အူရီဒူး၏  ပိုရင်လှူ လိုရင်ယူ အစီအစဉ်မှ  ဖုန်းဘေလ် ကျပ် ၇၅၆၆ သိန်းကျော် ပံ့ပိုးကူညီပေးထား

 

အူရီဒူးအသုံးပြုသူ ပြည်သူများအတွက်  အရေးပေါ် ဖုန်းဘေလ် လိုအပ်လျှင် ပံ့ပိုးကူညီနိုင်ရန်အတွက် အူရီဒူးမြန်မာက ပြုလုပ်ထား သည့် ပိုရင်လှူ လိုရင်ယူ အစီအစဉ်မှ စက်တင်ဘာ ၁၅ ရက်အထိ ဖုန်းဘေလ်အကူအညီတောင်းခံသူ ၁၅ သိန်းနီးပါးအတွက် ဖုန်း ဘေလ်     ကျပ်  ၇၅၆၆  သိန်းကျော်ကို   ပံ့ပိုးကူညီပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း  အူရီဒူးမြန်မာမှ  သတင်းထုတ်ပြန်ချက်အရ  သိရ သည်။
အူရီဒူးမြန်မာသည် ပိုရင်လှူ လိုရင်ယူ အစီအစဉ်ကို မတ် ၂၀ ရက်က စတင်ပြုလုပ်ခဲ့ပြီး အူရီဒူးဆင်းကတ် အသုံးပြုနေသူများသည် အရေးပေါ်ဖုန်းဘေလ် လိုအပ်ပါက ဖုန်းဘေလ် ကျပ် ၅၀၀ ကို ရယူသုံးစွဲနိုင်ရန် ပြုလုပ်ထားသော အစီအစဉ်ဖြစ်သည်။ ထိုအစီ အစဉ်အတွက် အူရီဒူးက စက်တင်ဘာ ၁၅ ရက်အထိ ကျပ် ၇၁၈၂  သိန်းကျော် မတည်လှူဒါန်းထားပြီး အူရီဒူးဝန်ထမ်းများနှင့် အခြား သုံးစွဲသူ ပြည်သူ တစ်သိန်းနီးပါးကလည်း အလှူငွေ ကျပ် ၃၈၄ သိန်းကျော်ကို လှူဒါန်းထားကြောင်း သိရသည်။
အူရီဒူးအသုံးပြုသူများအနေဖြင့် ယင်းအစီအစဉ်အရ အရေး ပေါ် ဖုန်းဘေလ်လိုအပ်လျှင် *505# ကို ဖုန်းခေါ်ဆိုပြီး ဖုန်းဘေလ် ကျပ် ၅၀၀ ကို ရယူကာ ယင်းဖုန်းဘေလ်ကို ပုံမှန်ဘေလ်အတိုင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုပို့ခြင်း၊ ဒေတာ သို့မဟုတ် ဖုန်းခေါ်ဆိုမှုအစီ အစဉ်များ ဝယ်ယူခြင်းတို့အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ အလှူငွေကို ရယူသူများသည် အရေးပေါ် တစ်ကြိမ်သာ ရယူနိုင် မည်ဖြစ်ပြီး နောက်တစ်ကြိမ် ရယူရန်အတွက် အနည်းဆုံး ကျပ် ၅၀၀ သို့မဟုတ် ယင်းထက်ပိုသော ဘေလ်ပမာဏကို ပြန်လှူဒါန်း ပြီးမှသာ ထပ်မံရယူနိုင်မည်ဖြစ်သည်။ ဖုန်းဘေလ်လှူဒါန်းလိုသူ များအနေဖြင့်မူ *505# မှတစ်ဆင့် အနည်းဆုံး ကျပ် ၁၀၀ မှစ၍ အကန့်အသတ်မရှိ လှူဒါန်းနိုင်မည်ဖြစ်သည်။                     
ကိုစိုး