
မန္တလေး နိုဝင်ဘာ ၄
မွန်ပြည်နယ် သထုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ အခမဲ့ ဖွင့်လှစ် သည့် အခြေခံအပ်ချုပ်စက် သင်တန်းကို နိုဝင်ဘာ ၁ ရက်က သရက်တောကျေးရွာ မူလတန်း (လွန်)ကျောင်း၌ ဖွင့်လှစ်သည်။
အခမ်းအနားတွင် ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမိုးဝင်းက သင်တန်းဖွင့် အမှာစကားပြော ကြားပြီး မြို့နယ်ဦးစီးမှူး ဦးမြင့် နိုင်ဦးက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းစဉ် တစ်ခု ဖြစ်သည့် ကျေးလက်နေပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိစေရေး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ် ကိုင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကာ သင်တန်းများ ဖွင့်လှစ်ပေးလျက် ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ခင်စန်းယုက သင်တန်းသူများအား သင်ထောက် ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးဝင်း(ကျေးလက်)