
နေပြည်တော် ဇန်နဝါရီ ၁၀
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူ နှင့် ထားဝယ်အထူးစီးပွားရေးဇုန် တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ရခိုင် ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ စီးပွားရေး ဦးတည်ချက်(၃)ရပ်အနက် ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင် ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန် ဦးတည်ချက်ချမှတ် ထားပါကြောင်း၊ အဆိုပါဦးတည်ချက်ကို အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အထူးစီးပွားရေးဇုန်အလိုက် SOP များကို စနစ်တကျ ရေးဆွဲပြီး လက်တွေ့ကျကျလုပ်ကိုင်နိုင်ရန် နိုင်ငံ တကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာအထူး စီးပွားရေးဇုန် ဥပဒေ ၂၀၁၄ ကို ထုတ်ပြန်ပြီး One Stop Service များနှင့် စီမံဆောင်ရွက်ရန် ရှိပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုအသစ်များဖိတ်ခေါ်
ထိုသို့ ဆောင်ရွက်ရာတွင် ဇုန်များတွင် ရှိပြီးသား ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုများကို လျော့ကျမသွား အောင် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အလားတူ တစ်ဖက်ကလည်း ရင်းနှီး မြှုပ်နှံမှုအသစ်များ ထပ်မံဝင်ရောက်လာနိုင်ရန် အတွက် နည်းလမ်းမျိုးစုံဖြင့် ဖိတ်ခေါ်ရမည်ဖြစ် ကြောင်း၊ သို့မှသာ နိုင်ငံတော်စီးပွားရေးကို တစ်ဖက် တစ်လမ်းမှ များစွာအထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း၊ MSME လုပ်ငန်းများကလည်း ယင်းနှင့် ဆက်နွှယ်ပြီး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များကို ယခုထက် ပိုမိုကောင်းမွန်အောင် ဦးဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီများအလိုက် ဖွဲ့စည်းပေးထားသည်များရှိပါကြောင်း၊ ယင်းအပေါ် တွင်လည်း စီမံခန့်ခွဲရေးကော်မတီများက မိမိတို့ ဇုန် အလိုက် အထူးစီးပွားရေးဇုန်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ယခုထက် ပို၍ ထိထိရောက်ရောက်ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုများ နှင့် အသစ်ရင်းနှီးမြှုပ်နှံမှုများ လျော့ကျမသွားအောင် နည်းမျိုးစုံဖြင့် ထိန်းသိမ်းပြီး တိကျသေချာစနစ်ကျ သည့်လုပ်ငန်းအဖြစ် ယင်းတွင်ရှိသည့် လုပ်ငန်းများ ကို One Stop Service ဆောင်ရွက်ပေးမှုအပေါ် မူတည်၍ ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံ တွင် စီးပွားရေးဇုန် သုံးခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအနေဖြင့် အထူးစီးပွားရေးဇုန် သုံးခုအနက် သီလဝါအထူးစီးပွား ရေးဇုန်သည် အောင်မြင်စွာဖြင့် ချီတက်နေပါကြောင်း၊ အောင်မြင်စွာ ချီတက်နေသည့်နေရာတွင်လည်း မိမိနိုင်ငံအတွင်းတွင်ရှိသည့် အနေအထားကို ပြောရ ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့်ယှဉ်ပါက မိမိတို့ အထူးစီးပွားရေးဇုန်များ၏ အရေအတွက်မှာ အင်မတန်နည်းနေပါကြောင်း၊ ယင်းကိစ္စကိုလည်း ကော်မတီအဖွဲ့ဝင်များအားလုံးက မှတ်သားထားပြီး ယခုထက် အထူးစီးပွားရေးဇုန်များ ပေါ်ထွက်လာ အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန် နှစ်ခုကို အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အားလုံး ဝိုင်းဝန်းပြီး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် လုပ်ငန်းများကို မြန်မာနိုင်ငံ၏ အတိုင်းအတာအရ ဆောင်ရွက်နိုင်သည့်အတွက် အောင်မြင့်သင့်သမျှ အောင်မြင်ပါကြောင်း၊ အထူးစီးပွားရေးဇုန်အတွင်း လုပ်ငန်းများဆောင်ရွက်မှု အစီအစဉ် စနစ်ကျနမှု၊ ဝန်ထမ်းများ၏ One Stop Service အရည်အသွေး ကောင်းမွန်မှုနှင့် တာဝန်ကျေပွန်စွာထမ်းဆောင်မှု တို့ကြောင့် အရှေ့တောင်အာရှအတွင်း နာမည်ရသည့် အထူးစီးပွားရေးဇုန်တစ်ခု ဖြစ်ပါကြောင်း။
