အသွင်သဏ္ဌာန်နှင့်အနှစ်သာရ စွမ်းရည်မြင့်မားလာသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

Type

 

မေ ၅ ရက်တွင် ကျ‌ရောက်မည့် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး

 

 မောင်သင်းပျံ့

 

 မြန်မာနိုင်ငံသည်  ပြည်ထောင်စုတိုင်းရင်းသားများ ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စု ဖြစ်သည်။   ဖွံ့ဖြိုးဆဲနိုင်ငံ   ဖြစ်သောကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်   နိုင်ငံ့ခေါင်းဆောင်များ သည် ခေတ်အဆက်ဆက် အဘက်ဘက်မှ ကြိုးပမ်းခဲ့ ကြသည်။  ထိုသို့ကြိုးပမ်းမှုနှင့်အတူ    မြန်မာနိုင်ငံ သည်      တစ်ဆင့်ချင်းပြောင်းလဲတိုးတက်ခဲ့သည်။ ခေတ်မီတိုးတက်မှုနှင့်အညီ    မြို့ပြနှင့်စက်မှုကဏ္ဍ ဖွံ့ဖြိုးမှုတွင် ခေတ်မီအဆောက်အအုံများနှင့် စက်ရုံ များ၏        မီးဘေးအန္တရာယ်ကာကွယ်ရေးသည်   အထူးအရေးပါလာလျက်ရှိသည်။    မီးဘေးအန္တရာယ် နှင့်    သဘာဝဘေးအန္တရာယ်တို့တွင်    နိုင်ငံနှင့် ပြည်သူတို့အတွက်  ဦးစွာ  ရှေ့တန်းမှကာကွယ်ပေးသူ တို့မှာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်။ နိုင်ငံတိုင်းတွင်   မီးသတ်တပ်ဖွဲ့ကိုယ်စီရှိကြသည်။ ဘာသာစကား၊  ကိုးကွယ်ယုံကြည်မှုနှင့်    အသား အရောင်ကွဲပြားမှုများရှိကြသော်လည်း   မီးသတ် တပ်ဖွဲ့ဟုဆိုလျှင် တူညီကြသောအချက်မှာ မိမိနိုင်ငံ၏ မီးဘေး၊ သဘာဝဘေးကို တားဆီးကာကွယ်ခြင်း နှင့် နိုင်ငံနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အသင့်ရှိနေကြခြင်းပင် ဖြစ်သည်။ 

 


မီးသတ်သမိုင်း


မီးသတ်သမိုင်းသည်   ရှေးကျသော ရောမတို့က စတင်ခဲ့သည်ဟု    မှတ်သားခဲ့ကြပြီး     ယင်းမတိုင်မီ ရှေးအီဂျစ်တို့က  စတင်ခဲ့သည်ဟုလည်း   ဆိုကြ သည်။  ကမ္ဘာ့ပထမဆုံး  ရောမမီးသတ်တပ်ဖွဲ့ကို မားကပ်လီဆီနီယပ်စ်ခရေးဆပ်က ဖွဲ့စည်းခဲ့သည်။ အခကြေးငွေဖြင့် ၎င်း၏မီးသတ်တပ်ဖွဲ့ဝင်များစေလွှတ်၍ မီးငြှိမ်းသတ်ခဲ့ခြင်းဖြစ်သည်။  အေဒီ  ၆၀ ခန့်တွင် နီရိုအင်ပါယာ၌    ရေပုံးနှင့်     ရေစုပ်ပစ္စည်း များကိုအသုံးပြု၍  မီးသတ်ရန် ဗီဂိုင်းခ်ဟုခေါ်သော မီးသတ်အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့သည်။     ထိုအဖွဲ့ သည် မီးသတ်နှင့်  ရဲတပ်ဖွဲ့ကဲ့သို့သော   တာဝန်ကို ဆောင်ရွက်ရန်  ရောမလမ်းမများတွင် ကင်းစောင့် လှည့်လည်ခြင်းကို     ဆောင်ရွက်ခဲ့ကြသည်။ မီးလောင်မှုဖြစ်ပွားပါက   အနီးဆုံးရေရနိုင်သည့် နေရာမှ  ရေပုံးများဖြင့်ရေခပ်၍ တစ်ယောက် တစ်လှည့်ဖြင့်  မီးငြှိမ်းသတ်ခဲ့ကြခြင်းဖြစ်သည်။ ၁၆၆၆ ခုနှစ်တွင် လန်ဒန်မြို့ ပွတ်ဒင်လမ်းမပေါ်ရှိ သောမတ်ဖာရီနာ၏ မုန့်ဖိုစက်မှ မီးလောင်မှုကြီးဖြစ် ပွားခဲ့ရာ   မီးသတ်သမားများနှင့်  မီးငြှိမ်းသတ်ရေးအထောက်အကူပြုပစ္စည်းများ၏ အရေးပါပုံကို သတိပြုမိခဲ့ကြသည်။  ထို့ပြင်  လူသားတို့ရှာဖွေ စုဆောင်းထားသော  ပစ္စည်းဥစ္စာများဆုံးရှုံးမှုကို ကုစားနိုင်မည့် နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။ ၁၆၆၇ ခုနှစ်တွင်  နီကိုလပ်စ်ဘာတွန်က ‘ဖိုင်းယား အော့ဖစ်’ ဟုခေါ် သော ပထမဆုံးမီးအာမခံကုမ္ပဏီကို တည်ထောင်ခဲ့သည်။  အမေရိကတွင်  အမေရိကန် နိုင်ငံ၏  ပထမဆုံးသမ္မတဖြစ်လာမည့် ဂျော့ဝါရှင် တန်သည်   သမ္မတမဖြစ်မီက ဗာဂျီးနီးယားတွင် စေတနာ့ဝန်ထမ်း မီးသတ်သမားအဖြစ် ထမ်းဆောင် ခဲ့သည်။ သမ္မတဘင်ဂျမင်ဖရန့်ကလင့်သည် ၁၇၃၆ ခုနှစ်တွင်  ဖီလာဒယ်ဖီးယား၌  ပထမဆုံးမီးသတ်ဌာန တည်ထောင်ရာတွင်  ကူညီခဲ့ပြီး  ထို့ယခင်က စေတနာ့ဝန်ထမ်း မီးသတ်သမားအဖြစ် ထမ်းဆောင် ခဲ့သည်။ ထိုအချိန်တွင် အစိုးရကဆောင်ရွက်သော မီးသတ်ဌာနမရှိခဲ့သောကြောင့်   မီးငြှိမ်းသတ်ပေးရန် အာမခံ ကုမ္ပဏီများက     ပုဂ္ဂလိကမီးသတ်ဌာနများကို အခကြေးငွေပေးဆောင်ရသောကြောင့်  ပုဂ္ဂလိက မီးသတ်ဌာနများက အပြိုင်အဆိုင်လုပ်ဆောင်ခဲ့ကြသည်။ 

