အထက်တန်းရှေ့နေ   ၂၆၁  ဦးကို တရားလွှတ်တော်ရှေ့နေ  အသိအမှတ်ပြုလက်မှတ်များ ပေးအပ်

 

 

နေပြည်တော် အောက်တိုဘာ   ၄


တရားလွှတ်တော်ရှေ့နေ   အသိ အမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို    ယနေ့နံနက် ၇နာရီတွင်   ပြည်ထောင်စုတရား လွှတ်တော်ချုပ်    ရုံးခန်းအမှတ် (၄) တွင်  စတုတ္ထအကြိမ်  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်   ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင် စု တရားလွှတ်တော်ချုပ်တရားသူ ကြီး   ဦးမျိုးတင့်က   အမှာစကား ပြောကြားသည်။   ယင်းနောက် အထက်တန်းရှေ့နေ   ၂၆၁  ဦးကို တရားလွှတ်တော်ရှေ့နေ    အသိ အမှတ်ပြုလက်မှတ်များ  ပေးအပ် သည်။
ထို့နောက် တရားလွှတ်တော် ရှေ့နေ  အသိအမှတ်ပြုလက်မှတ် ရရှိသူများက   ကတိသစ္စာပြုကြ သည်။
အခမ်းအနားသို့      ပြည် ထောင်စု    တရားစီရင်ရေးကြီးကြပ် မှုရုံးမှ   ဒုတိယညွှန်ကြားရေးမှူး ချုပ်  (လုပ်ထုံး/    စစ်ဆေးရေး)၊   ရှေ့နေရှေ့ရပ်ဌာနခွဲမှ   ညွှန်ကြား ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်‌ထောက်   ညွှန်ကြားရေးမှူး များနှင့်        တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။                      သတင်းစဉ်