ယင်းစီးပွားရေးဇုန်ကိုလည်း လက်ရှိရင်းနှီးမြှုပ်နှံ မှုရှိပြီးသားထဲမှ လျော့ကျမသွားအောင် ထိန်းသိမ်းကြ ရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် အောင် ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း၊ ဖိတ်ခေါ်ရာတွင် လည်း တစ်ဖက်မှာရှိသည့် အောင်မြင်မှုအတိုင်းအတာ အပေါ်မူတည်၍ အောင်မြင်မှုရှိပြီး လုပ်သာကိုင်သာ ရှိမှသာ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ရှိမည်ဖြစ် ကြောင်း။
သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှု နိုင်ငံပေါင်း ၂၁ နိုင်ငံ၊ ကုမ္ပဏီပေါင်း ၁၁၄ ခု၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ရှိပါကြောင်း၊ ယင်း ကုမ္ပဏီများ၏ ပထမတစ်နှစ်တာ အလုပ်အကိုင် ဖန်တီးနိုင်မှုခန့်မှန်းခြေ အလုပ်သမားဦးရေ ၃၇၀၀၀ ကျော်နှင့် ပြည်ပပညာရှင်၊ ပြည်ပအလုပ်သမား ၈၈၇ ဦး ဖြစ်ပါကြောင်း၊ သို့သော်လည်း အလုပ်အကိုင် ဖန်တီးနိုင်မှုအရေအတွက် နည်းနေပါကြောင်း၊ တစ်ဖက် ကလည်း ရင်းနှီးမြှုပ်နှံမှုများ အသစ်ထပ်မံတိုးပွား လာမှုအပေါ် မူတည်ပြီး ပညာရှင်များနှင့် အလုပ် သမားများ အလုပ်အကိုင်ရရှိရေး ပိုမိုရရှိလာမည် ဖြစ်ကြောင်း။
ထုတ်ကုန်အရည်အသွေးကောင်းအောင် လုပ်ဆောင်
သီလဝါအထူးစီးပွားရေးဇုန်၏ ပို့ကုန်၊ သွင်းကုန် ကို ကြည့်ပါက နိုဝင်ဘာလအတွင်း ပြည်ပသို့တင်ပို့ သည့် ကုန်စည်အမျိုးအစားများသည် အဝတ်အထည်၊ ဆော်လမွန်ငါး၊ သန့်စင်ပြီး သတ္တုပစ္စည်းများ၊ ပလတ် စတစ်ကုန်ချောစစ်ပစ္စည်းနှင့် မော်တော်ယဉ်အပို ပစ္စည်း ငါးမျိုးတို့ဖြစ်ကြောင်း၊ သွင်းသည့်ကုန်စည် များသည် ပြည်တွင်းတွင်သုံးသည့် လယ်ထွန်စက် အပိုကုန်ပစ္စည်းများ၊ အခြားကုန်ကြမ်းပစ္စည်းများ၊ အဝတ်အထည်ချုပ်ကုန်ပစ္စည်းများ၊ အလူမီနီယံ ကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ယာဉ်ပစ္စည်းဖြစ် သည်ကို တွေ့ရကြောင်း၊ ယင်းထဲတွင် ဗဟိုကော်မတီ မှ လမ်းညွှန်ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်ကို လည်း ပြည်တွင်းမှာရှိသည့် MSME လုပ်ငန်းများက ပေါင်းစပ်ပြီး ထုတ်ကုန်များကို ပြည်ပသို့တင်သွင်းရာ တွင် နိုဝင်ဘာလအတွင်းတွင် MSME လုပ်ငန်းများ ၏ ကုန်ကြမ်းပစ္စည်းနှင့် ပြည်တွင်းထုတ်ကုန်များ၏ အခြားသောပစ္စည်းများ တင်သွင်းမှုသည် မြန်မာ ကျပ်ငွေ ၁ ဒသမ ၃ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ပါ ကြောင်း၊ ယင်းသည် ခြေလှမ်းအစဖြစ်ပြီး ယခုထက် ပို၍ MSME လုပ်ငန်းက ထွက်ရှိသည့် ပြည်တွင်း ထုတ်ကုန်ကုန်ကြမ်းများနှင့် အခြားသောပစ္စည်းများ ကို ယခုထက် တင်ပို့နိုင်ရန်နှင့် မြန်မာကျပ်ငွေအစား နိုင်ငံခြားငွေရရှိရန် မိမိတို့၏ ထုတ်ကုန်အရည်အသွေး ပိုမိုပြီးကောင်းအောင် ဆက်လက်လုပ်ဆောင်သွား ကြရမည်ဖြစ်ကြောင်း။
ဇုန်အလိုက် ကြည့်မည်ဆိုပါက Free Zone တွင် နိုဝင်ဘာလအထိ ကုမ္ပဏီ ၂၅ ခုရှိပြီး Promotion Zone တွင် ကုမ္ပဏီ ၃၈ ခု ရှိပါကြောင်း၊ ယင်းတို့မှ တင်သွင်းသည့်တန်ဖိုးပမာဏမှာ ကျပ်သန်းပေါင်း ၈၉ ဘီလီယံကျော်ရှိပြီး အကောက်အခွန်ရရှိသည့် ငွေမှာလည်း ၆၀၆ သန်းကျော်၊ ကုန်သွယ်လုပ်ငန်း အခွန်ဝင်ငွေမှာ ၁ ဒသမ ၈ ဘီလီယံ၊ ကြိုတင်ဝင်ငွေခွန် က ကျပ်သန်းပေါင်း ၇၅၇ သန်းရှိပါကြောင်း၊ အားလုံး ကို ခြုံကြည့်ပါက နိုဝင်ဘာလအတွင်း ပို့ကုန်ပမာဏ မှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၅ သန်းဖြစ်ပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၅၆၇ သန်းဖြစ်သည့်အတွက် ကုန်သွယ်မှုပမာဏ နှစ်ခု ပေါင်း အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၅၁၇ သန်း ဖြစ်ပါကြောင်း၊ ယင်းကို ကြည့်ပါက ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုး ကွာဟချက်များနေသည်ကို တွေ့ရ ကြောင်း၊ အထူးသဖြင့် Promotion Zone တွင် ရှိနေ သည့် ကုမ္ပဏီများသည် ၂၀၁၄ ခုနှစ် မြန်မာအထူး စီးပွားရေးဇုန်ဥပဒေတွင် ပါဝင်သည်များနှင့် မလွတ် အောင် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပါက အတတ်နိုင်ဆုံး ပြည်တွင်းတွင် နိုင်ငံခြားသုံးငွေကို လျော့နည်းသွားအောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
လျှပ်စစ်ကိစ္စနှင့်ပတ်သက်၍ ဆိုလာစနစ်ဖြင့် အသုံးပြုရန် ကုမ္ပဏီသုံးခု ဆွေးနွေးခဲ့ပြီး လျှပ်စစ် စွမ်းအားဝန်ကြီးဌာနသို့ ဆိုလာနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးခဲ့သည်ကို သိရှိရကြောင်း၊ Solar Power နှင့် Solar Plant တို့မှ လျှပ်စစ်ဓာတ်အား ရရှိပါကလည်း ဇုန်အတွင်းမူလသုံးစွဲရမည့် လျှပ်စစ် ဓာတ်အားကို အခြားလိုအပ်သည့်နေရာတွင် သုံးစွဲနိုင် မည်ဖြစ်သည့်အတွက် သီလဝါအထူးစီးပွားရေးဇုန် အတွင်း ဆိုလာလျှပ်စစ်မီးရရှိရေးအတွက် ဝိုင်းဝန်း အားပေး ဆောင်ရွက်ပေးကြရန်လိုကြောင်း။
ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်း
ဆက်လက်၍ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၂၁ ခုနှစ် မိမိတို့အစိုးရ တာဝန်ယူခဲ့သည့်အချိန်တွင် စီမံခန့်ခွဲမှုကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါ ကြောင်း၊ ဖွဲ့စည်းပြီးသည့်အခါတွင်လည်း ဖြစ်သင့် ဖြစ်ထိုက်သည်များဖြစ်အောင်၊ မဖြစ်သင့်မဖြစ်ထိုက် သည်များ မဖြစ်အောင်၊ နိုင်ငံအတွက် နစ်နာမှုမရှိ အောင် ရည်ရွယ်ပြီး စိစစ်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် ညှိနှိုင်းမည့် စီမံခန့်ခွဲမှုကော်မတီက နိုင်ငံတော်အကျိုးစီးပွားကို အဓိကထားပြီး တင်းကျပ်စွာ ညှိနှိုင်းဆောင်ရွက်သည့် အတွက် မကြာသင့်သည့်အချိန်နှင့် အဆင်မပြေမှု များကြောင့် နှစ်နှစ်တာကာလအတွင်း အခက်အခဲ များ တွေ့ကြုံခဲ့ရပါကြောင်း၊ ထို့ကြောင့် နောက်ပိုင်း တွင် ဗဟိုကော်မတီအဆင့်က ဝိုင်းဝန်းဆွေးနွေးပြီး နှစ်ဖက် Win-Win Solution ဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်ကာ နိုင်ငံတော်အကြီးအကဲကိုလည်း တင်ပြခဲ့ပြီးနောက် လုပ်ငန်းကော်မတီ ဦးဆောင်၍ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်စီမံကိန်း လုပ်ကိုင်ခွင့်သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါ ကြောင်း၊ လက်မှတ်ရေးထိုးပြီးသည့် နောက်ပိုင်းတွင် လည်း Long Stop Date ဒီဇင်ဘာ ၂၆ ရက်မှစ၍ ၁၈ လတာကာလ ထပ်မံသက်တမ်းတိုးခဲ့ရာ အဆိုပါ ကာလအတွင်း လုပ်ဆောင်ရမည့် Condition Prece-dent များကို တစ်ဆင့်ပြီးတစ်ဆင့် မြန်မြန်ဆန်ဆန် ဖြင့် ဆောင်ရွက်မည်ဆိုပါက အမြန်ဆုံးကျောက်ဖြူ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း။
များစွာအထောက်အကူပြုသည့် စီမံကိန်းတစ်ခုဖြစ်
အဆိုပါ စီမံကိန်း အကောင်အထည်ဖော် ဆောင် ရွက်နိုင်ပါက ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိပြီး ထိုမှတစ်ဆင့် ကျွမ်းကျင်လုပ်သား များ ပေါ်ထွက်လာကာ ကျန်စီးပွားရေးဇုန်များကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ သတ်မှတ်ထား သည့်ကာလအလိုက် အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ ညှိနှိုင်းမှုများကို နှိုးဆော်တာဝန် ယူပေးသည့် ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် ကြိုတင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါ ကြောင်း၊ ထိုသို့အောင်မြင်အောင် ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မိမိတို့ ဗဟိုကော်မတီ၏ အောင်မြင်မှုတစ်ခုပင်ဖြစ်ကြောင်းနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အမြန်ဆုံးစတင်လုပ်ငန်း လည်ပတ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်း သည် နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေးရှု၍ နှစ်နိုင်ငံ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက် အကူပြုသည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း။
