
လာဆာ မေ ၂၄
အသက် ၇၀ အရွယ် တရုတ်တောင်တက်သမား တစ်ဦးဖြစ်သည့် ဝမ်ကျန်းသည် ချိုမိုလန်းမား တောင်ထိပ် (ဧဝရက်တောင်ထိပ်) သို့ မေ ၂၁ ရက်က အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပြီး အဆိုပါ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်သည့် အသက်အကြီးဆုံး တရုတ်နိုင်ငံသား တောင်တက် သမားတစ်ဦးဖြစ်လာခဲ့ကြောင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီစန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တောင်တက်အဖွဲ့က ပြောကြားသည်။
ဝမ်နှင့် ၎င်း၏တောင်တက်အဖွဲ့သည် မေ ၂၃ ရက်က မီတာ ၅၂၀၀ အကွာရှိ အခြေစိုက်စခန်းသို့ ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်။
ဝမ်သည် တရုတ်နိုင်ငံ၏ မျိုးရိုးဗီဇကုမ္ပဏီကြီး ဘီဂျီအိုင်အုပ်စု၏ ဒါရိုက်တာဘုတ်အဖွဲ့ ပူးတွဲ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည်။ ၎င်းသည် ၂၀၁၀ ပြည့်နှစ် မေလတွင် အဆိုပါတောင်ထိပ်သို့ တောင်ဘက် တောင်တက်လမ်းကြောင်းမှ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပြီးနောက် ယခု အကြိမ်သည် ဒုတိယအကြိမ် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
၎င်း၏ ဘီဂျီအိုင်တောင်တက်အဖွဲ့သည် ယခုနှစ် ဧပြီ ၁၈ ရက်က ဧဝရက်တောင်တက် အခြေစိုက်စခန်းသို့ရောက်ရှိခဲ့ပြီး မြောက်ဘက် တောင်တက်လမ်းကြောင်းမှ တက်ရောက် အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