အုန်းထွက်ပစ္စည်းများ စီးပွားဖြစ် ပိုမိုထုတ်လုပ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အုန်းအခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် အုန်းအမာခွံလက်မှုထည် သင်တန်းဆင်း

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ကိုကိုးကျွန်း မြို့နယ်            ဖွံ့ဖြိုးတိုးတက်ရေး အတွက်   အုန်းထွက်ပစ္စည်းများ အား ယခင်ထက်   ပိုမိုစီးပွားဖြစ် ထုတ်လုပ်နိုင်ရေးနှင့်   ထုတ်ကုန် ပစ္စည်းများအား ဈေးနှုန်းသက်သာ စွာ    ထုတ်လုပ်ရောင်းချနိုင်ရန် အတွက် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဇန်နဝါရီ ၂၇ ရက်မှ စတင်ဖွင့်လှစ် ခဲ့သည့် အုန်းအခြေခံစားသောက် ကုန်၊ လူသုံးကုန်နှင့် အုန်းအမာခွံ လက်မှုထည် သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၉ ရက်တွင် ကိုကိုးကျွန်း မြို့နယ်ခန်းမ၌ ပြုလုပ်သည်။

 


သင်တန်းဆင်းပွဲသို့ နယ်မြေခံ တပ်မှ    တပ်မတော်အရာရှိကြီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သားများ        တက်ရောက်ကြပြီး သင်တန်းကာလအတွင်း    အုန်း အခြေခံစားသောက်ကုန် ၁၂ မျိုး၊ လူသုံးကုန်လေးမျိုးနှင့် အုန်းအမာခွံ လက်မှုထည်    ၁၀   မျိုးတို့၏ ထုတ်လုပ်ပုံ       အဆင့်ဆင့်တို့ကို လက်တွေ့လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

 


အဆိုပါသင်တန်းကို ဒေသခံ သင်တန်းသား၊ သင်တန်းသူ ၂၁ဦး ဖြင့်   ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အုန်းအခြေခံတန်ဖိုးမြင့်ထုတ်ကုန် များ ထုတ်လုပ်နိုင်ခြင်းဖြင့် ကိုကိုး ကျွန်းဒေသတွင်         ပေါများစွာ ထွက်ရှိသော    အုန်းသီးများကို အလေအလွင့်   ဆုံးရှုံးမှုမရှိစေဘဲ ကျန်းမာရေးနှင့်           ညီညွတ်၍ အာဟာရတန်ဖိုးများစွာ      ပါဝင် သည့် စားသောက်ကုန်ပစ္စည်းများ နှင့်  ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးကောင်းမွန်သည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် လာနိုင်မည့်အပြင်    ကိုကိုးကျွန်း ဒေသအတွင်းရှိ          ပြည်သူများ အလုပ်အကိုင်  အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ       ပိုမိုတိုးတက်လာ နိုင်မည်ဖြစ်ကြောင်း   သတင်းရရှိ သည်။                    

သတင်းစဉ်