အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ

 

တွေ့ဆုံမေးမြန်း- ဝင်းဝင်း
 

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC)သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန် ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး  အဆိုပါလုပ်ငန်းကော်မတီများသည် DMC တွင်စုဖွဲ့ကာ  မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ်တုံ့ပြန် ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းကော်မတီ ၁၂ ခု အနက် တစ်ခုအပါအဝင်ဖြစ်သည့်  အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

မေး    ။    ။    အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ 
            ပြန်လည်       ထူထောင်ရေးလုပ်ငန်း ကော်မတီအနေနဲ့   မိုခါမုန်တိုင်းနဲ့    ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက် ခဲ့တယ်ဆိုတာ ပြောကြားပေးစေလိုပါတယ်။
ဖြေ    ။    ။    ကျွန်တော်တို့ကော်မတီရဲ့ လုပ်ငန်းတာဝန် 
            တွေထဲမှာ     အသက်မွေးဝမ်းကျောင်း ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်    ရေးဆွဲထားခြင်းနဲ့ ပြန်လည်ထူထောင်ရေးအပိုင်းဆိုပြီး    ပါဝင်တယ်။ ကြိုတင်ပြင်ဆင်မှုအနေနဲ့     ကော်မတီမှာပါဝင်တဲ့ ဌာနအလိုက်အစီအမံတွေ   ရေးဆွဲဆောင်ရွက်တာနဲ့ ပြန်လည်ထူထောင်ရေးအပိုင်းမှာ အစောပိုင်းကာလ ပြန်လည်ထူထောင်ရေးနဲ့     ရေရှည်ပြန်လည် ထူထောင်ရေးတို့ ပါဝင်ပါတယ်။ 
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ မုန်တိုင်းသင့်ဒေသတွေက  အလွယ်တကူ ရွှေ့ပြောင်းနိုင်ရေးနဲ့   သန့်ရှင်းတဲ့  သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက်   တစ်နာရီ   ရေဂါလန် ၅၀၀ မှ ၈၀၀ အထိ  သန့်စင်ပေးနိုင်တဲ့    ရေသန့်စင် ကား ၁၀ စီးနဲ့ရေသယ်ယာဉ် ၂၈ စီးကို   ကြိုတင်ဖြန့်ခွဲ ထားခဲ့ပါတယ်။ 
ရေသန့်စင်စနစ် Life-Straw Community တွေ၊ Hygiene Kit(A)(B)၊ ကလိုရင်း Bleaching Powder၊ လီတာ ၂၀ ဆံ့ရေပုံးတွေကို ကြိုတင်ပြင်ဆင် ဖြန့်ဝေ ခဲ့ပါတယ်။ ကလိုရင်း ၄၀ ကီလိုဂရမ်ပုံး ၁၆၇ ပုံး၊ ရေသန့်ဆေးပြားဘူး ၄၀ ၊ Hygiene Kit(A) ပုံး ၂၀၀နဲ့ ၂၀ လီတာဆံ့ရေပုံး၂၀၀ ကို မုန်တိုင်းသင့်ဒေသ တွေကို    ဖြန့်ဝေနိုင်ရေး     အသင့်ပြင်ဆင်ထားရှိခဲ့ပါ တယ်။
အထွေထွေအုပ်ချုပ်ရေး    ဦးစီးဌာနအနေနဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း၊   ထောက်ပံ့ရေး ပစ္စည်းတွေကို       အသင့်ပြင်ဆင်ထားခဲ့ပါတယ်။ ငွေရေးကြေးရေးကြီးကြပ်    စစ်ဆေးရေးဦးစီးဌာန အနေနဲ့ လုပ်ငန်းဆောင်ရွက်ဖို့  လိုအပ်တဲ့ မတည် ချေးငွေရရှိရေးနဲ့လုပ်ငန်းလုပ်ကိုင်နိုင်ရေး အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေး နိုင်ရေး  စီမံထားခဲ့ပါတယ်။ ဒါ့အပြင် အသက်မွေးဝမ်း ကျောင်းသင်တန်းတွေ     ဖွင့်လှစ်ပေးနိုင်ဖို့    စက်မှု ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊    အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနဲ့   အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ကလည်း   ကြိုတင်စီမံထားရှိ ပါတယ်။
စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ နိုင်ငံတော် အရန်ဆန်တန်ချိန်တစ်သောင်း၊  ဆန်အိတ်နှစ်သိန်း ဝယ်ယူစုဆောင်းနိုင်ရေးအတွက်   ကြိုတင်တင်ပြ ဆောင်ရွက်ထားပါတယ်။
    သားငါးကဏ္ဍအနေနဲ့   ငါးသားပေါက်တွေ ကြိုတင်စုဆောင်းထားရှိတာ၊  သတိပေး နှိုးဆော်စာ တွေ    ထုတ်ပြန်တာ၊   မွေးမြူရေးကဏ္ဍအနေနဲ့ တိရစ္ဆာန်ရောဂါ     ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံတာ၊    ကာကွယ်ဆေးတွေ စုဆောင်းဖြန့်ဖြူးထားတာ၊    တိရစ္ဆာန်တွေကို ကုန်းမြင့်ရှိတဲ့နေရာတွေကို    ရွှေ့ပြောင်းနိုင်ရေး အသိပေးကြေညာတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
စိုက်ပျိုးရေးကဏ္ဍအနေနဲ့  မျိုးစပါးစုဆောင်း တာ၊ ဓာတ်မြေဩဇာ   စုဆောင်းထားရှိတာ၊    သီးနှံ သိုလှောင်ရုံတွေပြင်ဆင်ထားတာ၊ စိုက်ပျိုးထားရှိတဲ့ နွေစပါးတွေ အချိန်မီ ရိတ်သိမ်းနိုင်ရေး  နှိုးဆော်စာ ထုတ်ပြန်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။
သမဝါယမကဏ္ဍမှာ အသင်းသားတွေအတွက် လိုအပ်တဲ့အရင်းအနှီး၊ သွင်းအားစု၊   လုပ်ငန်းသုံး ပစ္စည်းတွေ    ထောက်ပံ့ပေးနိုင်ရေး  ချိတ်ဆက် ဆောင်ရွက်ပေးတာ၊  စိုက်ပျိုးရေးမှာ   လိုအပ်တဲ့ သဘာဝမြေဩဇာဖြန့်ဖြူးပေးနိုင်ရေး၊   လယ်ယာမြေ တွေ ထွန်ယက် ပေးရေး၊ သီးနှံရိတ်သိမ်းခြွေလှေ့မှုတွေ ဆောင်ရွက်နိုင်ရေး  ပြင်ဆင်ခဲ့ပါတယ်။
ဘေးအန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှုဦးစီးဌာန အနေနဲ့  ကယ်ဆယ်ရေးပစ္စည်းတွေကို  သတ်မှတ် အိမ်ထောင်စာ အရန်သိုလှောင်ထားရှိသလို အရေး ပေါ်တုံ့ပြန်ရေးပစ္စည်းတွေဖြစ်တဲ့ ဖိုက်ဘာစက်လှေ၊ အသက်ကယ်အင်္ကျီ၊ ဗောကွင်း၊ ကြိုးခွေ၊ ချိန်းဆော၊ မိုးကာတဲ၊ တာပေါ်လင်လိတ်၊ သွပ်၊ မီးစက် စတာ တွေကို   ကြိုတင်ဖြန့်ခွဲ     ထောက်ပံ့တာတွေ ဆောင်ရွက်ခဲ့ပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့အရေးပေါ် အခြေ အနေမှာ လိုအပ်တဲ့   စားနပ်ရိက္ခာခြောက်ဝယ်ယူ စုဆောင်းတာရှိသလို     သဘာဝဘေးအန္တရာယ် ကြုံတွေ့ရစဉ်  ရွှေ့ပြောင်းနေထိုင်ရာစခန်းတွေမှာ နေထိုင်ရရင် ကျား/မ ရေးရာအခြေပြု အကြမ်းဖက် မှုတွေ၊   လူကုန်ကူးခံရမှုတွေ ဖြစ်ပေါ်နိုင်တဲ့ အတွက်    ကြိုတင်အသိပညာပေးလုပ်ငန်းတွေ   ဆောင်ရွက် တာ၊ အမျိုးသမီးတွေအတွက်  လိုအပ်တဲ့ Diginity Kit တွေပံ့ပိုးတာတွေကို စီမံဆောင်ရွက်ခဲ့ပါတယ်။ 
မေး    ။    ။    မုန်တိုင်းဝင်ရောက်ပြီးနောက် ပြန်လည် 
            ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက် နေမှုကို သိလိုပါတယ်။
ဖြေ    ။    ။        စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့    ရခိုင် 
                ပြည်နယ်အတွက်  လာမယ့်   မိုးရာသီ စိုက်ပျိုးမယ့် မျိုးစပါးတင်း ၆၆၃၃၀   လိုအပ်လျက် ရှိရာ  အလှူရှင်တွေက လှူဒါန်းမယ့် မျိုးစပါးတင်း ၅၄၀၀ နဲ့ ပြင်ပမျိုးထုတ်လုပ်သူတွေက မျိုးစပါး တင်း ၆၀၉၃၀  ဝယ်ယူပြီး ရခိုင်ပြည်နယ်ကို ပေးပို့ နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို   တင်ပြတောင်းခံ ထားပါတယ်။
မွေးမြူရေးနှင့်    ကုသရေးဦးစီးဌာနအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ဧရာဝတီတိုင်းဒေသကြီး တို့ကနေ    ခိုင်းကျွဲတစ်ကောင်ငွေကျပ် ၁၅ သိန်းနဲ့ ၁၁၆ ကောင် ဝယ်ယူပြီး ရေကြောင်းနဲ့ပို့ဆောင်ဖို့ ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်မှာ တိရစ္ဆာန် ရောဂါကြိုတင်ကာကွယ်ရေးအတွက်  ကာကွယ် ဆေး ၁၀၀၀၉၉ ကောင်ထိုးနှံထားပြီး ကာကွယ်ဆေး၊ ကုသဆေးတွေလည်း ဖြန့်ဖြူးထားရှိပြီး ဖြစ်ပါတယ်။
အမျိုးသားသဘာဝဘေးအန္တရာယ်   ကြိုတင် ကာကွယ်ရေးအတွက် ၂၀၂၃−၂၀၂၄  ဘဏ္ဍာနှစ်မှာ ငွေကျပ်သန်း ၁၅၀ နဲ့  တိရစ္ဆာန်သုံးဆေးဝါး  ၁၃မျိုး တွဲပါ အတွဲ ၁၂၅၀၊ တိရစ္ဆာန်အစာအတွက် ငွေကျပ် သန်း ၁၀၀ ခွင့်ပြုထားပြီး တိရစ္ဆာန်အစာတန်ချိန် ၆၀ခန့် ဝယ်ယူစုဆောင်းရေး    ဆောင်ရွက်လျက် ရှိပါတယ်။
ရခိုင်ပြည်နယ်မှာ ပုစွန်သားပေါက်စခန်းသုံးခု ရှိပြီး   ဒီသားပေါက်စခန်းတွေက   ရေငန်ပုစွန် သားပေါက်ထုတ်လုပ်တဲ့     ရာသီချိန်   နိုဝင်ဘာမှ ဧပြီလအတွင်း သားဖောက်ပြီး    လိုအပ်ချက်အရ တောင်းခံလာပါက ပံ့ပိုးပေးသွားမှာ   ဖြစ်ပါတယ်။ 
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ သန့်ရှင်းတဲ့သောက်သုံးရေ ဖြန့်ဝေပေးနိုင်ဖို့ တစ်နာရီရေဂါလန် ၅၀၀ မှ ၈၀၀ အထိ သန့်စင်ပေး နိုင်တဲ့   ရေသန့်စင်ကားတွေကို စစ်တွေမြို့မှာ သုံးစီး၊ ရသေ့တောင်မှာ နှစ်စီးနဲ့ မင်းပြားမြို့နယ်မှာ တစ်စီး ရေသန့်စင်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေသယ်ယာဉ်တစ်စီးအပါအဝင် အခြား ဦးစီးဌာနအဖွဲ့အစည်းတွေက  ရေသယ်ယာဉ်တွေနဲ့ နေ့စဉ်ရေဖြန့်ဝေတာတွေကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။
နေပြည်တော်နဲ့   ဘားအံက   ရေသန့်စင်ကား နှစ်စီးကို မေ ၃၁  ရက်မှာ  ရန်ကုန်ကို ပို့ဆောင်ပြီး ရန်ကုန်က စစ်တွေကို ဇွန် ၅ ရက်မှာ Royal Venus ရေယာဉ်နဲ့ ပို့ဆောင်ပြီး ဖြစ်ပါတယ်။ သောက်သုံးရေ ဖြန့်ဝေခြင်းအနေနဲ့ ဇွန် ၆ ရက်အထိ ရခိုင်ပြည်နယ် မှာ ၄၇၃၀၆၉ ဂါလန် ဖြန့်ဝေပေးပြီး ဖြစ်ပါတယ်။ 
