
အသက်ရှည်အောင် ဆေးလိပ်ရှောင်
* ယနေ့ချိန်ခါ၊ ဤကမ္ဘာဝယ်
မာယာဆိုးညစ်၊ မူးယစ်ဆေးဝါး
သောက်စားရှူသွင်း၊ သုံးစွဲခြင်းတို့
သတင်းနယ်ပယ်၊ အသွယ်သွယ်တွင်
ရောင်းဝယ်ဖောက်ကား၊ အပြားပြားတည့်
ကြားသိစိတ်ဝမ်း မရွှင်လန်း။
* မူးယစ်အစ၊ ဆေးလိပ်ကဟု
သိကြသော်ငြား၊ မရှောင်ရှားကြ
ဆောင်ထားသတိ၊ အမြဲရှိသော်
မိမိအပြင်၊ နီးဝန်းကျင်၌
ရှောင်ကြဉ်အဆိပ်၊ သည်ဆေးလိပ်ကို
တစ်ဆိတ်စာမျှ၊ မသုံးကြဖို့
ညွှန်းပြနိုင်မည်၊ မှန်ပေသည်တည့်။
* ဆေးလိပ်ဆေးရွက်၊ ခင်တွယ်မက်၍
အသက်များစွာ၊ ဆုံးခဲ့ပါပြီ
ရောဂါထွေပြား၊ ကမ္ဘာတစ်လွှား၌
ဆန့်လျားနယ်ပယ်၊ အသွယ်သွယ်တည့်
ဆယ်ကျော်သက်ရွယ်၊ ပျိုနုငယ်တို့
ခင်တွယ်သောက်သုံး၊ တစ်ကမ္ဘာလုံးဝယ်
သုံးဆယ့်ခုနစ်သန်း၊ ကိန်းဂဏန်းမှ
ဆယ့်တစ်သန်းမျှပင်၊ သေပွဲဝင်သည်
ဆင်ခြင်သတိ ထားကြဘိ...။
* ဆေးလိပ်သောက်သူ၊ စာရင်းယူသော်
လူသန်းထောင့်နှစ်ရာ၊ မကပါတည့်
ရောဂါရရေး၊ ငွေကိုပေးသို့
ချင့်တွေးသတိ ထားကြဘိ...။
* ကောင်းကျိုးမပေး၊ ဆေးလိပ်ဘေးနှင့်
ဆိုးကျိုးသာပေး၊ ဆေးလိပ်ဘေးကို
ဝေးဝေးကသာ၊ ရှောင်ကြပါမည်
ကမ္ဘာတစ်ခွင် ကျန်းမာဖို့...။
လူသားအားလုံး ကျန်းမာဖို့...။
ဘိုမျိုး (ရွှေဘို)