
အုတ်တွင်း ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာ ဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ယမန်နေ့က အ.မ.က(မူလွန်)နတ်စဉ် ကုန်းနှင့် အ.မ.က (မူလွန်) ပုဏ္ဏစုကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေးခေါင်းစဉ်ဖြင့် လည်း ကောင်း၊ မြို့နယ်စာသုံးသူရေးရာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးခိုင်က စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် လည်း ကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက ကလေး ငယ်များအား စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းအရာအား လည်း ကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ခင်ခင်မာ(ပြန်/ဆက်)