အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ သောဠသမအစည်းအဝေး ဒုတိယနေ့ ကျင်းပ

 

ရန်ကုန်   မတ်   ၆ 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊   အဋ္ဌမ အကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါး စုံညီ သောဠသမအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီ၌  ရန်ကုန်မြို့    သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ     ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက် ကျင်းပသည်။ 


အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက်၊ ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ   အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ  ဘဒ္ဒန္တစန္ဒိမာဘိဝံသ     အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေး   ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်   ဒုတိယပါမောက္ခချုပ် (စီမံ)နှင့်   သာသနာရေးဦးစီးဌာနမှ   အရာထမ်း၊ အမှုထမ်းများ၊    တိုင်းဒေသကြီး  /   ပြည်နယ် သာသနာရေးမှူးများ    တက်ရောက်ကြည်ညိုကြ သည်။


အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာ တော်၊ အဂ္ဂမဟာပဏ္ဍိတ  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက ဆောင်ရွက်တော် မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော် ဆောင်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သီဟ နာဒက ဆောင်ရွက်တော်မူသည်။ 


ဝေဖန်ဆွေးနွေးတော်မူ


ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန် ကျရာ ကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာဆောင်ရွက်ချက်အပေါ် သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တစန္ဒက လည်းကောင်း၊ သာသနာ ရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒက    လည်းကောင်း၊      ပညာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ၊ Ph.d ဒေါက်တာ  ဘဒ္ဒန္တသူရိယက  လည်းကောင်း  ဝေဖန် ဆွေးနွေးတော်မူကြသည်။


ဆွေးနွေးဆုံးဖြတ်တော်မူ


ထို့နောက်   ဝိနိစ္ဆယရေးရာ၊   သာသနာရေးရာ၊  ပညာရေးရာကိစ္စရပ်များနှင့်  စပ်လျဉ်း၍  ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး  အစည်းအဝေးကို  ရပ်နား လိုက်သည်။


ဆက်လက်၍   အဋ္ဌမအကြိမ်    နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ သောဠသမအစည်း အဝေး၊ ဒုတိယနေ့၊ ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပပြီး        ဝိနိစ္ဆယရေးရာကိစ္စများ၊ သာသနာရေးရာကိစ္စများ၊ ပညာရေးရာကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။


ပြန်ကြားလျှောက်ထား


ယင်းနောက်   အဋ္ဌမအကြိမ်    နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ်  တာဝန်ကျရာကာလအတွင်း     ဆောင်ရွက်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးဆုံးဖြတ် ချက်များအပေါ် ဝိနိစ္ဆယရေးရာဆောင်ရွက်ချက်ကို  အဂ္ဂမဟာပဏ္ဍိတ        ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ပညာသီဟာလင်္ကာရာဘိဝံသက လည်းကောင်း၊ သာသနာရေးရာဆောင်ရွက်ချက်များကို အဂ္ဂမဟာ ပဏ္ဍိတ  ဘဒ္ဒန္တပဏ္ဍဝံသက  လည်းကောင်း၊  ပညာ  ရေးရာ  ဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ    ကောဏ္ဍည  ကလည်းကောင်း    ပြန်ကြား လျှောက်ထားတော်မူကြသည်။


ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊     တတိယအဖွဲ့ခွဲ၏       ပဉ္စမအကြိမ် တာဝန်ကျရာကာလအတွင်း        ဆောင်ရွက်ချက် အစီရင်ခံစာကို  တွဲဖက်အကျိုးတော်ဆောင်  ဆရာ တော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက အတည် ပြုချက်ရယူပြီး အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ  နာယကအဖွဲ့ (၄၇) ပါးစုံညီ သောဠသမအစည်းအဝေးကို  မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။                                            

     
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာ ကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ကြီးများအား သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဝေဠုဝန် (ရွှေကျင်)   ကျောင်းတိုက်ဆရာတော်၊   မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတ  ဦးဆောင်သော တပည့် ဒါယကာ  ဒါယိကာမ  ဓမ္မမိတ်ဆွေများက  အဋ္ဌတိံ သတိမ (၃၈) ကြိမ်မြောက် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း  တစ်နေ့တာ ဆက်ကပ်လှူဒါန်းကြသည်။


သတင်းစဉ်