အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေး

 

နေပြည်တော်   မေ   ၁၁


အလယ်ပိုင်းတိုင်း   စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များရှိ  အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား   ကာကွယ် ဆေးထိုးနှံ/ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင်    တိုင်းစစ် ဌာနချုပ်     အားကစားခန်းမ၌ ပြုလုပ်ရာ    တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက    သွားရောက် ကြည့်ရှုအားပေးသည်။

 


မွေးကင်းစမှ  အသက်တစ်နှစ်ခွဲ အောက် ကလေးငယ် ၁၈၀ တို့ကို နယ်မြေခံ   တပ်မတော်ဆေးရုံမှ ပါရဂူများနှင့်     ဆေးမှူးများက ဆုံဆို့၊    ကြက်ညှာ၊     မေးခိုင်၊ အသည်းရောင်အသားဝါ    (ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ် ကာကွယ်ဆေးနှင့်    ပြင်းထန် အဆုတ်ရောင်    ကာကွယ်ဆေး၊ ပိုလီယို  ကာကွယ်ဆေးများကို ထိုးနှံ    တိုက်ကျွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်