အထည်ချုပ်စက်ရုံအများဆုံးတည်ရှိရာ လှိုင်သာယာနှင့်ရွှေပြည်သာတို့၌ စက်ရုံလုပ်သားများ အေးချမ်းစွာလုပ်ငန်းခွင်ဝင်ရောက်

 

ရန်ကုန်  ဩဂုတ်  ၄ 


ရန်ကုန်တိုင်းဒေသကြီး  အတွင်းရှိ စက်မှုဇုန်  ၂၉  ဇုန်တွင်  စက်ရုံ လုပ်သားများ      အေးချမ်းစွာ လုပ်ငန်းခွင်  ဝင်ရောက်ကြလျက် ရှိရာ အထည်ချုပ်စက်ရုံအများဆုံးတည်ရှိရာ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ စက်ရုံ အလုပ်သမားများလည်း အေးချမ်း စွာ လုပ်ငန်းခွင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ 

 


ယခု     ရက်ပိုင်းအတွင်း လှိုင်သာယာမြို့နယ်ရှိ  စက်မှုဇုန် များနှင့်  အခြားသော   မြို့နယ်တို့ ရှိ  စက်မှုဇုန်အအချို့တွင်  စစ်ကိုင်း တိုင်းဒေသကြီး     မှတ်ပုံတင် ကိုင်ဆောင်ထားသော    စက်ရုံ လုပ်သားများကို     အလုပ်မှ ထုတ်ပစ်ခြင်းနှင့်   တစ်လအနား ပေးခြင်း ကောလာဟလများ လူမှု စာမျက်နှာနှင့်    အလုပ်သမား အချို့   ပြောကြားမှုထွက်ပေါ်ခဲ့ ရာ    ပြည်တွင်းစက်မှုလုပ်ငန်း များ ပုံမှန်လည်ပတ်မှုဖြင့်  အလုပ် အကိုင်အခွင့်အလမ်းများ အဆင် ပြေချောမွေ့မှုကို   မလိုလားသူ အချို့လှုံ့ဆော်မှုကြောင့်  စက်မှုဇုန် များရှိ  အလုပ်သမားများ   စိုးရိမ် ပူပန်မှု ရှိခဲ့ခြင်းဖြစ်သည်။

 


“လူမှုစာမျက်နှာလိုင်းပေါ်မှာတော့ တွေ့လိုက်မိတယ်။ အပြင် မှာ   တကယ်တော့   မရှိပါဘူး။ ယနေ့အထိလည်း  တကယ်မြေပြင် မှာမကြား မိသေးဘူး။ ကျွန်တော် တို့ စက်မှုဇုန်ကော်မတီကို တင်ပြ တာလည်း   မရှိဘူး။  အားလုံး အေးချမ်းပါတယ်။   လျှပ်စစ်မီး တစ်နေ့ ၈ နာရီပဲရလို့ အလတ် စားနဲ့   အသေးစားစက်ရုံ   ၂၀ ကျော် တောင့်မခံနိုင်လို့    ရပ်နား တာပဲရှိတယ်။      အကြီးစား လုပ်ငန်းနဲ့    အထည်ချုပ်စက်ရုံ ကြီးတွေ ကောင်းမွန်စွာ လည်ပတ် ပြီး အလုပ်သမားတွေလည်း ပုံမှန် ဆင်းနေပါတယ်” ဟု ရွှေပြည်သာ နှင့်    ဝါးတစ်ရာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမျိုးသိန်းက ပြောသည်။

 


ရွှေပြည်သာစက်မှုဇုန်  (၁) ၌ စက်ရုံပေါင်း    ၂၀၀   ခန့်တွင် လုပ်သား ၅၀၀၀၀ ခန့်၊ ဝါးတစ်ရာ စက်မှုဇုန်၌ စက်ရုံ  ၇၀  ခန့်တွင် အလုပ်သမား  ၂၀၀၀၀  ခန့်ဖြင့် လည်ပတ်လျက်ရှိသည်။

 


“ကျွန်တော်တို့ လှိုင်သာယာရွှေလင်ပန်းစက်မှုဇုန်မှာ  စက်ရုံနဲ့ လုပ်သားတွေ  အေးအေးချမ်းချမ်း ပါပဲ။ မှတ်ပုံတင်ကိစ္စနဲ့ ပတ်သက် ပြီး စက်ရုံပိတ်တာ၊ အလုပ်သမား ထုတ်ပယ်တာ   မကြားမိပါဘူး။ အထည်ချုပ်လုပ်သား     များတဲ့ အတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်       နားလည်မှုနဲ့ လုပ်ငန်းခွင်   လည်ပတ်နေကြပါ တယ်။  အလုပ်သမားတွေ   ပုံမှန် အလုပ်ဝင်ရောက်နေတာဖြစ်တဲ့ အတွက်  ကောလာဟလသတင်း လွှင့်တယ်လို့   မြင်မိပါတယ်”  ဟု ရွှေလင်ပန်းစက်မှုဇုန်ကော်မတီရုံးမှ   ရုံးအဖွဲ့မှူး    ဦးအောင်ငွေက ပြောသည်။

 


ရွှေလင်ပန်း  စက်မှုဇုန်တွင် စက်ရုံပေါင်း  ၄၂၀  ခန့်  လည်ပတ် လျက်ရှိပြီး         ထိုစက်ရုံများ၌ အထည်ချုပ် စက်ရုံ ၅၉ ရုံပါဝင်၍ အလုပ်သမား   ၈၀၀၀၀   ခန့် လုပ်ငန်းခွင်ဝင်ရောက်လျက်ရှိကာ ၂၀၂၂ ခုနှစ်တွင် ဩဂုတ်လအထိ အထည်ချုပ်စက်ရုံအသစ် ၁၅ ရုံ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။     ရန်ကုန် တိုင်းဒေသကြီးတွင်   စက်မှုဇုန် ပေါင်း ၂၉ ဇုန်ရှိပြီး လှိုင်သာယာ မြို့နယ်၌  ဇုန်  ၁ မှ  ၇  အထိ စက်မှုဇုန်များအပြင် ရွှေလင်ပန်း စက်မှုဇုန်၊ ရွှေသံလွင်စက်မှုဇုန်၊ အနော်ရထာစက်မှုဇုန်၊   မြစိမ်း ရောင်စက်မှုဇုန်နှင့် မွေးမြူရေးဇုန် တို့ရှိသည်။ ထိုဇုန်များနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန်များ၌   စက်ရုံလုပ်သားများ အေးချမ်းစွာ       လုပ်ငန်းခွင် ဝင်ရောက်လျက်ရှိကာ စက်ရုံများ လည်ပတ်လျက်ရှိကြောင်း   သိရ သည်။    

 

ညိမ်းသူ (သတင်းစဉ်)