အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အားများများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကခွင့်ပြုပေးလျက်ရှိ

 

ပဲခူး   အောက်တိုဘာ  ၂၇


ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (၄/၂၀၂၁)ကြိမ်မြောက်  အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ပဲခူးတိုင်းဒေသကြီး  အစိုးရ အဖွဲ့ရုံး   တော်ဝင်ဟံသာခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင်  ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်     ဦးမျိုး ဆွေဝင်းက တိုင်းဒေသကြီးအတွင်း CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်း များနှင့်       လုပ်သားအင်အား များများ   အလုပ်အကိုင်အခွင့် အလမ်းရရှိစေသည့် စက်ရုံများကို အဓိကခွင့်ပြုပေးလျက်ရှိကြောင်း၊ ဘက်ထရီသုံး လျှပ်စစ်မော်တော် ကား     ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး ဆိုလာပြား       ထုတ်လုပ်သည့် လုပ်ငန်း၊ သဘာဝမြေဩဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆက်စပ် ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း များ          ဆောင်ရွက်နိုင်ရေး ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံ လိုသူများ   ဖိတ်ခေါ်ဆောင်ရွက် စေလိုကြောင်း၊    တိုင်းဒေသကြီး အတွင်း    ရင်းနှီးမြှုပ်နှံသူများ တည်ငြိမ်လုံခြုံစိတ်ချစွာ လုပ်ငန်း များဆောင်ရွက်နိုင်ရေး   လိုအပ် သည့် လမ်း၊ လျှပ်စစ်မီး၊ ရေနှင့် လုံခြုံရေးများကို       ဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီး     ဖြစ် ကြောင်း ပြောကြားသည်။

 


 ထို့နောက် ပဲခူးတိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ    ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက   ပဲခူးစက်မှု နယ်မြေအတွင်း ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Gertai (Bago)Co.,Ltd  မှ   ကနဦးမတည်ငွေ အမေရိကန်ဒေါ်လာ လေးသန်းဖြင့် အိမ်သုံး၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး ကို CMP စနစ်ဖြင့် ထုတ်လုပ်ခြင်း လုပ်ငန်းအသစ်တစ်ခု  လျှောက် ထားလာခြင်းနှင့်   ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် များက အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး    ဝန်ကြီးချုပ်က ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်