ASOCIO 2023 Digital Government Award ရရှိ

 

နေပြည်တော်   နိုဝင်ဘာ  ၁၇


ပညာရေးဝန်ကြီးဌာန ပညာရေး သုတေသန၊ စီမံကိန်းနှင့်လေ့ကျင့် ရေးဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်နေသော  ပညာ ရေး စီမံခန့်ခွဲမှု    သတင်းအချက် အလက်စနစ် (Education Mana-gement Information System –EMIS ) သည်   ASOCIO  2023 Digital  Government   Award ရရှိခဲ့သည်။


အဆိုပါဆုပေးပွဲအခမ်းအနား ကို ကိုရီးယားနိုင်ငံ    ဆိုးလ်မြို့ Weston Justin Hotel ၌ နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ   ကျင်းပ သည့် ASOCIO 2023 Digital Summit တွင်   ပညာရေးသုတေ သန၊  စီမံကိန်းနှင့်   လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ    သန်းသန်းမြင့်နှင့် လက်ထောက်   ညွှန်ကြားရေးမှူး ဒေါ်ဝေဝေသင်းတို့ တက်ရောက်၍ ပညာရေးဝန်ကြီးဌာနကိုယ်စား ဆုလက်ခံရယူခဲ့ပြီး(အပေါ်ယာပုံ) နိုဝင်ဘာ ၁၅ ရက်တွင်   ကျင်းပ သည့်   Pitch Section ကိုလည်း  တက်ရောက်ခဲ့ကြသည်။


ASOCIO   သည်    အာရှ - သမုဒ္ဒရာပိုင်းဒေသရှိ  နိုင်ငံပေါင်း ၂၄ နိုင်ငံမှ IT အသင်းအဖွဲ့များဖြင့် ဖွဲ့စည်းထားသည့်    နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး    IT လုပ်ငန်းကို မြှင့်တင်ရန်နှင့် ဒေသ တွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုများကို   မြှင့်တင်ရန်အတွက် Digital   Summit   ကဲ့သို့သော လှုပ်ရှားမှုများကို   လုပ်ဆောင် လျက်ရှိသည်။


အဆိုပါ  ASOCIO   Digital Summit   2023   အား    The Ministry of Science and ICT, Republic of Korea နှင့် Asia-Oceania Computing Industry Organization (ASOCIO) တို့ ကြီးမှူးပြီး The Federation of Koren Information Indust-ries(FKII)၊ ASOCIO's  Koren member association မှ ပါဝင် ပူးပေါင်းကျင်းပသော   ASOCIO Digital Summit 2023 ကို ၂၀၂၃ ခုနှစ်  နိုဝင်ဘာ  ၁၃ ရက်မှ  ၁၅ ရက်အထိ Westin JOSUN Hotel Seoul ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။    


သတင်းစဉ်