
နေပြည်တော် နိုဝင်ဘာ ၈
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေးကို ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော်(၃၊ ၄၊ ၅၊ ၆)ရက်၊(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁၊ ၂၊ ၃)ရက် ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော် (၇၊ ၈)ရက်၊(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄၊ ၅ ရက်) တနင်္လာ၊ အင်္ဂါနေ့များတွင် ပန္နရသမအစည်းအဝေးကြီး ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသည် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်)၊ ဗုဒ္ဓဟူးနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။
ပင့်လျှောက်စာများ အချိန်မီ မရောက်ရှိပါကလည်း အဆိုပါနေ့ရက် များအတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူကြပါရန် ပင့်လျှောက်အပ်ပါ ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်