
နေပြည်တော် မေ ၂၃
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနရှိ အဝေးသင် တက္ကသိုလ် သင်တန်းများ ဖွင့်လှစ် ထားရှိသည့် တက္ကသိုလ် ၄၁ ကျောင်းတွင် အဝေးသင် အနီးကပ်သင်တန်းများ အဖြစ် ဒုတိယအသုတ် စတုတ္ထနှစ် အဝေး သင် ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ ပထဝီ ဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒနှင့် ပဉ္စမနှစ် ဥပဒေပညာ သင်တန်းများကို မေ ၁၉ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ် သင်ကြားပေးလျက် ရှိပြီး အဝေးသင်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ စာသင်ခန်းအပြည့် တက်ရောက် ပညာသင်ယူလျက် ရှိကြောင်း တွေ့ရှိရသည်။ (ဝဲပုံ) ဒုတိယ အသုတ် အဝေးသင်စာမေးပွဲများ ကို မေ ၃၀ ရက်မှ ဇွန် ၄ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်