
တောင်ကြီး ဖေဖော်ဝါရီ ၂၆
အဋ္ဌမအကြိမ် ပြည်နယ်/ မြို့နယ်သံဃနာယက အဖွဲ့များအနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်း ဆိုင်ရာ ပြည်နယ်/မြို့နယ် သံဃဝန်ဆောင်အစည်း အဝေးကို ယနေ့ မွန်းတည့် ၁၂ နာရီက တောင်ကြီးမြို့သိမ်တောင်ပရိယတ္တိစာသင်တိုက်၌ကျင်းပသည်။
အစည်းအဝေးတွင် သဘာပတိဆရာတော် အဖြစ် နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု မိုင်းသောက်ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသအား တင်မြှောက်ပြီး အခမ်းအနား ကို ဆရာတော် သံဃာတော်၊ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးကို စတင်ကာ အစည်းအဝေးသို့ ကြွရောက်တော်မူလာ ကြသော ပြည်နယ်သံဃဝန်ဆောင် ဆရာတော်များ ၏ အရည်အတွက်ကို နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌက ဖတ်ကြားလျှောက်ထားပြီး အစည်း အဝေးအထမြောက်ကြောင်း ကြေညာ၍ အစည်း အဝေးအဖွင့် သြဝါဒကထာ မြွက်ကြားပေးသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက သာသနာရေးဆိုင်ရာများ ကို လျှောက်ထားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံတော်သံဃနာယကဆရာတော်နှင့် ဗဟို ဝန်ဆောင် ဆရာတော်သုံးပါးအား နဝကမအလှူ ငွေများကို ပြည်နယ်ဝန်ကြီးချုပ်မှ ဆက်ကပ်ပေး၍ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု မိုင်းသောက်ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသက အနားယူခြင်းဆိုင်ရာ လုပ်ငန်း စီမံချက်အရ အနားယူသော ဆရာတော်၏ဘွဲ့ အမည် စာရင်းကိုကြေညာပြီး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာ နယ်မြေအလိုက် အမည်စာရင်းတင်သွင်းမည့် အဆို ရှင် ပြည်နယ်သံဃဝန်ဆောင် ဆရာတော်ကို ဖိတ် ခေါ်၍ ယင်းအဆိုကို သက်ဆိုင်ရာ နယ်မြေအလိုက် ထောက်ခံမည့် ပြည်နယ်သံဃဝန်ဆောင်ဆရာတော် ကို ဖိတ်ခေါ်ကာ သဘာပတိဆရာတော်က ပြန်လည် ရွေးချယ်ခံရသည့် ပြည်နယ်သံဃနာယက ဆရာတော် ဘွဲ့အမည်စာရင်းကို ပြည်နယ်သံဃဝန်ဆောင် အစည်းအဝေးသို့တင်သွင်းပြီး သာဓုသုံးကြိမ်ခေါ်၍ အတည်ပြုပေးကြပြီး သဘာပတိဆရာတော် နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်သြဝါဒကထာမြွက်ကြား၍ ပြည်နယ် သံဃနာယကအဖွဲ့ဝင်များ ပြည်လည်ရွေးချယ်ခြင်းအစည်းအဝေးကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)