အထူးဈေးနှုန်းဖြင့် ဒီဇယ်ဆီဖြန့်ဖြူးရောင်းချမည်

 

နေပြည်တော်  မတ်   ၁၁


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံ စက်သုံးဆီ   တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းတို့     ပူးပေါင်း စီစဉ်မှုဖြင့်  ပြည်သူများ သက်သာ သော  ဈေးနှုန်းဖြင့်  ဝယ်ယူရရှိနိုင် ရန်   ရည်ရွယ်၍   ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့်  တိုက်ရိုက် ရောင်းချပေးသည့်  နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီ မှာယူတင် သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄သန်းခန့်ကို အထူး ဈေးနှုန်းဖြင့်  ဖြန့်ဖြူးရောင်းချပေး လျက်ရှိပြီး မတ် ၁၂  ရက်တွင် ကုမ္ပဏီ ငါးခုမှ တိုင်းဒေသကြီး/ ပြည်နယ်များရှိ        စက်သုံးဆီ အရောင်းဆိုင် စုစုပေါင်း ၃၈ ဆိုင် တွင်     ဖြန့်ဖြူးရောင်းချပေးသွား မည်ဖြစ်သည်။

 


ပြည်သူများအနေဖြင့် အထူး ဈေးနှုန်းဖြင့်   ရောင်းချပေးမည့်  စက်သုံးဆီ  အရောင်းဆိုင်များတွင် ဒီဇယ်ဆီများကို အောက်ဖော်ပြပါ  မြန်မာရေနံနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော  ရည်ညွှန်း ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင် မည်ဖြစ်ပြီး၊         နေ့စဉ်ဒီဇယ်ဆီ ဈေးနှုန်းများအား   မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း   ရောင်းချ ဖြန့်ဖြူးရေးအသင်း၏   www.mpta.org.mmတွင်    နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။

 


ပြည်သူများအနေဖြင့် ဒီဇယ် ဆီများကို       တိုင်းဒေသကြီး/ ပြည်နယ်အလိုက်    သတ်မှတ် စက်သုံးဆီ အရောင်းဆိုင်များတွင် သတ်မှတ်      ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်း မရှိပါက ကုန်သွယ် မှုနှင့်           ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး   လုပ်ငန်း ကော်မတီ  ဖုန်း  ၀၉-၆၆၄၀၇၅၆ ၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇ ၆၃၅၉၄၃၊  ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာ          ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး  ဖုန်း ၀၁-၂၅၀၂၇၀၊  မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ   ဖြန့်ဖြူးရေး အသင်းဖုန်း ၀၉-၄၂၁၀၀၆၇၉၄ တို့ကို   ဆက်သွယ်တိုင်ကြားနိုင် ကြောင်း သိရသည်။


သတင်းစဉ်