အတူ နွှဲပျော်ဖို့ ဖိတ်ခေါ်ပါသည် ရန်ကုန်မြေက ပြည်ထောင်စုနေ့ ပွဲတော်ဆီ

 

သတင်းဆောင်းပါး - နဒီမင်း၊ ဓာတ်ပုံ - တင်စိုး (မြန်မာ့အလင်း)

 

ရန်ကုန်မြို့   ဒဂုံမြို့နယ်    ပြည်သူ့ရင်ပြင် တွင် စည်ကားသိုက်မြိုက်စွာ  ကျင်းပနေ သည့် (၇၆) နှစ်မြောက်   ပြည်ထောင်စုနေ့ အထိမ်းအမှတ်   တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊   ရိုးရာအစားအစာနှင့် စက်မှုဇုန်ထုတ်ကုန်ပစ္စည်းများ ရောင်းချ သည့် ပွဲတော်ကြီး။

 


အဆိုပါပွဲတော်ကြီးတွင်  ပြည်နယ်နှင့် တိုင်း     ဒေသအသီးသီးက   ဒေသခံ တိုင်းရင်းသားတို့  ဖွင့်လှစ်ပြသထားသည့် ဒေသဖွံ့ဖြိုးရေးပြခန်းများနှင့် ဒေသထွက် အစားအသောက်ပြခန်းများက   စိတ်ဝင် စားဖွယ် ကောင်းလှသည်။

 


ကချင်ပြည်နယ်   ကိုယ်စားပြုပြခန်း 


ကချင်ပြည်နယ်  ကိုယ်စားပြုပြခန်း တွင်  ကချင်ပြည်နယ်မြေပုံ၊  မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ပါဝင်  ခဲ့သည့် ကချင်ပြည်နယ်မှ တိုင်းရင်းသား ခေါင်းဆောင် ၉ ဦး၏  မှတ်တမ်းဓာတ်ပုံ များ၊  ကချင်မျိုးနွယ်စု ခြောက်မျိုး၊ ကချင်  ရိုးရာ ကောက်သစ်စားပွဲ၊  ရိုးရာမနောပွဲ၊ လော်ဝေါ်မျိုးနွယ်စုတူရိယာ၊     ရိုးရာ ယဉ်ကျေးမှု      ဓလေ့ထုံးတမ်းဆိုင်ရာ  မှတ်တမ်းဓာတ်ပုံများ၊ ရဝမ်ရိုးရာ ဂျပ်ခုတ်၊   ရိုးရာဂျပ်ခုတ်       ရက်ကန်းစင်တို့ကို လေ့လာနိုင်ရန် ပြသထားသည်။ 
ထို့ပြင်    ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေးဆိုင်ရာ  အဆောက်အအုံနှင့် စေတီပုထိုးများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊   ကချင်ပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး    မှတ်တမ်းဓာတ်ပုံ များ။  ခါကာဘိုရာဇီရေခဲတောင်၊ တဟွန် ဒမ်းကျေးရွာ ၊ ဂန်လန်ရာဇီ၊  ဖုန်ကန်ရာဇီ ရေခဲတောင်၊     ပူတာအိုပျားရည်အိုင် ရှုခင်းအလှ၊  ခါကာဘိုရာဇီ  အမျိုးသား ဥယျာဉ်မှ  သားငှက်တိရစ္ဆာန် ဓာတ်ပုံများ စသည့် ပူတာအိုဒေသရှုခင်းများ၊ ရှိန်းခေါင် ဒေသရှုခင်းအလှအပများ၊  ပန်ဝါဒေသ ရှုခင်းအလှအပများကို  တစ်နေရာတည်း ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ 

 


 အထူးသဖြင့်       နာမည်ကျော် ကျောက်စိမ်းနှင့် ပယင်းအချောထည်များ၊ ကျောက်စိမ်းဖြင့်    ပြုလုပ်ထားသည့် လက်မှုပစ္စည်းများ၊    ဒေသထွက်ကုန် ပစ္စည်းများ၊ ပြသထားသည့်  မြင်ကွင်းက လာရောက်လေ့လာသူများကို  ဆွဲဆောင် လျက်ရှိသည်။         ရိုးရာအစားအစာ ဆေးဖက်ဝင်ပစ္စည်းများကိုလည်း ဝယ်ယူ နိုင်သည်။ 

