
ရန်ကုန် မတ် ၈
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေး ပထမနေ့ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူတော်ကြီး တွင် ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။ (ယာပုံ)
အစည်းအဝေးသို့ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်(စီမံ)နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေး မစတင်မီ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွား ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများက အဋ္ဌမ အကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေး သို့ ကြွရောက်တော်မူလာကြသည့် နိုင်ငံတော်ဩဝါဒါစရိယ ဆရာ တော်ကြီးများ၊ နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများ နှင့် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်ကြီးများ အား နဝကမ္မအလှူတော်ငွေများ ကို ဆက်ကပ်လှူဒါန်းသည်။
အစည်းအဝေးတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုး တော်ဆောင်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက သဘာပတိ ဆရာတော်အဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက် အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟ နာဒက အခမ်းအနားမှူး ဆရာ တော်အဖြစ် ဆောင်ရွက်တော် မူသည်။
ဦးစွာ အခမ်းအနားမှူး ဆရာ တော်က အစည်းအဝေးစတင် ကြောင်းနှင့် ကြွရောက်တော်မူလာ ကြသော နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်း ကြေညာသည်။ ထို့နောက် အစည်း အဝေးသို့ ကြွရောက်တော်မူလာ ကြသော ဆရာတော်အားလုံးက “သာသနဿ စ လောကဿ ဝုဍ္ဎိ ဘဝတု သဗ္ဗဒါ” အစချီသော ၂ ဂါထာကို တညီတညွတ်တည်း သုံးကြိမ်ရွတ်ဆိုလျက် အခမ်းအနား ကို ဖွင့်လှစ်တော်မူကြသည်။ ယင်းနောက် အခမ်းအနားမှူး ဆရာတော်က အစည်းအဝေး ကျင်းပမည့် ၁၃၈၅ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၁၃၊ ၁၄ ရက်၊ တပေါင်းလဆန်း ၁ ရက်၊ ၂၀၂၄ ခုနှစ်၊ မတ် ၈၊ ၉၊ ၁၀ ရက်များ အတွက် အစည်းအဝေးအစီအစဉ် များကို လျှောက်ထားပြီး အတည်ပြု ချက်ကိုရယူ၍ နိုင်ငံတော်ဩဝါဒါ စရိယ ဆရာတော်ကြီးများ၏ ဩဝါဒကထာများကို နာယူကြ သည်။
ဆက်လက်၍ အစည်းအဝေး သဘာပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက အစည်း အဝေးဖွင့် သာရဏီယ ဩဝါဒ ကထာကို မြွက်ကြားတော်မူ သည်။
(နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသ၏ သာရဏီယ ဩဝါဒ ကထာကို စာမျက်နှာ ၇ တွင် သီးခြားဖော်ပြထားပါသည်။)
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်က သာသနာ ရေးဆိုင်ရာများ လျှောက်ထား သည်။
ယင်းနောက် ၁၃၈၄ ခုနှစ်၊ တပေါင်းလမှ ၁၃၈၅ ခုနှစ် ယနေ့ အထိ တစ်နှစ်တာကာလအတွင်း ပျံလွန်တော်မူသွားကြသော နိုင်ငံ တော်ဩဝါဒါစရိယ ဆရာတော် ကြီးများ၊ နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများ နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအတွက် သံဝေဂ ဉာဏ်ပွားတော်မူကြောင်း မှတ်တမ်း တင်ခြင်း၊ အစားထိုးရွေးချယ် တင်မြှောက်ခြင်း ခံရသော နိုင်ငံတော် ဩဝါဒါစရိယ ဆရာ တော်ကြီးများ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော် ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၏ ဘွဲ့အမည်စာရင်းများကို အတည်ပြု ချက်ရယူခြင်းတို့ ဆောင်ရွက်ပြီး တစ်နှစ်တာကာလအတွင်း ဆောင် ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ အစီရင်ခံစာ အကျဉ်းကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ အကျိုးတော် ဆောင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ကိုယ်စား နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ တွဲဖက်အကျိုး တော်ဆောင် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညက တင်သွင်းလျှောက်ထား၍ နံနက်ပိုင်း အစည်းအဝေးကို ရပ်နားသည်။
မွန်းလွဲ ၁ နာရီတွင် နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေးကို ဆက်လက် ကျင်းပပြီး ၁၃၈၄ ခုနှစ် တပေါင်းလ မှ ယနေ့အထိ ကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အစီရင် ခံစာအကျဉ်းကို အကျိုးတော် ဆောင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ကိုယ်စား တွဲဖက်အကျိုးတော် ဆောင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညက တင်သွင်းလျှောက်ထားသည်။
ဆက်လက်၍ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ အစီရင်ခံစာအကျယ်ကို ကဏ္ဍအလိုက် ဖတ်ကြားတင်သွင်း ရာ ဝိနိစ္ဆယရေးရာကဏ္ဍကို အဂ္ဂ မဟာပဏ္ဍိတ ဓမ္မကထိကဗဟု ဇနဟိတဓရ ဘဒ္ဒန္တပညာသီဟာ လင်္ကာရာဘိဝံသကလည်းကောင်း၊ သာသနာရေးရာကဏ္ဍကို အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသုစိတ္တက လည်းကောင်း၊ ပညာရေးရာကဏ္ဍ ကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိလာသာ ဘိဝံသကလည်းကောင်း ဖတ်ကြားတင်သွင်း လျှောက်ထား သည်။
ထို့နောက် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များ က တင်ပြလာသော အကြံဉာဏ် များကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒနှင့် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညတို့က ရှင်းလင်းပြန်ကြားလျှောက်ထားခဲ့ပြီး မွန်းလွဲပိုင်းတွင် ပထမနေ့ အစည်းအဝေးကို ရပ်နားသည်။
ယနေ့ အစည်းအဝေး သို့ ကြွရောက်တော်မူလာကြသော ဆရာတော်များအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် ဦးသိန်းမောင် ဇနီး ဒေါ်ပါးပါး စန္ဒီပရဆေးမိသားစု၊ အမှတ် ၂၄၀၊ ကုန်ဈေးတန်းလမ်း၊ ရန်ကုန်မြို့က ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်