အသိပညာတိုးတက်ရေးနဲ့ လူတိုင်းလက်လှမ်းမီသော ဘက်စုံပညာရေးဆီသို့ . . .

Type
1

 

မေဦးမိုး

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားပီသဖို့ အရေးကြီးဆုံးအရည်အချင်းက ဉာဏ်အမြော်အမြင် (Intelligence) ဖြစ်ပါတယ်။ ဉာဏ်အမြော်အမြင်ဆိုတာ အခြေခံပညာနဲ့ ဗဟုသုတအတွေ့အကြုံတွေ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ပညာတတ်မှသာ လူတစ်ဦးချင်း ဂုဏ်သိက္ခာကို မြင့်မားစေသလို ပညာတတ်တွေ ပေါများတဲ့ နိုင်ငံကသာ ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ဆုံးဖြတ်နိုင်ခြင်း၊ ထွန်းလင်းတောက်ပနိုင်ခြင်းတွေနဲ့ ပြည့်စုံမှာ ဖြစ်ပါတယ်။

မိမိတို့နိုင်ငံက အရေးပေါ်အခြေအနေ ကာလ တစ်ရပ်ကို ဖြတ်သန်းနေပြီး နိုင်ငံတော်အစိုးရအနေနဲ့ အခြေအနေနဲ့  အချိန်အခါအလိုက်  လိုက်လျော ညီထွေဖြစ်အောင် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာတွေမှာ   အစဉ်တစိုက်   ဆောင်ရွက်လျက် ရှိပါတယ်။ တခြားအရေးကိစ္စများနည်းတူ နိုင်ငံသား တွေအားလုံး အသိပညာ၊ အတတ်ပညာ တိုးတက် ရေးကို      ချန်လှပ်မထားဘဲ    အားသွန်ကြိုးပမ်း ဖြည့်ဆည်းနေခြင်းရဲ့        အဓိကအကြောင်းရင်း ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ     အဲဒီစနစ်ကို အကောင်အထည်ဖော်မယ့်သူ၊   ဦးဆောင်မယ့်သူ၊ လိုက်နာကျင့်သုံးကြမယ့်သူတွေအားလုံး အသိပညာ၊ အတတ်ပညာများ ပြည့်ဝစေဖို့ ရည်ရွယ်ခြင်းပါ။
ပြည်သူအားလုံးစာတတ်မြောက်စေလို
ပညာရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၁ ရက် နေ့မှာကျင်းပတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး  (၃/၂၀၂၃)  တွင်     “မိမိအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်ရန် အမြဲမပြတ် တိုက်တွန်းအားပေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ တိုင်းရင်း သားပြည်သူအားလုံး       စာတတ်မြောက်ရန်နှင့် အတန်းပညာများ   တတ်မြောက်ရန်လိုကြောင်း” အလေးအနက်     ထည့်သွင်းပြောကြားခဲ့ပါတယ်။
စင်စစ်အားဖြင့်   မြန်မာနိုင်ငံက  စာမတတ်သူ ပပျောက်ရေးလှုပ်ရှားမှုတွေကို      ၁၉၆၄   ခုနှစ် ကတည်းက   စတင်ဆောင်ရွက်ခဲ့တဲ့နိုင်ငံ   ဖြစ်ပါ တယ်။    အစဉ်တစိုက်   ဆောင်ရွက်ပေးခဲ့ကြတဲ့ နိုင်ငံတော်အစိုးရများနဲ့ ဆရာများရဲ့ကျေးဇူးကြောင့် မြန်မာနိုင်ငံရဲ့ စာတတ်မြောက်နှုန်းက ၁၉၀၁ ခုနှစ် မှာ ၂၈ ရာခိုင်နှုန်းရှိခဲ့ရာကနေ လွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ်မှာ ၃၅ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်မှာ ၉၄ ဒသမ ၄၅ ရာခိုင်နှုန်းကို ရောက်ရှိလာခဲ့ပါတယ်။ သို့သော်လည်း   ၂၀၁၄ ခုနှစ်က   ကောက်ခံခဲ့တဲ့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်တွေအရ အသက် ၁၅ နှစ်နဲ့အထက် စာမတတ်သူဦးရေ   ၃ ဒသမ ၅ သန်း   ရှိသလို အကြောင်းအမျိုးမျိုးနဲ့ မူလတန်းမပြီးဆုံးသူတွေက  ၂ ဒသမ ၇ သန်း ရှိနေတာတွေက စာတတ်မြောက်မှု လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင် သွားဖို့ လိုအပ်နေသေးတာကို မီးမောင်းထိုးပြထား သလိုပါပဲ။