 


ကယားပြည်နယ် ကိုယ်စားပြုပြခန်း


ကယားပြည်နယ် ကိုယ်စားပြုပြခန်း တွင်  ကယားပြည်နယ်ရှိ  လွတ်လပ်ရေး ကျောက်တိုင်  ပုံစံငယ်၊    ယင်းတလဲ၊ ကယား၊   ကဲ့ခို၊   ကယမ်း(ပဒေါင်)၊ ယင်းဘော်၊  ဂေဘား၊   ပရဲ(ကယော်)၊ မနုမနော၊    ဇယိမ်းစသည့်   ကယား တိုင်းရင်းသား လူမျိုးစု ကိုးမျိုးတို့၏ ရိုးရာ ဆင်ယင်ထုံးဖွဲ့မှု၊  ကယားတိုင်းရင်းသား တို့၏ ရိုးရာတူရိယာပစ္စည်းများ၊  ကယား ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုမှတ်တမ်းများ၊  စိုက်ပျိုးရေး ကဏ္ဍ၊  ဒေသထုတ်ကုန်များ၊   ရက်ကန်း လုပ်ငန်းများကို  ခင်းကျင်းပြသထားသည်။ 

 


အထူးသဖြင့်   ကယားပြည်နယ်၏ နာမည်ကျော်   ငွေတောင်ဆည်နှင့်  ဘီလူး ချောင်း အမှတ်(၁)(၂)(၃)  ဓာတ်အားပေး စက်ရုံများကိုလည်း   ပုံစံငယ်လေးများ ပြုလုပ်ပြသထားသည့်အတွက် စိတ်ဝင် စားဖွယ်ကောင်းလှသည်။ 
ကယားပြည်နယ်    ပြခန်းဖြစ်မြောက် ရေး  တွဲဖက်အတွင်းရေးမှူး  ဦးခင်မောင် သန်းက  “အခုလို ကယားပြည်နယ်ကနေ ရန်ကုန်မြေမှာ ကျွန်တော်တို့ ဒေသထွက် ပစ္စည်းတွေ၊   ယဉ်ကျေးမှုတွေလာရောက် ပြသခွင့်ရတဲ့အတွက်   အထူးပင်ကျေးဇူး တင်ရှိပါတယ်။     ဒီမှာလာပြီး    ပြသတဲ့  ပြခန်းပေါင်း   အကုန်လုံးနီးပါးကိုလည်း  လေ့လာဖြစ်ပါတယ်။  အတွေ့အကြုံတွေ လည်း  အများကြီးရပါတယ်။    ကိုယ် မရောက်ဖူးတဲ့   ဒေသတွေရဲ့  အတွေ့ အကြုံသစ်တွေလည်း   အများကြီးရပါ တယ်။  ကျွန်တော်တို့ဒေသထွက် ကယား ဝက်အူချောင်းနဲ့ ခေါင်ရည်ကို လာရောက် စားသုံးလှည့်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်’’ ဟုပြောသည်။ 

 


ကရင်ပြည်နယ် ကိုယ်စားပြုပြခန်း


ကရင်ပြည်နယ်  ကိုယ်စားပြုပြခန်း တွင်  ကရင်မျိုးနွယ်စု ၁၁ မျိုး၏ ဝတ်စား ဆင်ယင်   ထုံးဖွဲ့မှုများနှင့်   နေထိုင်ရာ ဒေသများ၊  ဝါးဖြင့်ဆောက်လုပ်ထားသော ပိုးကရင်နှင့်  စကောကရင်တိုင်းရင်းသား တို့၏  ရိုးရာအိမ်ပုံစံတူ  အိမ်ငယ်လေးများ၊     ကရင်ရိုးရာ  သက်မွေးလုပ်ငန်းသုံးပစ္စည်း များ၊ ကရင်တိုင်းရင်းသားတို့၏  ရိုးရာ တူရိယာများဖြစ်သည့်  ဖားစည်၊  ဘင်၊ အိုးစည်၊ စည်း၊ လင်းကွင်း၊ ကျွဲချို စသည့်  တူရိယာပစ္စည်းများကို    အမျိုးအစား စုံလင်စွာ ပြသထားသည်။

