အထူးစီးပွားရေးဇုန်များ၏ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေး နိုင်ငံခြားငွေကြေးအသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးများကျင်းပ

 

နေပြည်တော်    ဧပြီ     ၂၀


 အထူးစီးပွားရေးဇုန်များ၏    ပို့ကုန်/    သွင်းကုန် လုပ်ငန်းများ   လျင်မြန်ချောမွေ့စေရေး   နိုင်ငံခြား ငွေကြေးအသုံးပြုခြင်းနှင့်   စပ်လျဉ်းသည့်   အစည်း အဝေးကို   စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  ယနေ့  နံနက် ၉ နာရီခွဲက Virtual စနစ်ဖြင့် ကျင်းပသည်။

 


ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်


အစည်းအဝေးတွင်     စီးပွားရေးနှင့်    ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ  အမိန့်ကြော်ငြာစာအမှတ်    ၁၂/၂၀၂၂     ထုတ်ပြန် ခဲ့ကြောင်း၊   ယင်း၏   အပိုဒ်  ၃  အရ  ဗဟိုဘဏ်မှ ကင်းလွတ်ခွင့်များနှင့်စပ်လျဉ်းပြီး မကြာမီထုတ်ပြန် သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်း  စီးပွားရေးလုပ်ငန်းများဆောင်ရွက်ပါက ပြည်တွင်း ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်   စီမံခန့်ခွဲမှု  ကော်မတီများ၊ စက်မှုလုပ်ငန်းရှင်များနှင့်            ဘဏ်များအကြား ချိတ်ဆက်၍  လုပ်ငန်းများ  လျင်မြန်ချောမွေ့စေရန် အတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်း ရှင်များအနေဖြင့်   ကုန်ထုတ်လုပ်မှု  စာရင်းများကို ပြုစုထားရန်လိုအပ်ကြောင်း၊ နိုင်ငံခြားသုံးငွေနှင့်  ပြည်တွင်းငွေကြေးကို   ဥပဒေနှင့်အညီ   သုံးစွဲသွား ရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ  ဦးသန်းညိန်းက   မြန်မာနိုင်ငံတော်    ဗဟိုဘဏ်မှ  ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂၂  နှင့်ပတ်သက်၍ အထူးစီးပွားရေးဇုန်များတွင်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့်        စိုးရိမ်ပူပန်မှုများရှိခဲ့ သော်လည်း    အထူးစီးပွားရေးဇုန်   ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊     နိုင်ငံခြားငွေနှင့် ပတ်သက်၍   လက်ရှိဆောင်ရွက်နေသည့်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ပါကြောင်း၊ အခက်အခဲများ ရှိပါက   နိုင်ငံခြားသုံးငွေ    ကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့လည်း   တင်ပြနိုင်ပါ ကြောင်း ပြောကြားသည်။

 

 
ဝိုင်းဝန်းဆွေးနွေးတင်ပြ


ထို့နောက်  ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးက နိုင်ငံခြားငွေမရှိသည့်ကုမ္ပဏီများအနေဖြင့်     မြန်မာကျပ်ငွေမှ     နိုင်ငံခြားငွေသို့ ပြောင်းလဲ၍   ပြည်ပရှိ  Supplier သို့  ပေးချေနိုင်ပြီး  အဆိုပါငွေပေးချေမှုအတွက်  Standard Operating Procedure (SOP) ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက မူကြမ်းပြုစု နေပြီး     မကြာမီ   ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များရှိ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ များ၏   နိုင်ငံခြားငွေကြေး   အသုံးပြုခြင်းကိစ္စများ  လျင်မြန်ချောမွေ့စေရေးအတွက်     နိုင်ငံခြားသုံးငွေ  ကြီးကြပ်မှု    ကော်မတီ၏     ဆောင်ရွက်ထားရှိမှု အခြေအနေများကို  အထူးစီးပွားရေးဇုန်တွင်ရှိသော လုပ်ငန်းရှင်များသိရှိနိုင်ရန်အတွက်   ဆွေးနွေးခြင်း ဖြစ်ပါကြောင်း   ပြောကြားပြီး    အစည်းအဝေးသို့ တက်ရောက်လာကြသည့် အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲရေး   ကော်မတီဥက္ကဋ္ဌများနှင့်     သီလဝါအထူး စီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီ များက ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးများ၊   ဗဟိုဘဏ်ဥက္ကဋ္ဌတို့က  ညှိနှိုင်းဖြေရှင်း ပေးသည်။

 


အချိန်နှင့်တစ်ပြေးညီ  ပူးပေါင်းဆောင်ရွက်


ဆက်လက်၍ နံနက် ၁၁ နာရီတွင် ကျင်းပသည့်  မြန်မာနိုင်ငံ    ကုန်သည်များနှင့်    စက်မှု   လက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်း များ၏      ကုန်သွယ်မှုလုပ်ငန်းများ   လျင်မြန်ချော မွေ့စေရေးအတွက် နိုင်ငံခြားငွေကြေး အသုံးပြုခြင်း နှင့်     စပ်လျဉ်းသည့်       ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပို့ကုန် သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီ များ   ကုန်သွယ်မှုပြုရန်အလို့ငှာ    ကုန်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အတွက်   ပို့ကုန် / သွင်းကုန်လိုင်စင်များကို ခွင့်ပြု ထုတ်ပေးလျက်ရှိပါကြောင်း၊    နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှ ဆောင်ရွက်နေသည့် ကိစ္စရပ် များကို   နားလည်သိရှိနိုင်ရန်အတွက်     ရှင်းလင်း ပေးခြင်းဖြစ်ကြောင်း၊      အချက်အလက်များပေါ် မူတည်၍ ဗဟိုဘဏ်နှင့် သက်ဆိုင်သည့် ငွေပေးချေ  မှုများ၊   ငွေထုတ်ယူရာတွင်    အခက်အခဲဖြစ်သည့် ကိစ္စရပ်များကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ ထိုသို့ ဖြေရှင်းပေးရာတွင် ဦးစားပေးအုပ်စုအလိုက် အုပ်စု (၅) စုခွဲ၍ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ပို့ကုန်/ သွင်းကုန်စီမံခန့်ခွဲမှု    ကိစ္စရပ်များနှင့်    နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှု ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ကောင်းသောရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ကြ ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနများ၏ ဆောင်ရွက်မှု  ဖြစ်သော်လည်း   Private   Sector  ၊   ကုန်သွယ်မှု၊ ဝန်ဆောင်မှုတို့နှင့်ဆိုင်သည့်  ပုဂ္ဂိုလ်များအပါအဝင်  သက်ဆိုင်သည့်သူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ  ပူးပေါင်းဆောင်ရွက်ကြရမည်        ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ကုန်သည်များနှင့်     စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့်    ညီနောင်အသင်းများက     ဝိုင်းဝန်း ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုဘဏ် ဥက္ကဋ္ဌတို့က ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
              

သတင်းစဉ်