အထည်ချုပ်ကဏ္ဍတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် အခြေခံမော်တာစက်ချုပ်သင်တန်းကို MGMA က အခမဲ့ဖွင့်လှစ်သွားမည်

 

ရန်ကုန်  ဒီဇင်ဘာ   ၂၈


အထည်ချုပ်စက်ရုံများနှင့်   အလုပ်အကိုင် ရှာဖွေနေသူများအကြား  ချိတ်ဆက်၍ အလုပ် အကိုင်အခွင့်အလမ်းများ     ဖန်တီးပေးနိုင် မည့်  အခြေခံမော်တာစက်ချုပ်သင်တန်းကို သင်တန်းကြေးအခမဲ့ဖြင့် ၂၀၂၄  ခုနှစ် ဇန်နဝါရီ လအတွင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)က  ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယင်းအသင်းမှ သိရသည်။


မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း(MGMA)က ကြီးမှူးပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၁၉ ရက်အထိ  မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးစင်တာ(MGHRDC)တွင်  သင်တန်း ကြေး အခမဲ့ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


အလုပ်အကိုင်အခွင့်အလမ်းများ   ဖန်တီး ပေးနိုင်ရန်   ရည်ရွယ်၍      အဆိုပါသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ပြီး အထည်ချုပ်စက်ရုံများနှင့် နယ်ဝေးမှ  အလုပ်အကိုင်ရှာဖွေနေသူများ၊ အထည်ချုပ်စက်ရုံများတွင်    လုပ်ကိုင်ရန်   စိတ်ဝင်စားသူများအကြား    ချိတ်ဆက်ပေးနိုင် မည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက အထည်ချုပ် စက်ရုံများဖြင့်  ချိတ်ဆက်ကာ  အလုပ်ရရှိရန်  ကူညီပေးသွားမည်ဖြစ်ကြောင်း ယင်းအသင်းမှ သိရသည်။


“သင်တန်းကြေးကတော့ အခမဲ့ ပါ။    သင်တန်းကနေဆင်းရင် မြန်မာနိုင်ငံ  အထည်ချုပ်လုပ်ငန်း ရှင်များအသင်းမှာ    Member ဝင်ထားတဲ့စက်ရုံတွေက  အလုပ် ခေါ်ရင်   နီးစပ်ရာ    စက်ရုံတွေနဲ့ ချိတ်ဆက်ပေးပါတယ်” ဟု ယင်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


အဆိုပါသင်တန်းတွင် အထည် ချုပ်လုပ်ခြင်းဆိုင်ရာ    သိသင့် သိထိုက်သည့်    ဗဟုသုတများ၊ ချုပ်နည်း       အဆင့်ဆင့်များကို လက်တွေ့   သင်ကြားမှုများဖြင့် သင်ကြား   ပေးသွားမည်ဖြစ်ပြီး အလုပ်သမား    ဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ပြောကြားပေးသွားမည်     ဖြစ် ကြောင်းလည်း သိရသည်။


MT