အူရီဒူးမြန်မာက Asia-Pacific Stevie® Awards 2022 တွင် ဆုသုံးဆု ဆွတ်ခူး

 

 

ရန်ကုန် မေ ၃
အူရီဒူးမြန်မာသည်  Asia-Pacific  Stevie® Awards 2022 တွင် ချီးမြှင့်သောဆုများအနက်  လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍတွင် ဆန်းသစ် တီထွင်အောင်မြင်မှု(Innovative Achieve-ment in Human Resources)အတွက် ရွှေ တံဆိပ်ဆု၊   ကော်ပိုရိတ်အလိုက် ကိုဗစ်-၁၉ တုံ့ပြန်မှုကဏ္ဍအတွက် ငွေတံဆိပ်ဆုနှင့်  သုံးစွဲ သူဝန်ဆောင်မှု    ကဏ္ဍတွင်    နည်းပညာကို ဆန်းသစ်တီထွင်အသုံးပြုခြင်း(ဆက်သွယ်ရေး လုပ်ငန်းများ)ကဏ္ဍအတွက်  ကြေးတံဆိပ်ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အူရီဒူးမြန်မာအနေဖြင့်   အူရီဒူးဝန်ထမ်း များအား အလေးထားဂရုစိုက်ခြင်း၊ ဆက်သွယ် ချိတ်ဆက်ခြင်းနှင့် စိန်ခေါ်မှုများကို အောင်မြင် အောင်ဆောင်ရွက်ခြင်းစသည့်  လုပ်ဆောင်မှု များကြောင့်     လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ တွင် ဆန်းသစ်တီထွင်အောင်မြင်မှု ရွှေတံဆိပ် ဆုကို  ရရှိခြင်းဖြစ်ကြောင်း သိရသည်။ 
ထို့အပြင်   မြန်မာနိုင်ငံတွင်  ကိုဗစ်-၁၉ ကပ်ရောဂါ  စတင်ဖြစ်ပွားချိန်မှစ၍  မြန်မာ နိုင်ငံ၏     ကိုဗစ်-၁၉     တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ပံ့ပိုးကူညီပေးမှုများ အတွက်   အူရီဒူးမြန်မာ၏   အားစိုက်ထုတ်မှု များကို       အသိအမှတ်ပြုသည့်အနေဖြင့်  ကော်ပိုရိတ်အလိုက် ကိုဗစ်-၁၉ တုံ့ပြန်မှုကဏ္ဍ တွင်    ငွေတံဆိပ်ဆု   ရရှိခြင်းဖြစ်ကြောင်း၊  မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် အူရီဒူးမြန်မာအနေ ဖြင့် ဆက်သွယ်ရေးဆိုင်ရာပံ့ပိုးမှု၊ ငွေကြေးပိုင်း ပံ့ပိုးမှု၊ အရေးပေါ်ဆေးပစ္စည်း ပံ့ပိုးလှူဒါန်းမှု နှင့်    ပြည်သူလူထုအား   ပံ့ပိုးမှုတို့အတွက် စုစုပေါင်း  ကျပ်သိန်းပေါင်း ၃၉၀၀၀ ကျော်ကို အသုံးပြုခဲ့ကြောင်း သိရသည်။
သုံးစွဲသူဝန်ဆောင်မှုကဏ္ဍတွင် နည်းပညာ ကို ဆန်းသစ်တီထွင်အသုံးပြုခြင်း(ဆက်သွယ် ရေးလုပ်ငန်းများ)ကဏ္ဍအတွက် ကြေးတံဆိပ် ဆုကို အူရီဒူးမြန်မာအနေဖြင့်  My Ooredoo အက်ပလီကေးရှင်းဖြင့်    ရရှိခဲ့ခြင်းဖြစ်သည်။ သုံးစွဲသူများသည် မည်သည့်ပြဿနာကိုမဆို သုံးစွဲသူဝန်ဆောင်မှုဌာနသို့    ဖုန်းခေါ်ဆိုရန် မလိုအပ်ဘဲ အက်ပလီကေးရှင်းပေါ်မှတစ်ဆင့်  ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဖြင့် အကြောင်းကြား နိုင်ခြင်း၊ အူရီဒူးဝန်ဆောင်မှု သုံးစွဲသူများအား ၎င်းတို့၏     ကြိုက်နှစ်သက်ရာများအပေါ် အခြေခံပြီး  ၎င်းတို့၏ကိုယ်ပိုင်အစီအစဉ်ကို အက်ပလီကေးရှင်းတွင် တည်ဆောက်နိုင်စေ ခြင်း၊  အင်တာနက်ပြတ်တောက်နေလျှင်လည်း အက်ပလီကေးရှင်းသို့   အင်တာနက်မလိုဘဲ ဝင်ရောက်အသုံးပြုနိုင်ခြင်း စသည်တို့ အပါ အဝင် အခြား ဝန်ဆောင်မှုများကြောင့် My Ooredoo အက်ပလီကေးရှင်းသည်  အူရီဒူး၏ သုံးစွဲသူဝန်ဆောင်မှု အတွေ့အကြုံကို သိသာ ထင်ရှားစွာ တိုးတက်စေခဲ့၍ ကြေးတံဆိပ်ဆုကို ရရှိခြင်းဖြစ်ကြောင်း သိရသည်။ 
Asia-Pacific Stevie® Awards  သည် အာရှ-ပစိဖိတ်ဒေသရှိ    အဖွဲ့အစည်းအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်သော      နိုင်ငံတကာ စီးပွားရေးဆု ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဆုပေးပွဲ၏ အဓိကဦးစားပေးအချက်မှာ ဆန်းသစ်တီထွင်မှု ပုံစံအားလုံးကို  အသိအမှတ်ပြုခြင်းဖြစ်သော ကြောင့်  ထိုဆုများသည် စီးပွားရေးလုပ်ငန်းများ အတွက်    ဂုဏ်သတင်းကြီးသောဆုဖြစ်ကာ ယခု ၂၀၂၂ ခုနှစ် ဆုအတွက်လည်း အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ဝင်ရောက် လျှောက်ထားယှဉ်ပြိုင်မှု   ၉၀၀   ကျော်ရှိခဲ့ ကြောင်း သိရသည်။
ကိုစိုး