
အုတ်တွင်း ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ်၌ နွေစပါးဧက ၁၀၀ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ခပေါင်း ဆည်ရေသောက်စနစ် ဆည်ရေအသုံးချသူများအဖွဲ့(WUG)ဖွဲ့စည်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက်က ကျွဲပွဲမြို့ သာသနာ့ဗိမာန်၌ ကျင်းပသည်။
၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးဧက ၁၀၀ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကျွဲပွဲမြို့ ဇီးကုန်းကျေးရွာအနီး ခပေါင်းလက်ခွဲတူးမြောင်းမှ ဆိုလာ စက်ရေတင်စနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်ပေးခဲ့သော တောင်သူ ၂၂ဦးအား ဆည်ရေအသုံးချသူများ အဖွဲ့ ဖွဲ့စည်းပေးခဲ့သည်။ အခမ်း အနားသို့ ခရိုင်ဆည်မြောင်းဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးအောင်ကိုကိုထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌက ဆည်ရေအသုံးပြု သူ တောင်သူများအနေဖြင့် ဆည်ရေကို အလေအလွင့်နည်း စွာဖြင့် အဖွဲ့ဝင်တောင်သူတိုင်းရေသွင်းစိုက်ဧရိယာအလိုက်အချိုးကျ အညီအမျှ ဆည်ရေသွင်းစိုက်ပျိုး ကြရန်ရည်ရွယ်၍ ဆည်ရေအသုံးချ သူများအဖွဲ့ နှစ်ဖွဲ့အား ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပြီး ဆိုလာစနစ်သုံး ရေတင်စက် ဖြင့် ရေပေးနေမှု အခြေအနေ ကို ကွင်းဆင်းကြည့်ရှု စစ်ဆေး သည်။(အပေါ်ပုံ)
အုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် နွေ စပါး ၂၉၁၂၁ဧက တိုးချဲ့စိုက်ပျိုး နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိ ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)