 


စွမ်းဆောင်ရည်ကိုထိန်းသိမ်းထား


၁၈၂၄  ခုနှစ်တွင်  ကမ္ဘာ့ပထမဆုံး  မြူနီစီပယ် မီးသတ်ဌာနကို  စကော့တလန် အဲ့ဒင်ဘာဂျ်တွင်  ဖွဲ့စည်းခဲ့သည်။     ထိုအဖွဲ့တွင်     ဂျိမ်းဘရေ့ဝုဒ်က မီးသတ်ခေါင်းဆောင်အဖြစ်      ဆောင်ရွက်ခဲ့ပြီး လန်ဒန်သို့ရောက်ရှိလာကာ  ၁၈၃၃   ခုနှစ်တွင်  လန်ဒန်မီးသတ်ဌာနကို      တည်ထောင်ခဲ့သည်။   ယင်းမီးသတ်ဌာန၏  အကြီးအကဲအဖြစ်လည်း    ဆောင်ရွက်ခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များကို နိုင်ငံ ခေါင်းဆောင်များက အသိအမှတ်ပြုမှတ်တမ်းတင် မှုများရှိခဲ့ရာ  ဒုတိယကမ္ဘာစစ်အတွင်း၌  ဝင်စတန် ချာချီသည် စေတနာ့ဝန်ထမ်းမီးသတ်သမားများကို ‘ညစ်ပေသောမျက်နှာများဖြင့်   နတ်သားများ’ (Angels with Grimy faces) ဟု တင်စားခေါ်ဝေါ်ခဲ့ သည်။     မီးသတ်တပ်ဖွဲ့ဝင်တို့သည်    ခေတ် အဆက်ဆက်တွင် အများကောင်းကျိုးကို သယ်ပိုးခဲ့ ကြသည့်   ကရုဏာနှင့်    စွမ်းရည်သတ္တိ ပြည့်ဝသော  လူသားများအဖြစ်      အသိအမှတ်ပြုခဲ့ကြပြီး ယနေ့တိုင်  ထိုစွမ်းဆောင်ရည်ကို   ထိန်းသိမ်း ထားလျက်ရှိသည်။

 


သောသောညံ ပုဂံမီးဆော်မောင်း


မြန်မာနိုင်ငံတွင် မီးဘေးကာကွယ်ရေးလုပ်ငန်း များကို ပုဂံခေတ် အေဒီ ၁၀၄၄  မှစတင်၍ ယနေ့တိုင် နှစ်ပေါင်း   ၉၇၀   ကျော် ဆောင်ရွက်ခဲ့ကြောင်း သမိုင်းအထောက်အထားများက    ပြသလျက်ရှိသည်။ ပုဂံခေတ်မင်းများတွင် မင်းဆက် ၄၃ ဆက်မြောက် ဖြစ်သော အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇)သည်   လက်ရုံးရည်၊  နှလုံးရည်နှင့်  ပြည့်ဝသော မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်သည်။  အမြော်အမြင် ကြီးသောကြောင့်  တိုင်းသူပြည်သားများ      မီးဘေး အန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ခဲ့သည်။   အနော်ရထာမင်းလက်ထက် တွင်  မြန်မာ့မီးသတ်သမိုင်းကို   စတင်မှတ်တမ်း တင်နိုင်ခဲ့သည်။  မင်းနေပြည်တော်အတွင်း   မီးဘေး ကြိုတင်ကာကွယ်ရန် မီးကပ်လုလင် ၆၆၃  ဦး အား  ခန့်ထားပြီး      နေ့စဉ်မီးကို      အချိန်အကန့် အသတ်ဖြင့် အသုံးပြုရန် မောင်းကြေးနင်းခတ်၍  နှိုးဆော်သတိပေးခဲ့သည်။      မင်းနေပြည်တော်၏ မီးဘေးကာကွယ်ရေးတွင်ထားရှိသည့်       မီးကပ် လုလင်အရေအတွက်နှင့်       ယင်းတို့၏လုပ်ငန်း တာဝန်များကိုအစွဲပြု၍    “သောသောညံ   ပုဂံ မီးဆော်မောင်း” အလင်္ကာဖြင့် မှတ်သားထားခဲ့ ကြသည်။ 

