အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများ ကြည့်ရှုအားပေး

မန္တလေး   အောက်တိုဘာ   ၁၈


မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမောင်ကိုသည်    တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တာဝန် ရှိသူများနှင့်အတူ အသက် ၁၂  နှစ်ပြည့်ပြီးသည့်     အခြေခံပညာအလယ်တန်း၊  အထက်တန်းအဆင့်  ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး (ပထမအကြိမ်)  ထိုးနှံပေးနေသည့် အမှတ်(၈)နှင့် အမှတ်(၁၆) အခြေခံပညာ  အထက် တန်းကျောင်းများသို့  ယနေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှုကာ (ယာပုံ) ကျောင်းသား ကျောင်းသူများနှင့်     မိဘများကို     ရင်းရင်းနှီးနှီး   နှုတ်ဆက်အားပေး စကားပြောကြားသည်။ 


အကျိုးကျေးဇူးများရရှိ

တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား ကျောင်းသူများ၊ ၎င်းတို့၏မိဘများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အခြားသောနိုင်ငံများတွင်လည်း  အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများအား ထိုးနှံပေး လျက်ရှိကြောင်း၊     ကာကွယ်ဆေးထိုးခြင်းဖြင့် အကျိုးကျေးဇူးများရရှိသည့်အပြင်  ပညာသင်ယူခွင့်  အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်း၊    ယခုထိုးနှံ ပေးသည့် Sinovac အမျိုးအစားကာကွယ်ဆေးမှာ  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက    အသိအမှတ်ပြု ထားသည့်  ဆေးဖြစ်ကြောင်း၊  အကြောင်းအမျိုးမျိုး ကြောင့်    ကာကွယ်ဆေး     မထိုးနှံလိုက်ရသည့် ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထိုးပြီးပါက ကျောင်းများပြန်ဖွင့်မည်ဖြစ်၍ မိမိတို့၏ သားသမီးများကာကွယ်ဆေးထိုးနှံရာတွင် မိဘများ က ပူးပေါင်းပါဝင်ရန်လိုကြောင်း ပြောကြားသည်။


ယင်းနောက် ကာကွယ်ဆေးမထိုးမီ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးနေမှုများ၊ ဆေးထိုးနှံပေးနေမှုများ၊ စာရင်းသွင်းနေမှုများကို လိုက်လံကြည့်ရှုပြီး ဆေးထိုးနှံ ရန်  ပူးပေါင်းဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများ၊   ပညာရေးဝန်ထမ်းများ၊   စေတနာ့ ဝန်ထမ်းများနှင့်    သက်ဆိုင်ရာဌာနမှ  တာဝန်ရှိသူများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ 


ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို  ဦးတည်အုပ်စုများသတ်မှတ်ပြီး ဦးစားပေးထိုးနှံပေးလျက်ရှိရာ အခြေခံပညာ အလယ် တန်း၊ အထက်တန်းအဆင့် အသက် ၁၂ နှစ်နှင့်အထက် ပညာသင်ယူနေသော ကျောင်းသား ကျောင်းသူများ ပါဝင်ပြီး    မိဘများ၏   ခွင့်ပြုချက်ရယူပြီးမှသာ ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊   ပထမအကြိမ် ထိုးနှံရက်မှစ၍ ၂၁ ရက်မှ ၂၈ ရက်အတွင်း  ဒုတိယ  အကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊  ဦးတည် အုပ်စုအလိုက်  ကာကွယ်ဆေးများထိုးနှံခြင်းဖြင့်  ကာကွယ်ဆေးထိုး  လွှမ်းခြုံမှုများမြင့်မားလာပြီး ရောဂါဖြစ်ပွားမှုကို   တားဆီးကာကွယ်နိုင်မည်ဖြစ် ကြောင်း၊   ဒေသတွင်းနိုင်ငံများဖြစ်သော  တရုတ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့တွင်လည်း ကျောင်းနေအရွယ်ကလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ   ထိုးနှံပေးနေ ကြောင်း သတင်းရရှိသည်။            

     သတင်းစဉ်