အထက်အောက်ကွပ်ကဲမှု အနည်းဆုံးဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရန်နှင့် မိမိတို့၏ ဂုဏ်သိက္ခာ၊ ဌာန၏ဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက်ကြရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ တိုက်တွန်းပြောကြား

 

နေပြည်တော်   ဖေဖော်ဝါရီ   ၈


ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေးသည်     ပြည်ထောင်စု ရာထူးဝန်အဖွဲ့   အရာထမ်း၊   အမှု ထမ်းများကို   ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ      ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၌        တွေ့ဆုံ ပြီး    အထက်အောက်ကွပ်ကဲမှု အနည်းဆုံးဖြင့်  လုပ်ငန်း  အောင်မြင် အောင်  ဆောင်ရွက်ရန်နှင့်   မိမိတို့ ၏ဂုဏ်သိက္ခာ၊ ဌာန၏ဂုဏ်သိက္ခာ ကို     မြှင့်တင်ဆောင်ရွက်ကြရန်  တိုက်တွန်းပြောကြားသည်။

 


တွေ့ဆုံစဉ်         ပြည်ထောင်စု ရာထူးဝန်အဖွဲ့          ဥက္ကဋ္ဌက ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ များ   ထုတ်ပြန်ခြင်းနှင့်   ဝန်ထမ်း စည်းကမ်း          ထိန်းသိမ်းရေးကို ဆောင်ရွက်ရသည့်    အဖွဲ့ဖြစ်၍ စံပြအဖွဲ့အစည်းဖြစ်ရန်    လိုအပ် ကြောင်း၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့၏     လုပ်ငန်းတာဝန်များကို Review Process ဆောင်ရွက်ပြီး ရလဒ်များကို    အကောင်အထည် ဖော်   ဆောင်ရွက်ရန်         လိုအပ် ကြောင်း၊    နိုင်ငံ့ဝန်ထမ်းများဖြစ် သည့်အတွက်   နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်   (၆)  ချက်၊    ဝန်ထမ်း ကျင့်ဝတ်(၃၀)တို့ကို   လိုက်နာရန် လိုအပ်သည့်အပြင်   ၂၀၀၈   ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ဝန်ထမ်းသည်    ပါတီနိုင်ငံရေး ကင်းရှင်း ရန်        ဖော်ပြထားသည့် အတွက်    လိုက်နာရန်     လိုအပ် ကြောင်း။

 


ဝန်ထမ်းများ        အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း   ပြန်လည်သတင်းပို့သည့် စနစ်၊     အဆင့်ဆင့်    တာဝန်ယူ၊ တာဝန်ခံသည့်        စနစ်အတိုင်း ဆောင်ရွက်ရမည်       ဖြစ်ကြောင်း၊ အထက်အောက်ကွပ်ကဲမှု အနည်း ဆုံးဖြင့်  လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရမည်    ဖြစ်ကြောင်း၊ နိုင်ငံတကာစံနှုန်းများကို    သိရှိ အောင်လေ့လာပြီး  မိမိနိုင်ငံ၊ မိမိ ဌာနနှင့်    လိုက်လျောညီထွေဖြစ် အောင်  လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊    ဌာနအကြီး အမှူးများအနေဖြင့်  ဝန်ထမ်းများ အားလုံး၏  ကျန်းမာရေး၊ လုံခြုံ ရေး၊ ရုံးအဆောက်အဦ  လုံခြုံရေး၊    ဝန်ထမ်းအိမ်ရာများ     လုံခြုံရေး တို့ကိုလည်း     ဂရုစိုက်ကြရန် လိုကြောင်း၊    နိုင်ငံ့ဝန်ထမ်းအားလုံး က မိမိတို့၏    ဂုဏ်သိက္ခာ၊ ဌာန၏   ဂုဏ်သိက္ခာကို   မြှင့်တင်ဆောင် ရွက်ရန်နှင့်    အခက်အခဲရှိပါက  အဆင့်ဆင့်  တင်ပြဆောင်ရွက်ရန် လိုကြောင်းမှာကြားခဲ့သည်။

 


တွေ့ဆုံပွဲသို့    ပြည်ထောင်စု ရာထူးဝန်အဖွဲ့      အဖွဲ့ဝင်များ၊ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး များနှင့်  အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း    သိရ သည်။    

                
သတင်းစဉ်