 


ကျောသားရင်သားမခွဲခြား


     မြန်မာသက္ကရာဇ် ၇၂၉ ခုနှစ် အင်းဝခေတ်တွင် နန်းတက်သော  မင်းကြီးစွာစော်ကဲသည်  ပထမ ဝါဆိုလဆန်း ၅  ရက်နေ့တွင် မီးဘေးအန္တရာယ်နှင့် စပ်လျဉ်း၍  “မြို့ဝန်၊  မြို့စာရေး၊   ထောင်မှူး၊ ထောင်စာချီတို့မှာလည်း   ရွှေနန်းတော်ပတ်လည် အတွင်းပြင် ခိုးသေး၊ မီးသေး၊ မီးပွား၊ ရာဇဝတ်နှင့် စပ်ဆိုင်သည်များကို  အရှေ့ငါးတိုင်၊ မြောက်ငါးတိုင် အတွင်းတွင်  ခိုးသေး၊  မီပွားမပေါ်ပေါက်အောင် ကျပ်ကျပ်တည်းတည်း   ဟုတ်မှန်တိုင်း   စစ်ကြော စီရင်” ဟူ၍အမိန့်တော်ထုတ်ပြန်ခဲ့သည်။ မင်းကြီး စွာစော်ကဲသည်    မီးဘေးသတိနှင့်    ကြိုတင် ကာကွယ်ရေးအတွက်    ပြည်သူများလိုက်နာရန်နှင့်   ဘုရင့် မိသားစုဝင်များ၊   မင်းညီမင်းသားများကို   မီးဘေး ကာကွယ်ရေးလုပ်ငန်းတို့တွင် ကျောသား ရင်သားမခွဲခြားဘဲ လုပ်ဆောင်ပါဝင်စေခဲ့သည်။ 

 


မီးဘေးကာကွယ်ရေးတင်းကျပ်စွာဆောင်ရွက်


     ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး           လက်ထက်တော် မြန်မာသက္ကရာဇ်  ၁၁၁၉ ခုနှစ် တပေါင်းလဆန်း ၁ ရက်တွင်  မီးလောင်မှုနှင့်စပ်လျဉ်းသောအမိန့်တော် တစ်ရပ်အဖြစ်   “အရပ်တွင်  ခိုးသေးမီးပွား  မပေါ် မထွက်အောင်   ညဉ့်နေနှိုးဆော်၍ တစ်လိုင်းအိမ်ကို ချွန်းချိတ်ဝါး  ၁၀စင်းတန်သည်၊  ငါးစင်းတန်သည် စိုက်ထောင်ရှိစေ။ အိမ်မိုးမှာလည်း  ရေအိုးရေပြည့် ထားရှိစေ၊ ထမင်းချက်ပြုတ်သည်မှာလည်း ကျင်း ၃၆ ပြည့်တူး၍   ချက်ချိန်ကိုသာချက်စေ။   နံနက် ၄ ချက်တီးကျော်  ၃  မောင်းချက်ပြုတ်၍   မီးသေ ငြိမ်းစေ၊ ည၃ချက်တီးကျော် ၂ မောင်းတွင် မြို့ဝန်တို့ မောင်းခတ်လျှင် ထမင်းချက်စေ၊  ၎င်း ၃  ချက်တီး ကျော် ၇  မောင်းကိုမီးသေငြိမ်းစေ၊  ချက်ပြုတ်ချိန် မောင်းခတ်သည့် အချိန်အတွင်းက  လွန်သည့်အချိန် တွင် တစ်အိမ်မျှ မီးပွား၊ မီးပေါက်မရှိစေနှင့်။ မီးကျင်း တွင် မီးဆော်တို့ အမှိုက်ကြက်မွေးနှင့် ထိုးစမ်းသပ်စေ၊ သေငြိမ်းသည့်ကာလဖြစ်လျက်     မသေမငြိမ်း၊ စမ်းသပ်သည့် အမှိုက်၊ ကြက်မွေးကိုစွဲလောင်လျှင် မီးရှို့သည့်အိမ်ရှင်ကိုခေါ်၍     မြို့ရုံးမှာအပ်ရမည်။ လမ်းခရီးကိုလည်း  ဆေးအိုး၊  ဆေးတံသောက်၍ မသွားမလာစေနှင့်။ သွားလာလျှင် ဆေးအိုးဆေးတံ ကို  လုယူသိမ်းထားရမည်၊  မီးဆော်တို့ တစ်နေ့ ၅  ကြိမ်  လှည့်ပတ်စစ်ကြောစေ” ဟူ၍အမိန့်တော် ထားရှိခဲ့သည်။    မီးဘေးကြိုတင်ကာကွယ်ရေး  အတွက်  မုခ်ဦးများ၊ ဂိတ်များနှင့် မြို့ရိုးများတွင်  မျှော်စင်ငယ်များ ဆောက်လုပ်ခဲ့ပြီး အိမ်ရှေ့မင်းသား နှင့်   မြို့စောင့်တပ်များကို  မီးဘေးလုံခြုံရေးနှင့် ဆိုင်သော ကိစ္စရပ်များအား တင်းကျပ်စွာဆောင်ရွက် စေခဲ့သည်။ 

