အုတ်တွင်းမြို့နယ်၌ ပုံစံ ၆၆/၆ Database ရေးသွင်းမှု ရာနှုန်းပြည့်ပြီးစီး

အုတ်တွင်း ဩဂုတ် ၁၂ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ ပုံစံ ၆၆/၆ Database ရေးသွင်း မှု ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ပုံစံ ၆၆/၆ Database ရေးသွင်းမှုရာနှုန်းပြည့်‌အောင် မြင်စွာပြီးစီးအောင် ဆောင်ရွက်ခဲ့ကြသည့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုမှအုပ်ချုပ်ရေးမှူးများနှင့် စာ‌ရေး များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ကျေးဇူး တင်ကြောင်း ဂုဏ်ပြုစကားပြောကြားသည်။ အိမ်‌‌ထောင်စု လူဦး‌ရေ စာရင်း‌ရေးသွင်းမှု စီမံချက်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်၍ အချိန်မီပြီးစီးအောင် တာဝန်သိစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်း ၃၂ ဦးအား တစ်ဦးလျှင်ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၈၀၀၀၀ကို ထောက်ပံ့ပေးအပ်သည်။ (အပေါ်ယာပုံ) အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၀ ရှိပြီး အိမ်ထောင်စုလူဦးရေ ၂၉၆၉၀ ရှိကြောင်း သိရ သည်။ အေမင်းရည်စော(ပြန်/ဆက်)