
အဋ္ဌမအကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်မှုညီလာခံ
အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေး
==============================================
နေပြည်တော် ဖေဖော်ဝါရီ ၁၃
အဋ္ဌမအကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်မှု ညီလာခံ (8th Myanmar Media Development Conference) အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ UNESCO ၊ IMF/Fojo ၊ DW Akademie ၊ BBC Media Action ၊ Internews ၊ JICA ၊ MYPOL တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် အဋ္ဌမအကြိမ်မြောက် မြန်မာမီဒီယာ ဖွံ့ဖြိုးတိုးတက်မှုညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ညီလာခံတွင် အဓိကထား၍ ဆွေးနွေးမည့် ခေါင်းစဉ်များ၊ ထည့်သွင်းဆွေးနွေးမည့်အကြောင်းအရာ များနှင့် ညီလာခံကျင်းပမည့်ရက် လျာထားစီစဉ်ဆောင်ရွက် မှုတို့ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
သတင်းစဉ်