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကြည့်မယ် ဆိုရင်    ကျေးလက်ဒေသတွေမှာ   အခြေခံပညာ အလယ်တန်းကျောင်း ၁၃၈၇၉ ကျောင်းနဲ့ မူလတန်း ကျောင်း ၂၁၅၅၀၊   မြို့ပေါ်တွေမှာ   အခြေခံပညာ အလယ်တန်းကျောင်း ၁၆၂၆ ကျောင်းနဲ့ မူလတန်း ကျောင်း ၃၃၁၈ ကျောင်းရှိတာကို စာရင်းဇယားတွေ အရ  တွေ့ရှိရပါတယ်။  နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျေးလက်မှာ   အခြေခံပညာကျောင်းတွေ   ပိုမို ဖွင့်လှစ်ပေးနိုင်တယ်လို့   ဆိုရမှာပါ။    သို့ပေမယ့် ကျေးလက်တွေမှာ    မြို့ပြထက်    ကျောင်းနေသူ ရာခိုင်နှုန်းနည်းပါးတာ၊ ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားကြတာတွေအပြင် တိုင်းရင်းသားဒေသ တွေဆိုရင်  ဘာသာစကားအခက်အခဲ၊   ပညာရေး အားပေးမှုနည်းပါးတာနဲ့ အဖျက်သမားတွေကြောင့် ပညာသင်ယူမှုအဟန့်အတား     စတဲ့အခက်အခဲ ပေါင်းစုံက   ကလေးတွေရဲ့   ပညာသင်ယူနိုင်မှုကို စိန်ခေါ်လျက်ရှိပါတယ်။
အစိုးရအနေနဲ့     အသက်   ၁၅  နှစ်အထက် စာမတတ်သူတွေကို    နှစ်အလိုက်   လျှော့ချနိုင်ဖို့ အမျိုးသားပညာရေးအထူးစီမံကိန်းတွေမှာ ထည့်သွင်း ရေးဆွဲထားပြီး အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) မှာ  ကျောင်းပြင်ပရောက် ကလေးငယ်တွေအတွက် ကျောင်းပြင်ပမူလတန်း ပညာရေးနဲ့ ကျောင်းပြင်ပအလယ်တန်းပညာရေး လုပ်ငန်းတွေပါ       တိုးချဲ့ဆောင်ရွက်နေပါတယ်။ စာမတတ်သူတွေအတွက် အခြေခံစာတတ်မြောက် ရေး အစီအစဉ်တွေကိုလည်း ချမှတ်ပြီး နှစ်အလိုက် ဆောင်ရွက်ခဲ့ပါတယ်။ အမျိုးသားပညာရေးဥပဒေ (၂၀၁၄) မှာလည်း  အခြေခံပညာရေးကို   ဦးတည် ဆောင်ရွက်ရန်နဲ့   အဆင့်ဆင့်  တိုးချဲ့ဆောင်ရွက်ဖို့ ပြဋ္ဌာန်းထားပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်က    “ကျောင်းပြင်ပ ပညာရေးဖြင့်   မူလတန်းပညာ     KG + 5 အထိ သင်ကြားပေးနိုင်ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၄ ခုနှစ်တွင် လက်တွေ့ဆောင်ရွက်အောင်မြင်ခဲ့ သည့် သာဓကရှိကြောင်း၊ ၎င်းမှတစ်ဆင့် KG + 9 ကို   သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊    ထိုသို့ ဆောင်ရွက်နိုင်ရေး တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့၏ ပညာရည် မြင့်မားရေးမျှော်မှန်းချက်တွင် အဆိုပါအချက်ကို     ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၃) မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
နိုင်ငံတကာပညာရေးစနစ်ပြောင်းလဲကျင့်သုံး
ယခုအခါ ပညာရေးစနစ်ကို (KG+10)အခြေခံ ပညာရေးစနစ်ပုံစံကနေ  (KG+12)    စနစ်ဖြစ်တဲ့  နိုင်ငံတကာပညာရေးစနစ်ကို  ပြောင်းလဲကျင့်သုံး နေပါပြီ။     မိမိကိုယ်ကို    အားကိုးရပ်တည်ပြီး အသိပညာ၊ ဗဟုသုတ၊ သုတေသန ဖွံ့ဖြိုးတိုးတက် စေမယ့် ခေတ်မီထိရောက်တဲ့   ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲထားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