 


သမိုင်းမှတ်တမ်းများထားရှိ

 

     မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင် ပိတ်စ၊  စံပယ်၊  နှင်းဆီ၊  ဖြူလိတ်ဟူသော နိုင်ငံခြား သား မီးသတ်တပ်ဖွဲ့ဝင်   လေးဦးခန့်အပ်ထားရာ မင်းတုန်းမင်း၏ရွှေနန်းတော်သို့ အီတာလျံပြည်မှ ဓာတ်မီးသေတ္တာအား စမ်းသပ်ဖွင့်ကြည့်စဉ်  မီးခိုး မီးလျှံများ       နန်းတော်တစ်ခုလုံးဖုံးလွှမ်းခဲ့၍ နိုင်ငံခြားသားမီးသတ်    တပ်ဖွဲ့ဝင်   လေးဦးက ငြှိမ်းသတ်ခဲ့သည်။  ထို့နောက် မင်းတုန်းမင်းထံသို့ ဥရောပနိုင်ငံများမှ မီးသတ်စက် နှစ်စီးနှင့် မီးငြှိမ်းသတ် ရေးပစ္စည်းကိရိယာများကို     လှူဒါန်းခဲ့ကြောင်း မှတ်တမ်းထားရှိခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ်  တပေါင်းလဆန်း ၆ ရက်နေ့တွင် နန်းတော် အနောက်    စည်ရှင်ဈေးပတ်လည်        မီးလောင်မှု ဖြစ်ပွားခဲ့ရာ      မက္ခရာမင်းသားကြီးကိုယ်တိုင်  နောက်လိုက်နောက်ပါများနှင့်  ငြှိမ်းသတ်ခဲ့ရသည်။ ဈေးပတ်လည် အိမ်ခြေ ၇၀၀ ကျော် မီးသင့်ခဲ့သည့် အတွက် ကြိုးစားမငြှိမ်းသတ်မှုကြောင့်  မင်းတုန်းမင်း တရားကြီးက မြို့ဝန်၊    ပြဝန်တို့အား    အပြစ်ဒဏ်စီရင် ခဲ့ပြီး တောင်မြို့ဝန်    ဦးပေစိနှင့်  မြောက်မြို့ဝန်  ဦးသာအိုးတို့ကို       သံခြေချင်းနှစ်ဆင့်ခတ်ကာ အကျဉ်းချစေလျက် ကမ်းနီအတွင်းဝန်ကို     ရာထူး ရာခံရုပ်သိမ်း၍     လွှတ်တော်ကိုပို့စေခဲ့ကြောင်း မီးဘေးနှင့်ပတ်သက်ပါက ပြတ်သားစွာဆောင်ရွက်မှု ကို  သမိုင်းမှတ်တမ်းများ ထားရှိခဲ့သည်။

 


မြူနီစီပယ်


၁၈၇၄ ခုနှစ်တွင် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ပုံစံတွင်   မြူနီစီပယ်အက်ဥပဒေကို   ရေးဆွဲခဲ့ပြီး ထိုအက်ဥပဒေအရ မြန်မာနိုင်ငံတစ်ဝန်းရှိ  မြို့ကြီး များတွင်         မြူနီစီပယ်ကော်မတီများဖွဲ့စည်း၍  မြူနီစီပယ်အုပ်ချုပ်ရေးကို    ဖော်ဆောင်ခဲ့သည်။ ၁၈၇၄ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင်  ရန်ကုန်မြို့၊  တောင်ငူမြို့နှင့်  မော်လမြိုင်မြို့တို့၌ လည်းကောင်း၊   နိုဝင်ဘာ  ၅   ရက်တွင်   ပုသိမ်မြို့၌ လည်းကောင်း၊ နိုဝင်ဘာ ၁၂  ရက်တွင်    ပြည်မြို့၌လည်းကောင်း ကော်မတီများဖွဲ့စည်းခဲ့သည်။ ၁၈၈၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင်  ရန်ကုန်မြူနီစီပယ် ကော်မတီမှ မြူနီစီပယ်မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။  ၁၈၈၄ ခုနှစ်တွင်  မြူနီစီပယ်အက်ဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့ သည်။ မြူနီစီပယ်သည်  ရန်ကုန်မြို့   မီးဘေး ကာကွယ်ရေးအတွက်   ရေရရှိရန်ဆောင်ရွက်ခဲ့ပြီး ရေနွေးငွေ့သုံးမီးသတ်ယာဉ်၊         ရေနွေးငွေ့သုံး မီးသတ်စက်၊ လူအားသုံးမီးသတ်စက် (ဝါ) လက်နှိပ် ပန့်တို့ကိုအသုံးပြုခဲ့ပြီး     မီးသတ်သင်တန်းများ လေ့ကျင့်သင်ကြားပေးကာ   မီးသတ်စခန်းများကို တည်ဆောက်ဖွင့်လှစ်ခဲ့သည်။   ထိုမီးသတ်စခန်း များတွင်  ၁၉၁၂ ခုနှစ်က ရူပီးငွေ ၄၀၀၀ ကုန်ကျခဲ့သော ရန်ကုန်မြို့တွင် ပထမဆုံးသံဖရိန်ဖြင့် တည်ဆောက် ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့ပြ အမွေအနှစ် အဖြစ်   အပြာရောင်ကမ္ပည်းပြားတပ်ဆင်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး (ရန်ကုန် ဗဟိုမီးသတ်အဆောက်အအုံ) လည်းပါဝင်ခဲ့သည်။  ထိုအဆောက်အအုံသည်  အင်္ဂလန်နိုင်ငံ  အက်ဒွပ် ဘုရင်ခေတ်၏  ဗိသုကာလက်ရာကောင်းများစွာ စုဝေးလျက်ရှိသည်၊၊  မြန်မာနိုင်ငံတွင်  မြင်းနှင့်ဆွဲ သောအင်ဂျင်ဖြင့်  မီးငြှိမ်းသတ်နိုင်ခဲ့ရာမှ  ဓာတ်ဆီ (သို့)     ရေနွေးငွေ့အင်ဂျင်ဖြင့်     ပြုလုပ်ထားသော မီးသတ်ယာဉ်ကို အစားထိုးပြောင်းလဲအသုံးပြုနိုင်ခဲ့သည့်  ပထမဆုံး   မီးသတ်စခန်းကြီးလည်း ဖြစ်သည်။ 

