  ဦး သေဆုံးခဲ့ကြောင်း အယ်လ်ဂျီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။


အဆိုပါတောမီးလောင်ကျွမ်းမှုသည် ဩဂုတ် ၉ ရက်  ညပိုင်းက  အယ်လ်ဂျီးရီး ယားနိုင်ငံ၏   ပြည်နယ် ၁၄  ခုတွင် တစ်ပြိုင်တည်းဖြစ်ပွားခဲ့ပြီး  အရပ်သား အနည်းဆုံးခုနစ်ဦးသေဆုံးကာ   အများ အပြားဒဏ်ရာရရှိခဲ့ကြကြောင်း အယ်လ် ဂျီးရီးယား  ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်          ဖော်ပြထား သည်။


အယ်လ်ဂျီးရီးယား တပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည်  အဆိုပါ တောမီးလောင်ကျွမ်းမှုဒဏ်  ခံခဲ့ရသည့် နယ်မြေများရှိ မိသားစု ၁၁၀ ခန့်အား မီးဘေးမှ   ကယ်တင်ရန်   အတူတကွ လုပ်ဆောင်ခဲ့ကြကြောင်းလည်း အယ်လ် ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။


ဩဂုတ် ၁၀ ရက်အစောပိုင်းတွင် အယ်လ်ဂျီးရီးယား ပြည်ထဲရေးဝန်ကြီး ကာမယ်ဘဲဂျောက်က  အဆိုပါတောမီး လောင်ကျွမ်းမှုကို   ရာဇဝတ်မှုအဖြစ် ဖော်ပြခဲ့ပြီး   ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ရန်နှင့်   တောမီးလောင်ကျွမ်းမှုဖြစ်ပွားရသည့်    အကြောင်းရင်းများကို         စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ရန်  အာဏာပိုင်များကို  တောင်းဆိုခဲ့ကြောင်း သိရသည်။

အယ်လ်ဂျီးရီးယား    ပြည်ထဲရေး ဝန်ကြီးက တောမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသခံများ အားလုံးကို    လျော်ကြေးငွေပေးအပ်မည် ဖြစ်ကြောင်း      အာမခံပြောကြားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုပမာဏကို    အကဲဖြတ်ရန် ကျွမ်းကျင်သူ  ၁၄၀  ပါဝင်သည့်အဖွဲ့ကို    တီဇီအိုဇူးပြည်နယ်သို့  စေလွှတ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်
n