အသစ်ထပ်မံချမှတ်ထားတဲ့         နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက်  (၉)  ရပ်၊ လူမှုရေးဦးတည်ချက် ပထမအချက်မှာ “တစ်နိုင်ငံ လုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက် စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာ ရှင်များ   ထွန်းကားလာစေရေးအတွက်   လူတိုင်း လက်လှမ်းမီသည့်        ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ကို ထည့်သွင်း ချမှတ်ထားပြီး ကုန်ထုတ်လုပ်မှုကို အထောက်အကူ ပြုတဲ့ ပညာသင်ကြားမှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အထောက်အကူပြုစေမယ့်  ပညာသင်ကြားမှုတွေ ကိုလည်း တစ်ပါတည်း ပေါင်းစပ်သင်ကြားပေးနိုင်ဖို့ ဆောင်ရွက်နေတာကို မြင်တွေ့ရပါတယ်။
နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်များကို     စတင်ထမ်းဆောင်ချိန် မှာ  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက် အသိ ပညာရှင်၊ အတတ်ပညာရှင်နဲ့ ကျွမ်းကျင်သူတွေကို မွေးထုတ်ပေးနိုင်မယ့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနဲ့ အခြေခံပညာ၊ သက်မွေးပညာကျောင်းတွေ တိုးချဲ့ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ခဲ့သလို  အလယ်တန်းနဲ့ အထက်တန်း        သင်ယူပြီးမြောက်မှုမှတစ်ဆင့် အသက်မွေးဝမ်းကျောင်းဘာသာရပ်များ ဆက်လက် လေ့လာသင်ယူနိုင်စေရေးအတွက် ပညာရေးအစီအမံ တွေကိုလည်း ချမှတ်ခဲ့တာကို မြင်တွေ့ရပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး  အကျိုးပြုနိုင်ဖို့နဲ့ ဥပဒေ အခြေခံကို လက်တွေ့ကျကျသိရှိနိုင်ဖို့  L.L.B ဘွဲ့ အပြင် B.A (Law) ဘွဲ့ကို တက်ရောက်နိုင်ဖို့ စီစဉ် နေပြီ ဖြစ်ပါတယ်။
လူတိုင်းပညာသင်ယူခွင့်ရှိ
နိုင်ငံတော်ကနေ ပညာရေးကဏ္ဍအဆင့်မြှင့်တင် ဖို့နဲ့ စာတတ်မြောက်ဖို့အတွက်  မူဝါဒတွေချမှတ်ပြီး ကြိုးပမ်းအားထုတ်နေရုံ    လက်ကမ်းကြိုနေရုံနဲ့ ပညာရေးမြင့်မားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Education For   All     လူတိုင်းပညာသင်ယူခွင့်ရှိတာနဲ့အညီ မိဘတိုင်းက ကလေးတိုင်းကို အခမဲ့ပညာရေးဖြစ်တဲ့ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့်တွေ ပြီးမြောက်အောင် ကျားကန်ပေးတာ၊ ဆရာတိုင်း ကလည်း ပြောင်းလဲလာတဲ့ သင်ရိုးညွှန်းတမ်းတွေကို အမြဲမပြတ် ဆည်းပူးလေ့လာဖြည့်ဆည်းပြီး စနစ် တကျ လေ့ကျင့်သင်ကြားပေးတာ၊ ပညာရေးကဏ္ဍ အခြေခံအဆောက်အဦတွေကို ဖြည့်တင်းပေးတာ၊ သင်ယူသူ ကျောင်းသား ကျောင်းသူတွေကိုယ်တိုင် ကလည်း အပတ်တကုတ် ကြိုးစားပြီး လက်လှမ်းယူ ကြဖို့ လိုအပ်ပါသေးတယ်။ ထို့အတူ ပြောင်းလဲလာတဲ့ ပညာရေးနဲ့ သက်မွေးပေါင်းကူးပညာရေးစနစ်ကို သဘောပေါက်ပြီး ဝါသနာပါရာ၊ မိမိအခြေအနေနဲ့ ကိုက်ညီရာ ပညာရပ်တွေကို စနစ်တကျလေ့လာ ကြဖို့ တိုက်တွန်းပါတယ်။
ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ပညာတတ်မြောက် မှုက   အလွန်အရေးကြီးပါတယ်။   အထူးသဖြင့် မိမိတို့နိုင်ငံရဲ့ လူဦးရေ သုံးပုံတစ်ပုံက လူငယ်တွေ ဖြစ်ကြပြီး   လူငယ်တွေ   ပညာတတ်မြောက်မှု မြင့်မားမှသာ တိုင်းပြည်အနာဂတ်က ဖွံ့ဖြိုးသာယာ မှာပါ။    နယ်လ်ဆင်မန်ဒဲလားက   “ပညာရေးဟာ ကမ္ဘာကို ပြောင်းလဲရာမှာသုံးဖို့ အင်အားအကြီးမား ဆုံး လက်နက်” လို့ ဆိုပါတယ်။ ပညာတတ်မြောက် မှသာ အနာဂတ်နဲ့ တည်ငြိမ်တဲ့ဘဝအတွက် အာမခံ ချက် ရှိလာမှာဖြစ်သလို မိမိစိတ်ကူးအိပ်မက်တွေနဲ့ မိမိတို့ရဲ့မျိုးဆက်ကို ပိုမိုကောင်းမွန်တဲ့ အနာဂတ် တွေ ဖန်တီးနိုင်မှာဖြစ်တယ်လို့ တိုက်တွန်းလိုက်ရ ပါတော့တယ်။      ။