 


နိုင်ငံလုံးဆိုင်ရာမီးသတ်အစည်းအရုံး


၁၉၄၆ ခုနှစ် မေလ ၅  ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်လေး  ဇိနတ်အစ္စလာမ်မိန်းကလေးကျောင်း ခန်းမ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စေတနာ့ဝန်ထမ်း များနှင့်     မီးသတ်အစည်းအရုံးများစုစည်း၍ ပထမအကြိမ်       ဗမာနိုင်ငံလုံးဆိုင်ရာ     မီးသတ် အစည်းအရုံး ညီလာခံကိုကျင်းပခဲ့ရာ   ခရိုင်ပေါင်း  ၁၉    ခရိုင်မှ    ကိုယ်စားလှယ်ပေါင်း  ၁၉၇ ဦး တက်ရောက်ခဲ့သည်။  နာယကလူကြီးများအဖြစ်ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘချို၊ ဦးဘဂျမ်း၊ သခင်မြ၊ ဦးဘဖေကြီး၊  ဦးစိုးညွန့်၊ ဟင်္သာတဦးမြ၊ ဦးတင် (မြန်မာ့အလင်း)၊      ဦးမြ      (ပျော်ဘွယ်)၊  သခင်သန်းထွန်း၊  ဦးဘဝင်း၊   ဗန္ဓုလဦးစိန်တို့   တက်ရောက်ခဲ့ကြသည်။      ယင်းညီလာခံတွင် ဦးလှကျော်အား  ဗမာနိုင်ငံလုံးဆိုင်ရာ   စေတနာ့ ဝန်ထမ်း   မီးသတ်အစည်းအရုံးကြီး၏ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။       ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးလှကျော်၊ ဒုဥက္ကဋ္ဌ ဦးသန့် (လက်ပံတန်း)၊ အတွင်းရေးမှူးဦးလှ၊ အမှုဆောင်များ မှာ ဦးထွန်းရင်၊ ဦးစိုးဝင်း၊  ဦးထွန်းစိန်၊    ဦးဘထွန်း  (ဟင်္သာတ)၊ ဦးအုန်းရွှေ  (ဇီးကုန်း)၊  ဦးအေးရွှေ  (ဖျာပုံ)၊  ဦးငွေကြည်   (ထားဝယ်)နှင့် ဦးဘရီ (ပေါင်းတည်) တို့ဖြစ်လာကြသည်။ 

 


လမ်းညွှန်မှာကြားခဲ့


ထိုအခမ်းအနားသို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း   တက်ရောက်ခဲ့ရာ  မီးသတ် လုပ်ငန်းနှင့်ပတ်သက်၍       လမ်းညွှန်ဩဝါဒအဖြစ်    “ မီးသတ်အဖွဲ့သားများ၏တာဝန်မှာ      စည်းကမ်း အရေးကြီး၍     အထူးမြင့်မြတ်သော  ဝန်ထမ်း အလုပ်ကြီးဖြစ်ကြောင်း၊ စစ်တပ်များတွင် သူရဲကောင်း များပေါ်ပေါက်သကဲ့သို့    မီးသတ်လုပ်ငန်းများတွင်  သူရဲကောင်းများပေါ်ပေါက်ကြသည့်အနက် မီးသတ် သူရဲကောင်းများမှာ  သူတစ်ပါးအား  တိုက်ခိုက်ရခြင်း မဟုတ်ဘဲ   စွန့်စားသူများဖြစ်သဖြင့်   အထူးမြင့်မြတ် သော  သူရဲကောင်းများဖြစ်ကြောင်း၊ မီးသတ်အဖွဲ့မှာ ယဉ်ကျေးမှုနှင့်  စွန့်စားမှုအရေးကြီး၍     အရပ်ရပ် တိုင်းတွင် ဖွဲ့စည်းအပ်ကြောင်း၊ မီးသတ်အသင်းကိုတည်ထောင်ခြင်းဖြင့်     စည်းကမ်းသေဝပ်မှု၊     ပေါင်းသင်းဆက်ဆံရေး၊ ပြည်သူ့ဝန်ထမ်းစသော   မြင့်မြတ်သောအလုပ်များ၊      သဘောထားများ ဖြစ်ပေါ်လာနိုင်ကြောင်း၊  မီးသတ်ရဲဘော်တို့သည်     သူအိုသူနာများအား   သက်စွန့်ကြိုးပမ်း   မီးဘေးမှ ကယ်တင်ခြင်းသည်   တကယ့်လူစွမ်းကောင်းများ ဖြစ်ပြီး       မီးဘေးသည် ကြောက်မက်ဖွယ်ကောင်းသော      ရန်သူဖြစ်ရာ       မီးဘေးကာကွယ်ရေးအဖွဲ့များ  ရပ်ကွက်တိုင်းတွင်ထားသင့်ကြောင်း၊   ယောကျ်ား များသာမဟုတ် မိန်းမများပင် ပါဝင်ဆောင်ရွက်သင့် ကြောင်း” ပြောကြားခဲ့သည်။ အဆိုပါ ၁၉၄၆ ခုနှစ် မေလ  ၅ ရက်နေ့တွင် မီးသတ်အစည်းအရုံးကြီး တည်ထောင်သောနေ့ကို  “ မီးသတ်နေ့ ”   အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့တိုင် “မီးသတ်တပ်ဖွဲ့နေ့”ကို လက်ဆင့်ကမ်းအမွေအဖြစ် ထိန်းသိမ်းစောင့်ရှောက် ကျင်းပလျက်ရှိသည်။

