
အုတ်တွင်း မေ ၆
ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ နှာခေါင်းစည်း တပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု ကို မြို့အထွက် တိုးဂိတ်နေရာ၌ မေ ၅ ရက်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက ကိုဗစ်- ၁၉ ရောဂါ မျိုးကွဲသစ်ပြန့်ပွားမှု ဆက်လက် ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေအကွာ နေထိုင်ရန် တို့ကို အသိပညာပေးပြောကြားပြီး မြို့အထွက်တိုးဂိတ်၌ ဖြတ်သန်း သွားလာနေသည့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးသည်။
အုတ်တွင်းမြို့နယ်အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များကို ဆက်လက် လိုက်နာဆောင်ရွက်ရန် လိုအပ် သည့်အတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)