တတိယစီမံကိန်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် တာဝန်ပေးထားသည့် အီတာလျံ-ထိုင်းကုမ္ပဏီက ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်း ရပ်စဲထားခဲ့ပါကြောင်း၊ ဆက်လက်ပြီး ဖြေရှင်း ဆောင်ရွက်ရမည့်အနေအထားများလည်း ရှိပါကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံရေး အပြောင်း အလည်းကြောင့် ထားဝယ် အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံအစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိနေသည်ကို သိရပါကြောင်း၊ လက်ရှိထိုင်း အစိုးရအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စ ကို စိတ်ဝင်စားပြီး ပြန်လည်ဆက်သွယ်လာသည့် အနေအထားများရှိသည့်အတွက် ယင်းအပေါ်တွင် မိမိတို့အနေဖြင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက် သွားရန်လိုကြောင်း။
ဝိုင်းဝန်းအကြုံပြုဆွေးနွေး
ထိုင်းနိုင်ငံ၏ လက်ရှိအစိုးရမူဝါဒအနေဖြင့် ထိုင်း နိုင်ငံ အရှေ့ပိုင်းပြည်နယ်တွင် အထူးစီးပွားရေးဇုန် တည်ထောင်ပြီး အရှေ့စီးပွားရေးစင်္ကြံ (Eastern Economic Corridor)ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဟု ယူဆ ပါကြောင်း၊ တစ်ဖက်တွင်လည်း ထားဝယ်အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ရင်းနှီး တည်ဆောက်သူအသစ် ရွေးချယ်၍ ကုန်ကျစရိတ် များသာရှိပြီး ဝင်ငွေမရှိသည့် Special Purpose Vehicle (SPV) ဖျက်သိမ်းရေးကိစ္စရပ်များကို အမြန် ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် ခြောက်လတာကာလအတွင်း ရှေ့ဆက်ဆောင်ရွက်သွားမည့်ဇုန်အလိုက် လုပ်ငန်း စဉ်များကို သက်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီများက ပွင့်ပွင့်လင်းတင်ပြပြီး ဗဟိုကော်မတီဝင်များကလည်း ဝိုင်းဝန်းအကြုံပြု ဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း က မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှု အခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး(၁) နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အတွင်းရေး မှူး (၂) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့က မြန်မာ အထူးစီးပွားရေးဇုန်များ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိသည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အတည်ပြုချက်ရယူ
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးနှင့် သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ များက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို အဖွဲ့အစည်းအဝေးသို့တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြကြပြီး အတည်ပြုချက်ရယူကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက အကြံပြုချက်များနှင့် အထူးစီးပွားရေး ဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြ အတည်ပြုချက်ရယူသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်း ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်