 


M.E.T ဟန်ချက်ညီစွာတည်ဆောက်ရန်


(၇၅) နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက     “နိုင်ငံတော်အနေဖြင့် မီးသတ်တပ်ဖွဲ့ကို ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ၊   နိုင်ငံတော်အတွင်းရှိ  ကုန်ထုတ် အရင်းအနှီးများကို  မီးဘေးအန္တရာယ်မှ  တားဆီး ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ် အပါ အဝင် အခြားသောဘေးအန္တရာယ်များ ကျရောက် သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များကို တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်း တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး     မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊    ရှာဖွေ ကယ်ဆယ်ရေးနှင့်    ပြည်သူ့အကျိုးပြုလုပ်ငန်း စသည့် ရည်မှန်းချက်တာဝန်ကြီး (၄) ရပ်ကို ချမှတ် အကောင်အထည်ဖော်       ဆောင်ရွက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် နိုင်ငံ တကာ   မီးသတ်တပ်ဖွဲ့ဝင်များနှင့်     ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရေးအတွက်    မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်းရည် တိုးတက်မြင့်မားစေရေး ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို  လက်ရှိအခြေအနေများနှင့် နောင် ဖြစ်တည်လာမည့် အနာဂတ်ကာလကို မျှော်မှန်းပြီး အသွင်သဏ္ဌာန်ရော၊ အနှစ်သာရပိုင်းပါ   ပြုပြင် ပြောင်းလဲနိုင်ရေးအတွက်  မီးသတ်တပ်ဖွဲ့ကို Men Power,Equipment Power,Technology Power များ ဟန်ချက်ညီအောင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 


မီးသတ်ဦးစီးဌာန၏လုပ်ငန်းစဉ် (၇) ရပ်


မီးသတ်တပ်ဖွဲ့အား    စနစ်တကျဖွဲ့စည်း၍ ပြည်သူ့အကျိုးကို   ၁၉၄၆  ခုနှစ်မှ  စတင်ထမ်း ဆောင်ခဲ့သည်မှာ ၂၀၂၁ ခုနှစ် မေ ၅ ရက်တွင်  (၇၅) နှစ်မြောက် စိန်ရတုတိုင်ခဲ့ပြီဖြစ်ရာ  ၂၀၂၂ခုနှစ် မေ ၅ ရက်တွင် (၇၆)  နှစ်မြောက်ခဲ့ပြီဖြစ်သည်။ နိုင်ငံ နှင့်    ပြည်သူ့အကျိုးထမ်းရွက်သည့်   မီးသတ် တပ်ဖွဲ့ဝင်တို့၏ မီးသတ်ဦးစီးဌာနတွင် လုပ်ငန်းစဉ်  (၇) ရပ်ကို ထမ်းဆောင်လျက်ရှိသည်။ ထိုလမ်းစဉ် (၇) ရပ်မှာ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည် (၄)ရပ် ဖြစ်သော  မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည် ထက်မြက်စေရန်         မီးသတ်တပ်ဖွဲ့ဝင်တိုင်း၏ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း၊ မီးသတ်စက်/ယာဉ်နှင့် ပစ္စည်းကိရိယာများမွမ်းမံရေး၊ ကြံ့ခိုင်ရေး နှင့် အသင့်ရှိရေးလုပ်ငန်းများ၊ ပြည်သူလူထုအား မီးဘေးလုံခြုံရေး    အသိပညာပေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရေးလုပ်ငန်း၊     အရန်နှင့် သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရေးနှင့် လေ့ကျင့်သင်တန်းပေးရေးလုပ်ငန်း၊    မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည်  နိုင်ငံတကာအဆင့်နှင့်အညီ ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေးအတွက် ကွပ်ကဲမှု နည်းစနစ်များ၊  မီးသတ်ပညာရပ်များ၊   ရှာဖွေ ကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များအား အစဉ်အမြဲ သုတေသနပြုလုပ်ဖော်ထုတ်၍ တပ်ဖွဲ့ဝင်အားလုံး တတ်ကျွမ်းနားလည်စေရန်      လေ့ကျင့်ပေးရေး လုပ်ငန်း၊  မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် နှင့် တာဝန်များကိုအသုံးပြု၍  မီးဘေးလုံခြုံရေး ဆိုင်ရာ စစ်ဆေးအကြံပြုချက်များကို သက်ဆိုင်ရာ နိုင်ငံတော်ပိုင်/ ပုဂ္ဂလိကပိုင်၊ ဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းများက  တိကျစွာလိုက်နာဆောင်ရွက်စေရေး လုပ်ငန်းများ၊    မြန်မာနိုင်ငံ  မီးသတ်တပ်ဖွဲ့ဝင်များအား  နိုင်ငံတော်၏  ခိုင်မာသောအရန်အင်အား ဖြစ်စေရေး အတွက်‌   လေ့ကျင့်ဖွဲ့စည်း၍   စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်း  စသည်တို့ကို  ဖော်ဆောင် လျက်ရှိသည်။