 


ထို့ပြင် ကရင်ရိုးရာ ဓလေ့ပွဲတော်များ၊ ကရင် ဗျည်းသရများ၊  ဂူဘုရားများနှင့် ရှုခင်းများ၊    ကရင်ပြည်နယ်   ဖွံ့ဖြိုးရေး ဆောင်ရွက်မှုမှတ်တမ်းများ၊      ကရင် ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်များ၊      ရိုးရာဂျပ်ခုတ်လုပ်ငန်း အကြောင်း၊   ကရင်ဒုံးအက   နောက်ခံ သမိုင်းကြောင်း၊     ကရင်ပြည်နယ်နေ့ သမိုင်းကြောင်းနှင့်   ဒေသထွက်ကုန်များ ကိုလည်း ဗဟုသုတဖြစ်ဖွယ် လေ့လာသိရှိ ခွင့်ရမည် ဖြစ်သည်။

 


ကရင်ပြည်နယ်  ကိုယ်စားပြုပြခန်း မှ ဦးစောထွန်းလှိုင်ရွှေက “တိုင်းနဲ့ပြည်နယ်  အသီးသီးကနေ     ခုလိုတစ်စုတစ်စည်း တည်း လာပြခွင့်ရတော့ ကိုယ့်ရိုးရာအဝတ် အထည်  ဂျပ်ခုတ်လုပ်ငန်းကို   အများသိ အောင်ပြခွင့်ရတယ်။   ရိုးရာယဉ်ကျေးမှု တွေ ပြခွင့်ရတယ်။နေထိုင်မှုပုံစံတွေ ပြခွင့် ရတယ်။   တူရိယာပစ္စည်းအစုံကိုလည်း ပြသထားပါတယ်။    လာကြည့်တဲ့သူတွေ လည်း ကရင်ပြည်နယ်ကို လာစရာမလိုဘဲ တစ်နေရာတည်း    ကရင်ပြည်နယ်နဲ့ ပတ်သက်တာတွေကို    မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်”  ဟုပြောသည်။

 


ချင်းပြည်နယ် ကိုယ်စားပြုပြခန်း


ချင်းပြည်နယ် ကိုယ်စားပြုပြခန်းတွင် အမျိုးအစားစုံလင်စွာ    ပြသထားသည့်  ဝါးဖြင့်ပြုလုပ်ထားသည့်     ချင်းရိုးရာ ပလိုင်းအမျိုးမျိုး၊      ချင်းဒေသထွက် စိုက်ပျိုးထွက်ကုန်များ၊  ရိုးရာယဉ်ကျေးမှု ပစ္စည်းများ၊       အသုံးအဆောင်များ၊  ချင်းပြည်နယ်အလှဓာတ်ပုံများ၊    ချင်း ရိုးရာ လက်မှုပစ္စည်းများ၊ ဒေါင်းဗွီးပွဲတော်၊ ခွာဒိုပွဲတော်၊     ရှာလ်ဆောမ်းပွဲတော်၊ လမ်းဆောမ်းပွဲတော်များတွင်    တီးမှုတ် လေ့ရှိသည့်  ငြင်းတူရိယာများနှင့်   အမဲ လိုက်ရာတွင် အသုံးပြုသည့်  ချင်းရိုးရာ လက်နက်ပစ္စည်းမျိုးစုံကို      ခင်းကျင်း ပြသထားသည်။ 

 