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ဆိုလာစနစ်နဲ့  ရွေ့လျားနိုင်တဲ့  ရေသန့်စင် စနစ်တွေကို ၁၀ စုံ ဆောင်ရွက်ပေးခဲ့ပြီး သုံးစုံက မေ ၃၁ ရက်ကစတင်ပြီး သောက်သုံးရေကန်တွေက ရေတွေကို သန့်စင်ပေးကာ ကျေးလက်နေပြည်သူ တွေထံ သန့်ရှင်းတဲ့ သောက်သုံးရေ ဖြန့်ဝေပေးလျက် ရှိပါတယ်။ ကျန်တဲ့ ခုနစ်စုံကလည်း   စစ်တွေမြို့ကို ရောက်ရှိနေပြီး ဇွန် ၆ ရက်မှာ စမ်းသပ်ပေးဝေလျက် ရှိပါတယ်။
    နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်ခံစားရသော ပြည်သူတွေအတွက် မှာယူထားတဲ့ ဆိုလာစနစ်ရွေ့လျားရေသန့်စင်စနစ် ၁၀ စုံကို ဇွန် ၆ ရက်မှာ လေယာဉ်နဲ့ နေပြည်တော်က စစ်တွေမြို့ကို ပို့ဆောင်ပေးထားပြီး ဖြစ်ပါတယ်။
Life Straw Community ရေသန့်စင်ပုံးတွေကို ယနေ့အထိ စစ်တွေမှာ အလုံး ၃၀၊ ပေါက်တောမှာ ၁၉ လုံး၊ ရသေ့တောင်မှာ ၄၁ လုံး၊ ပုဏ္ဏားကျွန်းမှာ ၁၅ လုံး၊ ကျောက်တော်မှာ ၁၅ လုံး၊  မြောက်ဦးမှာ ၁၅ လုံး၊ မင်းပြား ၁၅ လုံး၊  မြေပုံမှာ ၁၀ လုံးနဲ့  ဖြန့်ဝေပေးပြီး    ဖြစ်ပါတယ်။
World Vision က လှူဒါန်းတဲ့ Life Straw with Gravity Bag ၃၀ ပါ  ၁၇ လုံး၊   ရေသန့်စင်ဆေးပြား တစ်ဘူး  ၁၆၀၀၀ ပါဝင်တဲ့ ဘူး ၁၀၀ ၊ Hygiene Kit-A  (ထောက်ပံ့ရေးပစ္စည်း ၁၁ မျိုး  ပါဝင်တဲ့)ဘူး ၃၀၀၊ ကလိုရင်း ၄၀ ကီလိုဂရမ်ပါပုံး ၅၀၀ ၊  ၂၀ လီတာ ဆံ့ရေပုံး ၃၀၀ ကို ရခိုင်ပြည်နယ်ကို  ဖြန့်ခွဲပေးပို့ ထားပါတယ်။
    ရခိုင်ပြည်နယ် ၁၀ မြို့နယ်မှာ မုန်တိုင်းကြောင့် မြေသားရေကန် ရေငန်ဝင်ရောက်မှု  ၂၂၂ ခု ဖြစ်ပေါ် ခဲ့ပါတယ်။ အခု ၁၇၉ ခု ရေငန်စုပ်ထုတ်ဆောင်ရွက် ပြီးစီးပြီ ဖြစ်ပါတယ်။ 
မကွေးတိုင်းဒေသကြီး  စလင်းမြို့နယ်   နွယ် တစ်မယ် ချောင်းရေကြီးမှုကြောင့် ကျေးရွာပေါင်း ၄၃ ရွာမှာ အသုံးပြုနေတဲ့ လက်တူးတွင်း ၆၄ တွင်း၊   တုံကင်တွင်း  ၁၅၄၀ ကို  သက်ဆိုင်ရာ     ကျေးရွာ အုပ်ချုပ်ရေးမှူး၊       ကျန်းမာရေးဦးစီးဌာနတို့နဲ့   ပူးပေါင်းပြီး ရေသန့်စင်ဆေးပြားကတ် ၃၂၀၀၊ ကလို ရင်းဆေးခတ်ခြင်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။
မန္တလေးတိုင်း​ဒေသကြီး    ညောင်ဦးမြို့နယ် စက်စက်ယိုရေပိုက်လိုင်းမှ      ကျေးရွာ ၂၁ ရွာ ရေဖြန့်ဝေပေးနေတဲ့ ကန်တိမ်ရေစက်ရုံ   လေပြင်း တိုက်ခတ်ပြီး  အမိုးပိုင်းတစ်ခြမ်းနဲ့   Transformer ခြံစည်းရိုးတိုင်ငါးတိုင် ပျက်စီးခဲ့မှုကို ပြင်ဆင်ခဲ့ရာမှာ ၆၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပါတယ်။
    ဒါ့အပြင် ကျွန်တော်တို့  ဦးစီးဌာနပိုင် ရန်ကုန် တိုင်းဒေသကြီးက (၅၁)သိုလှောင်ရုံမှာ သိုလှောင် ထားရှိတဲ့ ၁၆၀၀၀ ပါ ရေသန့်စင်ဆေးပြားဘူး ၄၀၊ ကလိုရင်း ၄၀ ကီလိုဂရမ်ပုံး ၁၆၇ ပုံး၊  Hygiene Kit (A)ပုံး ၂၀၀နှင့် ၂၀ လီတာဆံ့ရေပုံး ၂၀၀ ကို  မုန်တိုင်း သင့်ဒေသတွေကို ဖြန့်ဝေနိုင်ရေး အသင့်ပြင်ဆင် ထားရှိတယ်ဆိုတာ ပြောကြားလိုပါတယ်။     ။