 


ရည်ရွယ်ချက်ထားဆောင်ရွက်


မီးသတ်ဦးစီးဌာနသည်     ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊  နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့်    သဘာဝ ဘေးအန္တရာယ်    အပါအဝင်       အခြားသောဘေး အန္တရာယ်များကျရောက်သည့်အခါ    အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို     တာဝန်ယူ ဆောင်ရွက်ရန်စသည့် မီးသတ်ဦးစီးဌာန၏ ရည်ရွယ် ချက်တို့ကို ဆောင်ရွက်လျက်ရှိပြီး  မီးဘေးလုံခြုံရေး၊ သဘဝဘေးအန္တရာယ်ကာကွယ်ရေး၊         ရှာဖွေ ကယ်ဆယ်ရေးနှင့်    ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးတို့သည်    မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သည်။  ထို့ပြင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက် (၅) ချက်ဖြစ်သော နိုင်ငံပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ပစ္စည်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ပြည်သူတို့၏  အသက် အိုးအိမ်စည်းစိမ်များကို       မီးဘေးနှင့်   အခြား သဘာဝဘေးအန္တရာယ်ကြောင့်     ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားစေရေးအတွက် ကာကွယ်ပေးရန်၊ မီးသတ် တပ်ဖွဲ့ကို စနစ်တကျဖွဲ့စည်း၍  မီးသတ်တပ်ဖွဲ့ဝင် များကို လေ့ကျင့်သင်ကြားပေးရန်၊ မီးဘေးအန္တရာယ် နှင့်   အခြားသဘာဝဘေးအန္တရာယ်၊  ကပ်ရောဂါ အန္တရာယ်     (သို့)   ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်တစ်မျိုးမျိုး ကျရောက်သည့်အခါ မီးငြှိမ်းသတ်ရေး၊ ကာကွယ်တားဆီးရေး၊  ရှာဖွေ ကယ်ဆယ်ရေးတို့ကိုဆောင်ရွက်ရန်၊ ဘေးအန္တရာယ် တစ်မျိုးမျိုးကျရောက်သည့်အခါ       ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကိုရရှိရေးအတွက်  ပညာပေး၊ စည်းရုံးလှုံ့ဆော်မှုများ     ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ နိုင်ငံတော်လုံခြုံရေး၊ ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့်  တရားဥပဒေစိုးမိုးရေး အတွက်လိုအပ်ပါက      ပါဝင်ကူညီဆောင်ရွက်ရန် စသည်တို့ကို ရည်ရွယ်ချက်ထား ဆောင်ရွက်လျက် ရှိသည်။ 

 


ဘွဲ့တံဆိပ်နှင့်ဂုဏ်ထူးဆောင်များချီးမြှင့်


မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏  လက်ကိုင်ဆောင်ပုဒ် သည်   သတိ၊   သစ္စာ၊   သတ္တိဖြစ်ပြီး   မြန်မြန်သိ၊  မြန်မြန်သွား၊  မြန်မြန်ငြှိမ်းစနစ်ဖြင့်   ဆောင်ရွက် လျက်ရှိရာ မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် တို့ဖြင့် စွမ်းရည် (၄) ရပ်ကို   ပိုင်ဆိုင်ထားသော တပ်ဖွဲ့ဝင်များဖြစ်သည်။ နိုင်ငံနှင့်ပြည်သူတို့အတွက် စွန့်စွန့်စားစား      ထမ်းဆောင်ကြသောကြောင့် မြန်မာနိုင်ငံမီးသတ် စတင်တည်ထောင်ချိန်မှစ၍ ယနေ့ထိ စွမ်းရည်သတ္တိဆိုင်ရာဘွဲ့တံဆိပ် ၇၆ ဦးနှင့် စွမ်းဆောင်ရည်ဆိုင်ရာ ဘွဲ့တံဆိပ် ၂၃၁ ဦးတို့ကို ချီးမြှင့်ခဲ့သည်။   နိုင်ငံတော်ကချီးမြှင့်ခဲ့သော ဘွဲ့ထူး ဂုဏ်ထူးများတွင် ၁၉၅၄ ခုနှစ်၌  ညွှန်ကြားရေးဝန် ဦးလှကျော်အား သရေစည်သူဘွဲ့၊ ၁၉၅၆ ခုနှစ်တွင် ညွှန်ကြားရေးဝန် ဦးခင်မောင်လွင်အား ဝဏ္ဏကျော် ထင်ဘွဲ့နှင့်     ညွှန်ကြားရေးမှူးချုပ် ဦးရှားကိုးအား သီရိပျံချီဘွဲ့တို့ကို ပေးအပ်ခဲ့သည်၊၊ ရဲသီဟတံဆိပ်၊ ရဲသူရတံဆိပ်၊  ရဲဗလတံဆိပ်၊   ရဲသူရိန်တံဆိပ်၊ ရဲကျော်စွာတံဆိပ်၊ ရဲကျော်သူတံဆိပ်များလည်းပေးအပ်ခဲ့သည်၊၊ စိုးမိုးကျော်အမြန် ရေယာဉ်နစ်မြုပ်မှုတွင်    နစ်မြုပ်နေသောရေယာဉ်အတွင်းမှ       ပိတ်မိနေသော ရုပ်အလောင်းများကို တပ်မတော်သား ငါးဦးနှင့်အတူ စွန့်စားသယ်ထုတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်လေးဦး အား      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခဲ့သည်။ 