မွန်ပြည်နယ် ကိုယ်စားပြုပြခန်း


မွန်ပြည်နယ်  ကိုယ်စားပြုပြခန်းသို့ ဝင်လိုက်သည်နှင့်     လဆန်းတူရိယာ၊ ပတ္တလား၊  မိကျောင်းတူရိယာ  စသည့် ရိုးရာယဉ်ကျေးမှု   တူရိယာပစ္စည်းများ ခင်းကျင်းထားသည့် မြင်ကွင်းက ဆီးကြို နေမည်ဖြစ်သည်။    ပြခန်းအတွင်းတွင် လည်း မွန်တိုင်းရင်းသား ရိုးရာဝတ်စုံများ၊ မုဒုံဒေသထုတ်ကုန်များ၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်ပုံအဆင့်ဆင့်နှင့်      ကုန်ချော ပစ္စည်းများ၊ ဆေးတံလုပ်ငန်းဖြင့် နာမည် ကျော်ကြားလှသည့်    ချောင်းဆုံဒေသ ရိုးရာလက်မှုပစ္စည်းများ၊  စက်မှုထုတ်ကုန် များ၊ သမဝါယမအသင်းများ၏ ထုတ်ကုန် များ၊ မွန်တို့ဌာနေ၏  စိတ်ဝင်စားဖွယ်နေရာ များ    သဘာဝရှုခင်း   အလှအပများကို တစ်နေရာတည်း တစ်စုတစ်စည်းတည်း လေ့လာနိုင်မည်ဖြစ်သည်။

 


ရခိုင်ပြည်နယ် ကိုယ်စားပြုပြခန်း


ရခိုင်ပြည်နယ်   ကိုယ်စားပြုပြခန်း အဝင်ဝတွင်   ရခိုင်တိုင်းရင်းသားတို့၏ ဗျာလ် က ခန့်ထည်လှပစွာ။ ပြခန်းအတွင်း တွင်လည်း  မြောက်ဦးခေတ်၊  ဓညဝတီ ခေတ်၊ ဝေသာလီခေတ်  ဗုဒ္ဓရုပ်ပွားတော် များ၊  ဝေသာလီခေတ် ဆီမီးခွက်ပုံစံတူ၊  ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊  လေးမျက်နှာ ပုထိုးတော်ကြီး  စသည်တို့ ကို  ပုံစံငယ်များ   ပြုလုပ်ပြသထားသည်။ 
ထို့ပြင် စစ်တွေရက်ကန်းနှင့် အသက် မွေးပညာသင်ကျောင်းမှ  ပြသထားသည့် ရက်ကန်းစင်၊   ရက်ဖောက်ရစ်ခုံတို့ကို ကြည့်ရှုလေ့လာနိုင်သည့်အပြင်    ရခိုင် လူမျိုးတို့၏ ရိုးယဉ်ကျေးမှု  အမွေအနှစ် များ၊ ဝတ်စားဆင်ယင်မှုနှင့် ရခိုင်ပြည်နယ် အလှအပများကို      ပြခန်းမှတစ်ဆင့် လေ့လာသိရှိနိုင်မည်ဖြစ်သည်။

 


ရှမ်းပြည်နယ် ကိုယ်စားပြုပြခန်း


ရှမ်းပြည်နယ် ကိုယ်စားပြုပြခန်းတွင် တောင်ပေါ်မြေ၏ အထိမ်းအမှတ်  ချယ်ရီ ပန်း၊  အထင်ကရ တိုးနယားရုပ်တုတို့ဖြင့် ပနံတင့်လှသည်။   ရှမ်းပြည်နယ်အတွင်း နေထိုင်သည့်  ရှမ်းမျိုးနွယ်စုများ၏  ရိုးရာ ဝတ်စားဆင်ယင်မှုနှင့်အတူ ရိုးရာယဉ်ကျေး  မှုတိုးနယားအက၊  ကိန္နရီ၊   ကိန္နရာအက     စသည်တို့အပြင် ဓနု၊ ပလောင်၊ ပအိုဝ်း၊ လီဆူ၊  အင်း၊ ရှမ်း၊ ယင်းနက်၊ ‘ဝ’၊ အာခါ၊  လားဟူ တိုင်းရင်းသားတို့   နေထိုင်မှုအိမ်ပုံစံလေး များ      ဆောက်လုပ်ပြသထားမှုကလည်း ဆွဲဆောင်မှုရှိလှသည်။ 
ထို့ပြင် ရှမ်းပြည်နယ်၏ အထင်ကရ ဘုရားစေတီများ၊ တောင်ယာစိုက်ခင်းများ၊  နေကြာ၊ ကော်ဖီ၊  အာလူး၊ လက်ဖက်၊ပဲ၊ ပြောင်း စသည့်ဒေသထွက်ကုန်အမျိုးမျိုး၊ ရှမ်းရိုးရာ  တူရိယာပစ္စည်းများဖြစ်သည့် ဗုံတို၊    ဗုံရှည်များ၊   ရှမ်းပေပရပိုက်၊ ဆွမ်းအုပ်၊ အေဒီ ၁၈ ရာစုက ရရှိခဲ့သည့် ကြေးခေါင်းလောင်း၊   ရှမ်းကုန်သွယ်မှု ခေါင်းလောင်း၊ ရှမ်းစာပါ အုတ်ချပ်တို့ကိုပါ လေ့လာနိုင်မည်ဖြစ်သည်။ 