 


နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်


နိုင်ငံတကာနှင့်     ပူးပေါင်းဆောင်ရွက်မှုဖြင့် မီးသတ်စွမ်းရည်များ မြင့်မားလာခဲ့သည်။ ပြင်ဦးလွင် ဗဟိုမီးသတ်သင်တန်းကျောင်းတွင် မြန်မာ-စင်ကာပူနည်းပညာပူးပေါင်းဆောင်ရွက်ခြင်း၊   ဂျပန်နိုင်ငံ တွင် မီးငြှိမ်းသတ်ရေးသင်တန်းနှင့်  ငလျင်ဘေးအသိ ပညာပေးဆောင်ရွက်ခြင်း၊ အိန္ဒိယနိုင်ငံတွင်ရှာဖွေ ကယ်ဆယ်ရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ ပိုလန်နိုင်ငံသို့ ပညာတော်သင်အဖွဲ့သွားရောက်ခြင်း၊ တရုတ်နိုင်ငံနှင့်  သုတေသနနှင့်  ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊            ထိုင်းနိုင်ငံနှင့် ဘေးအန္တရာယ်ဆိုင်ရာဖြစ်စဉ်များကို     ကွပ်ကဲမှု ပူးပေါင်းဆောင်ရွက်ခြင်း၊     အမေရိကန်နိုင်ငံနှင့် အကျပ်အတည်းများဆိုင်ရာ  စီမံခန့်ခွဲမှု   ပူးပေါင်း ဆောင်ရွက်ခြင်း၊ကိုရီးယားသမ္မတနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ပြင်သစ်နိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်ခြင်းတို့ဖြင့်    မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ကမ္ဘာ့နိုင်ငံများရှိ မီးသတ်တပ်ဖွဲ့များနှင့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ          ကာကွယ်ရေး လုပ်ငန်းများကို  အတူလက်တွဲ  ပူးပေါင်းဆောင် ရွက်ခဲ့သည်။ နိုင်ငံအတွင်းရှိ  သင်တန်းကျောင်း များတွင် စွမ်းရည်မြှင့်သင်တန်းများနှင့် နည်းပညာ ပိုင်းဆိုင်ရာသင်တန်းများကို   ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး မျိုးဆက်သစ်များကို မွေးထုတ်ပေး လျက်ရှိသည်။

 


အသွင်သဏ္ဌာန်နှင့်အနှစ်သာရ 
ပြောင်းလဲတိုးတက်လာ


ရန်သူမျိုးငါးပါးတွင်  မီးသည်ကြောက်မက်ဖွယ် အကောင်းဆုံးရန်သူဖြစ်ပြီး    ၁၂    ရာသီတွင် အန္တရာယ်ရှိသည့်  သဘာဝအန္တရာယ်ဆိုး   (Natural Disaster)  ဖြစ်သည်။  လူတို့၏ပယောဂကြောင့် မဟုတ်ဘဲ  ရေ၊ မြေ၊ တော‌၊ တောင်၊ ဒီရေ၊ မိုးရေ၊ မုန်တိုင်း၊ ငလျင်တို့ကြောင့်လည်း လူတို့၏အသက် အိုးအိမ်စည်းစိမ်ကို      ပျက်စီးစေလျက်ရှိသည်။ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တို့ ရင်ဆိုင်ကြုံတွေ့ရပါက ခေတ်မီနည်းပညာနှင့် စက် ပစ္စည်းများသည်  ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေမှုတွင် အရေးပါလျက်ရှိသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သည်   မီးဘေးနှင့်    သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက်  နည်းပညာနှင့်စက်ပစ္စည်း ကိရိယာများကို နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက် မှုဖြင့်  အသွင်သဏ္ဌာန်နှင့်အနှစ်သာရ စွမ်းရည်တိုး တက်မြင့်မားလာခဲ့ရာ  ပြည်သူတို့၏ အသက်အိုး အိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုကိုလည်း အနည်းဆုံး ဖြစ်အောင်   ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ မီးဘေး နှင့်   သဘာဝဘေးအန္တရာယ်တို့တွင်     အစဉ်တစိုက်     စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော    မီးသတ် တပ်ဖွဲ့ဝင်များနှင့်       အသက်ပေးသွားခဲ့ကြသော   မီးသတ်တပ်ဖွဲ့ဝင်တို့အား  ပြည်သူတို့၏နှလုံးသား ဝယ်   ကမ္ပည်းမော်ကွန်းတစ်ရပ်   အစဉ်ရေးထိုးထား လျက်ရှိနေပါကြောင်း (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား      ဂုဏ်ပြုရေးသားအပ်ပါ သည်။      ။