 


ထူးခြားမှုများအနေဖြင့်  ရှမ်းစက္ကူ ထုတ်လုပ်ပုံ အဆင့်ဆင့်နှင့်  လွန်ခဲ့သော နှစ်ပေါင်း ၉၀ ခန့်က  အင်းလေးဒေသ၏ နာမည်ကျော်  ကြာချည်ဖြင့် ချည်ထည် ရက်လုပ်သည့် လုပ်ငန်းအဆင့်ဆင့်တို့ကို လည်း  အဆိုပါပြခန်းတွင် လေ့လာနိုင် မည်ဖြစ်သည်။ 


ရက်ကန်းနှင့်       အသက်မွေးပညာ သင်တန်းကျောင်း          (တောင်ကြီး)မှကျောင်းအုပ်ကြီး ဒေါ်ဖြူဖြူမြင့်က “မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊  တိုင်းရင်း  သားရိုးရာ   ရက်ကန်းလုပ်ငန်းတွေကို ထိန်းသိမ်းမြှင့်တင်ဖို့နဲ့   အတတ်ပညာ နည်းပညာတွေကို       ဖြန့်ဝေပေးဖို့ လာရောက်ပြသတာဖြစ်ပါတယ်။ ဒီပြပွဲမှာ ရန်ကုန်မှာမရှိသေးတဲ့ ကြာချည်ထုတ်လုပ်  မှုနဲ့ ကြာချည်နဲ့ပတ်သက်တဲ့ အထည်တွေ ရက်ခတ်တာကို   ကျွန်မတို့  သရုပ်ပြပါ တယ်။ တိုင်းရင်းသား ယဉ်ကျေးမှုအမွေ အနှစ်တွေ ထိန်းသိမ်းဖို့အတွက် ဂျပ်ခုတ် စင်တွေကို ကျွန်မတို့ သင်တန်းသူတွေနဲ့ ဝန်ထမ်းတွေက   လာရောက်သရုပ်ပြ ကြတာဖြစ်ပါတယ်။ ရန်ကုန်မှာ လာကြည့်  တဲ့သူတိုင်းက မမြင်ဖူးတဲ့အတွက် စိတ်ဝင် တစားရှိကြပါတယ်” ဟု ပြောသည်။

 


တိုင်းဒေသကြီးနှင့်      ပြည်နယ် အသီးသီးမှ      တိုင်းရင်းသားသွေးချင်း မောင်နှမများ၏ ပြခန်းများကို  ကြည့်ရှု ခံစားရင်း၊ ရိုးရာအစားအစာများ ရောင်းချ သည့်ဆိုင်ခန်းများသို့  လာရောက်စားသုံး ကြရင်း၊  ယင်းဒေသများ၏    သဘာဝအလှ အပများနှင့် ရိုးရာဓလေ့များ ၊အထင်ကရ နေရာများ၊  ဒေသအသိပညာဗဟုသုတ များကို   လေ့လာရင်း၊   တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ အက၊ အလှ ဖျော်ဖြေတင်ဆက်မှုများကို   ချစ်ကြည် ရင်းနှီးမှုများဖြင့်   ပျော်ရွှင်စွာခံစားရင်း  ဖေဖော်ဝါရီ ၁၀ ရက်မှ   စတင်ကာ  ၅ ရက်တိုင်   ရန်ကုန်မြေတွင်ကျင်းပမည့် ပြည်ထောင်စုနေ့ ပွဲတော်ကြီးသို့ သွေးချင်း  မောင်နှမများနှင့်အတူ     နွှဲပျော်နိုင်ရန်   ဖိတ်ခေါ်လိုက်ရပါသည်။